အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် နောက်ခံလူ ဂါဘရီရယ်ရဲ့ကြံ့ခိုင်မှုအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဘရာဇီးသားဟာ ပြီးခဲ့တဲ့စပို့တင်းကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အစောပိုင်းမှာတင် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက နည်းစနစ်ပိုင်းထက် ဒဏ်ရာရနေတာကြောင့် ဂါဘရီရယ်ကို လူစားလဲခဲ့ရတာလို့ အတည်ပြုခဲ့ပါတယ်။
“ကျွန်တော်တို့ သူ့ကိုလူစားလဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူအနည်းငယ်အဆင်မပြေတာကြောင့်ပါ။ ကျွန်တော်တို့ စတာလင်ကို လူစားလဲမလို့လုပ်နေတာပါ။ ဒါပေမယ့် သူ့အစား ခီဗီယောကိုသာ ထည့်ခဲ့ရပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
ဂါဘရီရယ်ဟာ ဒီရာသီ အာဆင်နယ်ရဲ့အရေးပါတဲ့နောက်ခံလူတစ်ဦးဖြစ်လာနေပြီး ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်းပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုအပတ်ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ “အများကြီးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နောက်ထပ်လေ့ကျင့်ခန်းအစီအစဉ်ရှိနေပါသေးတယ်။ ကောင်လေးတွေဘယ်လိုအခြေအနေလဲဆိုတာ ကြည့်ရပါဦးမယ်။
အနည်းငယ်တော့ လေ့ကျင့်ခန်းမဆင်းနိုင်ပါဘူး။ ဒါပေမယ့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ”လို့ အာတီတာက ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် ပြောကြားခဲ့ပါတယ်။
ဂါဘရီရယ်မပါဝင်နိုင်ခဲ့ရင် ခီဗီယောက သူ့နေရာမှာ အစားဝင်ဖွယ်ရှိနေကာ လက်ရှိမှာ တိုမီယာဆု နဲ့ ဘင်ဝှိုက်တို့ ဒူးဒဏ်ရာရရှိနေတာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ အာဆင်နယ်အနေနဲ့ လာမယ့်လန်ဒန်ဒါဘီပွဲမှာ တီယာနေးကို ပွဲထုတ်ဖွယ်ရှိနေပြီး စပို့တင်းနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ အသင်းနဲ့အတူ လိုက်ပါခဲ့တာဖြစ်ပါတယ်။