အူဘားမီးယန်း ကို ဒိုင်ဗင်ပစ်သူ လို့ စွပ်စွဲ ပြောဆိုလိုက်တဲ့ #ခရစ်ဆပ်တွန် နဲ့ ပင်နယ်တီ ပေးသင့်တယ် လို့ ပြောလာတဲ့ #ရောဘတ်ဂရင်း

ဒီပွဲ ရဲ့ အဖွင့်ဂိုး ကိုတော့ ချဲလ်ဆီး အသင်း က အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ဆီက ရရှိခဲ့ပေမယ့် ၊ အဲ့ဒီ နောက်ပိုင်းမှာ ခြင်္သေ့ပြာတို့ သိသိသာသာ ကို ကစားအားကျသွားခဲ့ရပါတယ် ။ ဘောလုံး နောက်ပြန်ပေးနေတာနဲ့ တိုက်စစ် ကို ဘယ်လို ဘယ်ပုံ ဖန်တီးရမှန်း မသိတာတွေ က ချဲလ်ဆီး အတွက် အားနည်းချက် ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် တံကောက်ကြော ဒဏ်ရာကြောင့် ပူလီဆစ် လူစားလဲခံခဲ့ရပြီးနောက် ၊ ကွင်းလယ်လူ ကိုဗာဆစ် ၂ဝါ ၁နီ နဲ့ အထုတ်ခံခဲ့ရပြီးနောက် ချဲလ်ဆီး အသင်း ရဲ့ ကစားပုံ က အားရစရာ နတ္ထိ ဖြစ်ခဲ့ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ချဲလ်ဆီး တို့ ရှုံးထိုက်လို့ ရှုံးခဲ့တယ် ဆိုတာကိုတော့ ကျေကျေနပ်နပ် လက်ခံရမှာ ဖြစ်ပါတယ် ။

myan789

တဖက်မှာ အာဆင်နယ် အသင်း ရဲ့ ချေပဂိုး ဟာ ပင်နယ်တီ မှ တဆင့် ရခဲ့တာ ဖြစ်ပြီး ၊ လူတိုင်းနီးပါး က ဒါဟာ ပင်နယ်တီ ဖြစ်သင့်တယ် လို့ လက်ခံနေကြချိန်မှာတော့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ် ဆပ်တွန် ကတော့ အူဘားမီးယန်း ကို ဒိုင်ဗင်ပစ်သူ လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ် ။

BBC 5 Live အစီအစဉ် မှာ ဆပ်တွန် က ” ကျွန်တော်တို့ ရှင်းရှင်းလေးပဲ ပြောရအောင် ၊ ဒါဟာ ပင်နယ်တီ ရဖို့ ဒိုင်ဗင်ပစ်ခဲ့တာပါပဲ ။ ဒါဟာ မလိမ့်တပတ် လုပ်ခဲ့တာ ဖြစ်ပါတယ် ။ အက်ဇ်ပီလီကွီတာ က ဆွဲတာ မဆိုစလောက်လေးပါ ။ ပီယာ အမ်းမရစ် အူဘားမီးယန်း ဟာ သူ ကျူးလွန်နေတဲ့ အရာကို သူ ကောင်းကောင်း သိမှာပါ ။ “

” သူ့ကို ထိခဲ့တာ အနည်းဆုံး ပမာဏသာ ရှိခဲ့ပေမယ့် ၊ အဆုံးမှာတော့ သူဟာ ပင်နယ်တီ ကို ဖန်တီးယူနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီနေရာ မှာ မနှစ်က ချဲလ်ဆီး အသင်း မှာ နောက်ဆုံး ကစားသွားခဲ့ပြီး ကစားသမား ဘဝ က အနားယူသွားခဲ့တဲ့ အင်္ဂလန် ဂိုးသမားဟောင်း ရောဘတ် ဂရင်း ကတော့ ပင်နယ်တီ ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ် ။

ဂရင်း က ” ပီယာ အမ်းမရစ် အူဘားမီးယန်း ဟာ အက်ဇ်ပီလီကွီတာ နဲ့ ဆန့်ကျင်ဖက်ခြမ်းမှာ ရှိနေကာ ၊ ဂိုးရဖို့ အနီးဆုံး ဖြစ်နေတဲ့ အနေအထား မှာ ဖြစ်ခဲ့ပါတယ် ။ ဒီလို အနေအထားမျိုး မှာ ပင်နယ်တီ ပေးခဲ့တဲ့ အကြိမ်များစွာ ကို ကျွန်တော် မြင်ခဲ့ဖူးပါတယ် ။ “

” သူဟာ ပင်နယ်တီ ဧရိယာ ထဲကို ရောက်လာဖို့ အချိန်ကို သေချာ စောင့်ဆိုင်းပြီးမှ လှုပ်ရှားသွားတာပါ ။ ဒါဟာ ပါးနပ်တဲ့ ပင်နယ်တီယူခြင်း တမျိုးပါပဲ ။ ပင်နယ်တီ ပေးဖို့ လုံလောက်မှု ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ် ကလည်း ကိုဗာဆစ် ကို ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် တခုတည်းကိုသာ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပြီး ၊ ပင်နယ်တီ အတွက်တော့ ဘာတခုမှ ငြင်းဆိုခဲ့တာ မရှိခဲ့ပါဘူး ။ ဒါ့အပြင် ၎င်းဟာ အူဘားမီးယန်း ရဲ့ စွမ်းဆောင်ရည် အပေါ်လည်း အခုလို ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ် ။

လမ်းပတ် က ” အူဘားမီးယန်း ဟာ ဒီနေ့ပွဲမှာ ဂိုး၂ဂိုး ရခဲ့ပါတယ် ။ တဂိုးကတော့ ပင်နယ်တီဂိုးပါ ။ သူဟာ ဒီနေ့ပွဲ အတွက် ကျွန်တော် တို့ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု ပေးမယ် ဆိုတာ ကောင်းကောင်း သိထားပြီးသားပါ ။ အာဆင်နယ် အသင်း ဟာ ကျွန်တော်တို့ ခံစစ် ကို အဝေးဘောတွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ် ။ “

” သူတို့ဟာ ဒီနေ့ပွဲမှာ ကစားပုံ ကောင်းခဲ့သလို ၊ အဝေးဘော ပေးပို့မှု တွေကလည်း ထိရောက်မှု ရှိခဲ့ပါတယ် ။ စိတ်ပျက်စရာ တချက် က ခင်ဗျား ဟာ ဒီလို ခြိမ်းခြောက်မှုတွေ ရောက်လာမှာ ကို ကြိုသိထားတဲ့ အတွက် ပွဲမစခင် ကတည်းက အသင်းသား တွေကို ကြိမ်ဖန်များစွာ သတိပြုဖို့ ပြောနေခဲ့ပေမယ့် ၊ လွယ်လွယ်ကူကူ နဲ့ ခွင့်ပြုနေခဲ့ရတာပါပဲ ။ “

” အူဘားမီးယန်း ဟာ အရည်အသွေးမြင့် ကစားသမား တယောက်ပါ ။ ဒုတိယ ပေးဂိုးမှာ ဆိုရင် သူ့ဆီကနေ လျင်မြန်မှု ၊ တိုက်စစ် အသိကြွယ်မှု တွေ ပေါင်းစပ် ပါဝင်နေတယ် ဆိုတာ မြင်တွေ့ရမှာပါ ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ဟာ ကစားပုံ မကောင်းခဲ့သလို ၊ အခွင့်အရေး ရတုန်းလည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး ။ ဒီနေ့လိုပွဲမျိုးမှာ အူဘားမီးယန်း ဟာ ခင်ဗျားတို့ အသင်း ကို အဆုံးသတ်နိုင်ဖို့ လုံလောက်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular