အဲဗာတန်နဲ့ ပွဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ ချဲလ်ဆီး စတား တဦး အပေါ် ဝေဖန်သွားတဲ့ ဂျေမီရက်ဒ်နပ်

မနေ့ညက ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲမှာ ရှေ့၃ပွဲဆက် နိုင်ထားတဲ့ ချဲလ်ဆီး အသင်းဟာ တန်းဆင်းဇုန် ပြင်ပနားမှာ ရှိနေတဲ့ အဲဗာတန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီ ဖြစ်ပါတယ် ။

အဆင့် ၁၀ မှာ ရှိနေတဲ့ ချဲလ်ဆီး အတွက် အဆင့် ၄ နေရာက တော့တင်ဟမ် ခြေချော်နေချိန် ကြုံခိုက် ၊ အဆင့် တဆင့် ထပ်တက်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ၊ ခံစစ်ခုခံပုံ ဆိုးရွားခဲ့တာကြောင့် ချေပဂိုး ၂ဂိုး လွယ်လွယ်ပြန်ပေးခဲ့ရကာ ရမှတ် ၂မှတ် လျော့ခဲ့ပါတယ် ။

myan789

ပထမပိုင်းကို အိမ်ရှင် အသင်း ခြေစွမ်း အသာ ၊ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဖိဖိစီးစီး ကစားနိုင်ခဲ့ပေမယ့် ၊ ဂိုးတော့ မရခဲ့ပါဘူး ။ ဒုတိယပိုင်း စစချင်း ၈မိနစ်မှာတော့ နောက်ချန် တိုက်စစ်မှူး ဂျိုဝေါင် ဖဲလစ်ရဲ့ သွင်းဂိုးနဲ့ ချဲလ်ဆီးတို့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီးဟာ ဒုတိယ ဦးဆောင်ဂိုး အတွက် ဖိအားထပ်ပေးခဲ့ခြင်း မရှိတာကြောင့် ၊ ဧည့်သည်ဖက်က ရံဖန်ရံခါ ရဲရဲတင်းတင်း တိုက်စစ်ဆင် ကစားခြင်းကို ခံခဲ့ရပါတယ် ။ ပထမ ချေပဂိုးကို ထောင့်ကန်ဘောကနေ ပေးခဲ့ရပါတယ် ။

ပွဲမတိုင်ခင်က ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာမှ ၄င်းရဲ့ အသင်းသားတွေကို တည်ကန်ဘောနဲ့ ပတ်သက်ပြီး ကြိုသတိပေးခဲ့ပေမယ့် ၊ ထိုပေးဂိုးမှာ အဲဗာတန် ကွင်းလယ်လူ ဒူကိုရေးကို လူကပ်ကစားတဲ့သူက ခန္ဓာကိုယ် အရွယ်ငယ်တဲ့ မတ်တီယို ကိုဗာဆစ် ဖြစ်နေခဲ့ပါတယ် ။

အဲဒီနောက် ရိစ်ဂျိမ်းစ်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကို တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်က အမှားအယွင်း မရှိ ကန်သွင်း အဆုံးသတ်ခဲ့လို့ အိမ်ရှင်တို့ ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ နောက်ထပ် ဦးဆောင်ဂိုး ထပ်သွင်းမယ့်အစား ၊ ကိုဗာဆစ် ၊ ဖဲလစ်နဲ့ ဖိုဖာနာတို့ကို ဆက်တိုက် လူစားလဲလိုက်တာကြောင့် ကစားပုံ မတည်မငြိမ် ဖြစ်သွားခဲ့ပါတယ် ။

နာကျင်အချိန်ပို ရောက်ခါနီးမှာ ပေးခဲ့ရတဲ့ ချေပဂိုးမှာလည်း ချဲလ်ဆီး ခံစစ်မှူး ကာလီဒူ ကူလီဘာလီဟာ အဲဗာတန် လူစားဝင် တိုက်စစ်မှူး အဲလစ်ဆင်းမ်စ်ရဲ့ အနိုင်ယူကျော်ဖြတ်ခြင်းကို ခံခဲ့ရကာ ၊ ၄င်းရဲ့ ကန်ချက်ကို ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘာလာဂါ ကာကွယ်နိုင်ရဲ့သားနဲ့ သေသေချာချာ ပုတ်ထုတ်နိုင်ခဲ့ခြင်း မရှိတာကြောင့် စိတ်ပျက်ဖွယ် ဂိုးပေးခဲ့ရပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဂျေမီ ရက်ဒ်နပ်ကတော့ ဒုတိယ ချေပဂိုးမှာ ကီပါ အနေနဲ့ ဒီထက် ပိုကောင်းတဲ့ ကာကွယ်မှုမျိုး လုပ်ခဲ့သင့်ကြောင်း Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလို ဝေဖန်သွားပါတယ် ။

ဂျေမီရက်ဒ်နပ် က ” ခင်ဗျားဟာ ရှောင်ဒိုက်ခ်ျ ကိုင်တွယ်တဲ့ အသင်းတွေကို ရင်ဆိုင် ကျော်ဖြတ်ရတဲ့အခါ ၊ သူတို့မှာ ဘောလုံး ထိန်းနိုင်ပြီး ၊ ကျန်အသင်းဖော်တွေကို ကစားပေါက် ချောင်အောင် လုပ်ပေးနိုင်တဲ့ ကစားသမား တယောက်ယောက် အမြဲတမ်း ရှိပါတယ် ။ ဒါဟာ သူ အမြဲတမ်း ကစားတဲ့ ပုံစံမျိုး ဖြစ်ပါတယ် ။ ”

” ဒါက ဒူကိုရေးရဲ့ လှပတဲ့ ထိချက် ဖြစ်ပြီး ၊ အဲဒီနောက် ပြိုင်ဖက် ခံစစ်မှူးကို တွန်းထုတ် ကျော်လွှားပြခဲ့တဲ့ သူ့ရဲ့ ကစားအားပါဝါက တကယ် မယုံနိုင်စရာပါ ။ ဂိုးသမားကတော့ ဒီနေရာမှာ ဆိုးဆိုးရွားရွားပါပဲ ။ ဒီဂိုးကို ကာကွယ်ဖို့ သူဟာ လုံလောက်တဲ့ ၊ နီးစပ်တဲ့ အားထုတ်မှုမျိုးတောင် မလုပ်ပြနိုင်ခဲ့ပါဘူး ။ ”

” ပြိုင်ဖက် တိုက်စစ်မှူးကတော့ ဂိုးထောင့်ထဲ ချိုးသွင်းပြီး ကြိုးစားမှာ ဖြစ်ပေမယ့် ဂိုးသမား အနေနဲ့ အခုထိ ပိုကောင်းအောင် လုပ်ခဲ့သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
633,993
Total confirmed cases
Updated on March 22, 2023 12:33 pm
Advertisment

Instagram

Most Popular

စထရာဘိုးအသင်းကို ဝယ်ယူရန်...

ချယ်လ်ဆီးအသင်းပိုင်ရှင် ...

ဆာလာ၏ အပြောင်းအရွှေ့သတင်း...

လီဗာပူးလ်တိုက်စစ်မှူး ဆာ...

ဗလင်စီယာတွင် မယုံနိုင်စရာ...

ပြီးခဲ့သည့် ဇန်နဝါရီလအတွ...