အီဒီဆင် ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် က မျှော်လင့်ထားတာထက် ပိုလုပ်ပြနိုင်မယ်လို့ ခန့်မှန်းခဲ့တဲ့ ပိုယက်

၁၉၉၀ နှစ်များက ချဲလ်ဆီး အသင်းရဲ့ ကစား သမား တစ်ဦး ဖြစ်ခဲ့ကာ လက်ရှိ မှာ နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ ဂပ်စ် ပိုယက် ကတော့ အီဒီဆင် ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် က မျှော်လင့် ထားတာထက် ပိုပြီး စွမ်းဆောင် ပြနိုင် လိမ့်မယ် လို့ ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။ ကာဗာနီ ဟာ ယူနိုက်တက် ကို နွေရာသီ အပြောင်း အရွှေ့ ရဲ့ နောက်ဆုံး အချိန်မှာ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး အဲဗာတန် ကို ၃ – ၁ နဲ့ အနိုင် ရရှိတဲ့ ပွဲမှာ အသင်းသစ် အတွက် ပထမဆုံးဂိုးကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ကာဗာနီ ဟာ ပြင်သစ် ထိပ်သီး ကလပ် PSG နဲ့ စာချုပ် သက်တမ်း ပြည့်ချိန် မှာ အလွတ် ပြောင်းရွှေ့မှု အဖြစ် ယူနိုက်တက် ကို ရောက်လာ ခဲ့တာ ဖြစ်ပြီး ကွာရင်တိုင်း ဝင်ရမှု ၊ အင်္ဂလိပ် ကစားဟန် နဲ့ အသားကျ အောင် လေ့လာ နေရမှုတွေကြောင့် ပရိသတ်တွေ ရဲ့ မျက်စိ ရှေ့ မှာ အချိန်ကြာကြာ ကစားခွင့် မရခဲ့ ပါဘူး ။

myan789

ဒါပေမယ့် အဲဗာတန် နဲ့ ပွဲမှာ တော့ ဝင် ကစားတဲ့ မိနစ် ပိုင်း အတွင်းမှာ ကောင်းမွန်တဲ့ သက်ရောက်မှု ကို ပြသ ခဲ့ပြီး ပွဲကို အဆုံးသတ် စေမယ့် တတိယမြောက် ဂိုးကို ပိုင်ပိုင် နိုင်နိုင် အဆုံးသတ် ခဲ့ ပါတယ် ။ ပရိသတ်တွေ ကတော့ နောက်ပိုင်း ပွဲတွေ က မာရှယ် ရဲ့ ခြေစွမ်းကို အားမလို အားမရ ဖြစ်လာတာကြောင့် ကာဗာနီ နဲ့ နေရာမျှပေးဖို့ တောင်းဆို မှုတွေ ရှိလာခဲ့ ကြပါတယ် ။

ပိုယက် ကတော့ Daily Mail သတင်းစာ နဲ့ တွေ့ဆုံ အင်တာဗျုး ချိန်မှာ ကာဗာနီ ရဲ့ အဆုံးသတ် စွမ်းရည်ကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ မျှော်လင့် ထားတာထက် ပိုပြီး အကျိုး ခံစား ရလိမ့်မယ် လို့ ညွှန်းဆို ခန့်မှန်း သွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် မှာ ကာဗာနီ က လူတွေ ထင် ထားတာထက် ပိုပြီး အရေးပါ တဲ့သူ ဖြစ်လာ ပါလိမ့်မယ် ။ အဲဗာတန် နဲ့ ပွဲမှာ ဆိုရင် ၂ – ၁ ဆိုတာ မရေရာ တဲ့ အနေအထား ပါ ။ အဲ့အချိန် မှာ ကာဗာနီ ဝင်လာတယ် ၊ အခွင့်အရေး တစ်ကြိမ် ရတယ် ၊ “Bang” ၊ ဂိုးသွားတာပါပဲ”

အင်္ဂလိပ် ကစားဟန် ဟာ ဥရုဂွေးသားတွေ အတွက် အရမ်းကို အဆင်ပြေတဲ့ ကစားပုံပါ ။ ဘာလို့လည်း ဆိုတော့ သူတို့ က စိတ်ဓါတ် အရမ်းပြင်း လို့ပါပဲ ။ ကစား သမျှ ပွဲတိုင်းကို သူတို့က နိုင်ချင် ပါတယ် ။ ဒါက အင်္ဂလိပ် ပရိသတ်တွေ ကြိုက်တဲ့ ပုံစံပါပဲ”

“သူ့ရဲ့ အရွေ့တွေ ကလည်း တကယ် ကောင်းပါတယ် ၊ ဒါပေမယ့် ဘောလုံးက ရောက်မလာ ပါဘူး ။ အသင်းဖော် တွေ အနေနဲ့ ကာဗာနီ အကြောင်းကို ဒီထက် ပိုပြီး နားလည်ဖို့ လိုပါတယ် ၊ သူလည်း ပဲ သူတို့ကို နားလည်အောင် လေ့ကျင့်ရေး ကွင်းမှာ လေ့ကျင့် ကြရမှာပါ ။ သူတို့ ပို အတွဲမိလေ ၊ ဂိုးတွေ ပို သွင်းနိုင် လေပါပဲ” လို့ ဂပ်စ် ပိုယက် က ပြောဆို သွားခဲ့ ပါတယ် ။

ကာဗာနီ ဟာ လက်ရှိ မှာတော့ ဥရုဂွေး နိုင်ငံ အတွက် ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဉ်တွေ ကို ပါဝင် ကစား ပေးနေပြီး ယခု အပတ် မကုန်ခင် မှာ အင်္ဂလန် ကို ပြန်လာပြီး ယူနိုက်တက် ရဲ့ ပွဲစဉ်တွေ အတွက် ပြင်ဆင် လေ့ကျင့် ရမှာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် အပတ် မှာ ဝက်စ်ဘရွန်း အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အဲ့ဒိ နောက် မှာတော့ မဖြစ် မနေ အနိုင် ကစား ရမယ့် ချန်ပီယံလိဂ် ပွဲစဉ် ( အစ္စတန်ဘူ ဘာဆက်ဆီဟာ နှင့် ) ကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular