ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် ကောလဟာလ သတင်းတွေ များစွာ ထွက်ပေါ် နေခဲ့တဲ့ သူ့ရဲ့ အနာဂတ် အကြောင်း ဖွင့်ပြောလိုက်တဲ့ ကော်တင်ဟို

ဘာစီလိုနာ အသင်း ကနေ ဂျာမန် မြေကို တစ်ရာသီ အတွက် အငှား သွားရောက် ကစား ခဲ့တဲ့ ကွင်းလယ် ဖန်တီးရှင် ကစား သမား ဖြစ်သူ ဖိလစ်ပီ ကော်တင်ဟိုဟာ ဒီနေ့ မနက် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် ကစားပြီးတဲ့နောက် ဘိုင်ယန် မြူးနစ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး သွားခဲ့ရ ပါပြီ ။

ကော်တင်ဟိုဟာ အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် 68 မိနစ် မှာတော့ အသင်းဖော် ဂနာဘရီ ရဲ့ နေရာမှာ လူစားဝင် ကစားခွင့် ရရှိ ခဲ့ပြီး အဆုံးသတ် မှာတော့ ဘိုင်ယန် မြူးနစ် 1 – 0 PSG ဆိုတဲ့ အနိုင် ရလဒ် နဲ့ အတူ ဥရောပ ချန်ပီယံ အဖြစ် နဲ့ အောင်ပွဲဆင် နိုင်ခဲ့ ပါတယ် ။

myan789

ဒါဟာ ကော်တင်ဟို အတွက်တော့ ချန်ပီယံလိဂ် ချန်ပီယံဆိုတဲ့ ဆု တံဆိပ် ကို ပထမဆုံး အကြိမ် အဖြစ် ဆွတ်ခူး နိုင်ခြင်း ဖြစ်ခဲ့ရ ပါတယ် ။ သူဟာ ဘိုင်ယန် မြူးနစ် အသင်းမှာ ရှိနေ ခဲ့တဲ့ တစ်နှစ်တာ အချိန် ကာလ အတွင်း 38 ကြိမ် ပါဝင် ကစားခွင့် ရရှိ ခဲ့ပြီး 11 ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။

အခုတော့ သူဟာ အငှား စာချုပ် ကုန်ဆုံး သွားခဲ့တဲ့ အတွက် ကတ်တလန် မြေကို ပြန်ရပါ တော့မယ် ။ အခြား တစ်ဖက် မှာ ဘာစီလိုနာ အသင်းက ဘရာဇီးသား ကို ရောင်းချ လိုနေတယ် ဆိုတဲ့ သတင်း ၊ အာဆင်နယ် အသင်းက ကော်တင်ဟို ကို ခေါ်ယူချင် နေတယ် ဆိုတဲ့ သတင်း တွေလည်း ပျံ့နှံံ နေခဲ့ ပါတယ် ။

ဒါပေမယ့် လက်ရှိ အချိန် မှာတော့ ရော်နယ် ကိုးမန်းဟာ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာ ခဲ့တဲ့နောက် သူရဲ့ အနာဂတ် ဘယ်လို ဖြစ်လာ မလဲ ဆိုတာ မရေမရာ ဖြစ်နေ ခဲ့ရ ပါတယ် ။ အခုတော့ သူ့ရဲ့ အနာဂတ် အကြောင်း အမေး ခံလိုက်ရတဲ့ အချိန် မှာတော့ …

” သေချာတာပေါ့ ၊ ကျွန်တော်ဟာ ဘာစီလိုနာ အသင်းကို ပြန်သွား မှာပါ ။ အဲ့တာ ပြီးရင် ဘာတွေ ဖြစ်လာ မလဲ ဆိုတာ စောင့်ကြည့် ရတာပေါ့ဗျာ ။ တကယ်တော့ ကျွန်တော် အဲ့ဒီ အကြောင်း သိပ် မတွေးဖြစ် ပါဘူး ။ ကျွန်တော်ဟာ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် အကြောင်းကိုပဲ တွေးတော နေခဲ့တာပါ ”

” ကျွန်တော် အခု ပြောနိုင်တာ ကတော့ ခမ်းနားတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ရေး အတွက် ကျွန်တော် အရမ်း ကို ကြိုးစားချင် ခဲ့တယ် ဆိုတာ ပါပဲ ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကိုတော့ ဆက်လက် စောင့်ကြည့် ရတာပေါ့ ဗျာ ” လို့ ကော်တင်ဟို က ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဂျာမန် ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း နဲ့ အတူ ကစားသမား ဘဝရဲ့ ပထမဆုံး အကြိမ် ဥရောပ ချန်ပီယံ ဖြစ်ခဲ့ရတဲ့ ပွဲစဉ် ၊ ဆု ဖလား သုံးလုံး ဆွတ်ခူး နိုင်ခဲ့တဲ့ ဘောလုံး ရာသီ နဲ့ ပတ်သက်လို့ …

” ကျွန်တော် တို့ဟာ ခမ်းနားတဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့ ကြတဲ့ အတွက် အရမ်းပဲ ပျော်ရွှင်မိ ပါတယ် ။ ကျွန်တော် တို့ တွေဟာ ဒီ အောင်မြင်မှု နဲ့ ထိုက်တန်မှု ရှိခဲ့ ကြတဲ့ အတွက် တစ်ကယ့် ကို စပါယ်ရှယ် ခံစားချက် တစ်ခု ဖြစ်ပေါ် ခဲ့ရ ပါတယ် ”

” ကျွန်တော့်ရဲ့ ခံစားချက်ကို ပြောပြဖို့ စကားလုံး ရှာဖွေ ရတာ အရမ်းပဲ ခက်ခဲ နေပါတယ် ။ ကျွန်တော် အရမ်း ပျော်ရွှင် နေပြီး ဒီနေ့ မှာတော့ အမှန်အကန် အောင်ပွဲခံ သွားဖို့ ရည်ရွယ်ထား ပါတယ် ” လို့ ကော်တင်ဟို က သူ့ရဲ့ ခံစားချက် ကိုပါ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular