ဥရောပ အောင်မြင်မှု တွေနဲ့ ဝေးကွာနေတဲ့ PSG အသင်းကို သတိပေး စကား ပြောကြားလိုက်တဲ့ အမ်ဘက်ပီ

PSG နဲ့ ပြင်သစ် လက်ရွေးစင် အသင်း တို့ရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ကိုင်လီယံ အမ်ဘက်ပီ က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အသည်းကွဲ ခဲ့ရတာကို ပြန်လည် တုန့်ပြန် နိုင်ဖို့ အတွက် လက်ရှိ အပြောင်းအရွှေ့ ဈေးကွက် ထဲမှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်ကြောင်း လီဂူးဝမ်း ချန်ပီယံကို သတိပေး သွားခဲ့လိုက် ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်း ရဲ့ တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ အမ်ဘက်ပီဟာ ပြီးခဲ့တဲ့လတုန်းက ချန်ပီယံလိဂ် ဖိုင်နယ် မှာ ဂျာမန် ဘီလူကြီး ဘိုင်ယန် မြူးနစ် ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ PSG အသင်း အတွက် ပွဲချိန်ပြည့် ကစားခွင့် ရရှိ ထားခဲ့သူပဲ ဖြစ်ပါတယ် ။

myan789

အခုတော့ အားထားရတဲ့ အသင်းဖော် တိုက်စစ် ကစားသမား ဖြစ်သူ နေမာဟာ ပြင်သစ် မြေမှာပဲ နောက် တစ်ရာသီ အနည်းဆုံး ဆက်လက် ရှိနေမယ်လို့ ဖွင့်ဟ ပြောကြား ခဲ့တဲ့နောက် အမ်ဘက်ပီ ကလည်း အသင်း အနေ နဲ့ ဆုဖလား တွေကို စိန်ခေါ် နိုင်ဖို့ ကစားသမား အင်အား ဖြည့်တင်း ရမယ်လို့ ပြောကြား ခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်လိမ့်မယ် ဆိုတာ နဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အပေါင်း လက္ခဏာ ဆောင်တဲ့ အတွေး တွေပဲ ရှိပါတယ် ။ ကျွန်တော်တို့ မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိရ ပါ့မယ် ။ အကယ်လို့ ကျွန်တော်တို့ ကိုယ်တိုင်မှ မိမိ အပေါ် ယုံကြည်မှု မရှိ ကြဘူး ဆိုရင် အခြားသူ တွေက ကျွန်တော်တို့ကို ဘယ်လိုလုပ် ယုံကြည် ပေးတော့မလဲဗျာ ”

” ဒါဟာ ဘောလုံး အားကစား ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဒါကို ကျော်လွှား နိုင်ဖို့ လိုအပ် ပါတယ် ။ အသင်း အတော် များများက ဖိုင်နယ်မှာ ရှုံးနိမ့်ပြီး နောက် တစ်နှစ် ကျတော့ ဒီဖလားကို ပြန်လည် ဆွတ်ခူး နိုင်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူး ပါတယ် ။ တစ်ကယ်တော့ PSG အသင်းက ဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့တာပါ ”

” ကျွန်တော်တို့ အရင် တုန်းက ဆိုရင် ကွာတား ဖိုင်နယ် အဆင့်က လှည့်ပြန်ခဲ့ ရတယ်လေ ။ အခုတော့ အဲ့ဒီလို မှတ်တမ်းဆိုး တွေကို ကျွန်တော်တို့ ချိုးဖျက် နိုင်ခဲ့ကြ ပါပြီ ။ ကျွန်တော်တို့ အခုတော့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တွေကို လုပ်ဆောင်ရမယ် ၊ ကစားသမားသစ် ခေါ်ယူမှု တွေကို လုပ်ဆောင်ရပါ လိမ့်မယ် ”

” ကျွန်တော်တို့ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တွေကို လုပ်ဆောင်ရင်း ရှေ့ဆက် ကြဖို့ မျှော်လင့် နေပါတယ် ။ အဲ့တာမှ ကျွန်တော်တို့ တွေဟာ ဘောလုံး ရာသီ အသစ်မှာ ရည်မှန်း ထားတဲ့ အရာ တွေကို ပိုကောင်းအောင် လုပ်ဆောင် နိုင်ဖို့ အင်အား ရရှိ ကြမှာပါ ” လို့ အမ်ဘက်ပီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒီနွေ အပြောင်းအရွှေ့ မှာတော့ ဘာစီလိုနာ အသင်းမှ လီယွန်နယ် မက်ဆီဟာ အသင်း ပြောင်းမယ်လို့ သတင်းကြီး ခဲ့စဉ် တုန်းက PSG အသင်းမှ သူ့ကို ခေါ်ယူ လိမ်မယ်လို့ အသံထွက်ခဲ့ပါ သေးတယ် ။ ဒါပေမယ့် အဆုံးသတ်မှာတော့ မက်ဆီဟာ ကတ်တလန် မြေမှာပဲ ဆက်လက် ရှိနေဖို့ ဆုံးဖြတ်ချက် ချမှတ် ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ PSG အသင်းဟာ ညာ ခံစစ်ပိုင်း ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် အာဆင်နယ် အသင်း မှ ဟတ်တာ ဘယ်လာရင် ကို ပစ်မှတ် ထားနေ ခဲ့ပြီး အသင်း မှ ထွက်ခွာ သွားခဲ့တဲ့ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ရဲ့ နေရာ ကိုလည်း အင်အား ဖြည့်တင်း နိုင်ဖို့ ကြံရွယ် နေခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular