အဲဗာတန်ကို နိုင်ခဲ့ပေမယ့် ဝန်ခံမှု တစ်ခု ပြုလုပ်သွားတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဂွတ်ဒီဆင် ပါ့ခ် ကွင်းထဲမှာ အဲဗာတန် အသင်းကို ရင်ဆိုင် ကစားခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်း နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ဖိအားတွေကို လျော့ချ သွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ တုန်းက ယူနိုက်တက် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 6 ပွဲ ကစားပြီး ရမှတ် 7 မှတ်သာ စုဆောင်း ထားနိုင် ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 15 နေရာမှာ ရပ်တည် နေခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှား ဟာလည်း ဖိအားတွေအောက် ကျရောက်ခဲ့ ပါတယ် ။

myan789

အဲ့ဒီနောက် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို ရှုံးနိမ့်ခဲ့ သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း တူရကီ အခြေစိုက် အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ရှုံးနိမ့် ခဲ့တဲ့ အတွက် ဆိုးလ်ရှား အလုပ်ပြုတ်ဖို့ အထိတောင် သတင်းကြီး သွားခဲ့ရ ပါတယ် ။

ဒါပေမယ့် အဲဗာတန် အသင်းကို အနိုင် ကစားနိုင် ခဲ့တဲ့နောက် လက်တလော မှာတော့ ဆိုးလ်ရှားနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ခေတ္တ ရပ်တန့် သွားခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယား က အသင်း ရဲ့ ဘောလုံး ရာသီ နဲ့ ရလဒ်ဆိုးတွေ အပေါ် ဝန်ခံမှု ပြုလုပ် သွားခဲ့လိုက် ပါတယ် ။

” ဒါက ဘောလုံး ရာသီ ရဲ့ အစောပိုင်း ကာလပဲ ရှိနေပါ သေးတယ် ။ ဒါ့ကြောင့် ကျွန်တော်တို့ အမှတ်ပေး ဇယားကို မကြည့်ရှု လိုကြသေး ပါဘူး ။ ဒါပေမယ့် ဒီလို အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ စုဆောင်း ထားခဲ့တဲ့ ရမှတ် တွေက လုံလောက်စွာ ကောင်းမွန်ခြင်း မရှိခဲ့တာတော့ အမှန်ပါပဲ ”

” ကျွန်တော်တို့ အတွက် တစ်ကယ့်ကို အရေးကြီးတာက ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်ရေး ပါပဲ ။ နယူးကာဆယ် နဲ့ ကစားခဲ့ တုန်းက ကျွန်တော်တို့ အဲ့တာကို လုပ်ပြ နိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ စတင်ပုံ ကောင်းမွန်ခဲ့ပေမယ့် စိတ်ပျက်ဖွယ် အဖွင့်ဂိုးကို ပေးဆောင် ခဲ့ရ ပါတယ် ။ ကျွန်တော်တု့ိ ဒီလိုဂိုး မပေးခဲ့သင့် ပါဘူး ”

” ကျွန်တော်တို့ မေးခွန်းတွေ ထုတ်ခံ ခဲ့ရပါ သေးတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ သူတို့ကို မိနစ် 90 အတွင်း အဖြေ မပေးခဲ့ကြ ပါဘူး ။ ကျွန်တော်တို့ နေ့စဉ် နေ့တိုင်းပဲ ကြိုးစား ခဲ့ကြ ပါတယ် ။ အသင်းမှာ ရှိနေတဲ့ ကောင်လေးတွေက ပွဲစဉ်တိုင်း မမောနိုင် မပမ်းနိုင် ကြိုးစား အားထုတ် ခဲ့ကြ ပါတယ် ”

” လူတိုင်းက တိုးတက်ဖို့ ပိုကောင်းဖို့ အလိုရှိ နေခဲ့ကြ ပါတယ် ။ မန်နေဂျာ ကလည်း လေ့ကျင့်ရေး ကွင်းထဲမှာ ကစားသမား တွေကို အတော်လေး မောင်းနှင်ခဲ့ ပါတယ် ။ အစ္စတန်ဘူလ် မှာ တုန်းက ပထမဂိုးဟာ မပေးခဲ့ သင့်ဘူး ဆိုတာကို ကျွန်တော်တို့ သိကြ ပါတယ် ။ တူရကီကို သွားရောက် ကစားရင် ခက်ခဲမယ် ဆိုတာလည်း ကျွန်တော်တို့ နားလည် ခဲ့တယ်လေ ”

” အဲ့ဒီလို ရလဒ်က ကျွန်တော်တို့ အတွက် စိတ်ပျက်ဖွယ် ညချမ်း တစ်ခု ဖြစ်သွား စေခဲ့ ပါတယ် ။ အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ကျွန်တော်တို့ အားလုံး စိတ်ပျက်ခဲ့ ကြပြီး အမှား အတွက် တောင်းပန်မှုတွေ ကိုယ်စီ လုပ်ဆောင်ခဲ့ကြပါ သေးတယ် ။ ကျွန်တော် တို့ဟာ အလုပ် ကြိုးစားတဲ့ ကောင်းမွန်တဲ့ အစုအဖွဲ့ တစ်ခုပါ ။ ကျွန်တော်တို့ အားလုံး တစုတစည်းထဲ ရှိနေကြ ပါတယ် ” လို့ မက်ဂွားယား က စိတ်ပျက် ခဲ့တဲ့ ရက်စွဲတွေ အကြောင်း ဝန်ခံ ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular