အိမ်အပြန်ခရီး မှာ ဂျာမနီ အသင်း နဲ့ အတူ အောင်ပွဲခံနိုင်ခဲ့လို့ အားရ ကျေနပ်နေတဲ့ ဗာနာ

ဂျာမနီ လက်ရွေးစင် အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ည က ကစားခဲ့တဲ့ ဥရောပ နေရှင်လိဂ် အုပ်စုပွဲမှာ ယူကရိန်း လက်ရွေးစင် အသင်း ကို အစောပိုင်း မိနစ်တွေမှာ အဖွင့်ဂိုး တဂိုး ခွင့်ပြုခဲ့ပြီး ၊ အနောက် ကနေ လိုက်ကစားကာ ၃ – ၁ ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ရဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ အနိုင်ဂိုး ၂ဂိုး ကို ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာ နဲ့ နောက်ခံလူ မားသီးယပ်စ် ဂင်တာ တို့ရဲ့ ဖန်တီးမှုတွေ က တဆင့် သွင်းယူနိုင်ခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် ဂျာမနီ အသင်း ဟာ အုပ်စု နံပါတ် ၄ မှာ စပိန် ကို ကျော်ဖြတ်ကာ ၊ အဆင့် ၁ နေရာ ကို တမှတ် အသာနဲ့ တက်လှမ်းလာခဲ့ပါတယ် ။

myan789

မနက်ဖြန်ည မှာတော့ ဂျာမနီ အသင်း ဟာ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် စပိန် အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ သရေ ရရုံ နဲ့ ဖိုင်နယ် ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ် ။ ဂျာမနီ – ယူကရိန်း ပွဲဟာ လစ်ပ်ဇစ် အသင်း ရဲ့ အိမ်ကွင်း မှာ ကစားခဲ့တာ ဖြစ်ပြီး ၊ တီမို ဗာနာ အတွက် ကတော့ အိမ်အပြန် ခရီးလှခဲ့တယ် ပဲ ပြောရမှာ ဖြစ်ပါတယ် ။

လစ်ပ်ဇစ် အသင်း ရဲ့ ကလပ် သမိုင်း တလျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဗာနာ ဟာ အခုလို အိမ်အပြန် ခရီး မှာ ဂျာမနီ အသင်း နဲ့ အတူ နောက်ထပ် သွင်းဂိုး ၂ဂိုး အပြင် ၊ အနိုင် ရလဒ် ကိုပါ စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အထူး အားရ ကျေနပ်လျက် ရှိပါတယ် ။

DFB သတင်းဌာန နဲ့ တွေ့ဆုံခဲ့ရာမှာ ဗာနာ က ” ကျွန်တော့ ရဲ့ ပထမ သွင်းဂိုး က အရမ်း ကို ရိုးရှင်းခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ လီယွန် ( ဂေါ်ရက်ဇ်ကာ ) ရဲ့ ပေးပို့မှု က အရမ်း အရမ်း သေသပ်လွန်းလို့ပါ ။ ၄နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ဖူးတဲ့ လစ်ပ်ဇစ်မြေ ကို အခုလို အလည် တခေါက် ပြန်လာတဲ့ နေရာမှာ သွင်းဂိုး ၂ဂိုး ထပ်ရခဲ့တာ က တကယ် ကို ကျေနပ်စရာပါ ။ “

” ကျွန်တော် ဟာ လစ်ပ်ဇစ်မြေ ကို ပြန်ရောက်တိုင်း အမြဲတမ်း သဘောကျ နှစ်ခြိုက်မှု ရှိပါတယ် ။ စိတ်မကောင်းစရာ က ကွင်းထဲမှာ ပရိသတ်တွေ တယောက်မှ မရှိနေတာပါပဲ ။ ဒီနေ့ တပွဲလုံး ရဲ့ ခြေစွမ်း ကို ခြုံပြီး သုံးသပ်ရရင် အရမ်းကောင်းတဲ့ အသင်းလိုက် စွမ်းဆောင်ရည် ဖြစ်တယ် လို့ပဲ ပြောချင်ပါတယ် ။ “

” ကျွန်တော် တို့ရဲ့ ပုံစံ က အမြင့် ပျံသန်းနေပြီး ၊ ဒီလို ရှေ့ဆက် တိုးတက်နေတဲ့ အခြင်းအရာ က တကယ် ကောင်းပါတယ် ။ ကျွန်တော် တို့ဟာ ခံစစ်ပိုင်း က ကျစ်လျစ်မှု ပုံစံ ကို တဖြည်းဖြည်း ပြသလာနိုင်ပါတယ် ။ ရှေ့ဆက် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားနေဦးမှာပါ ။ ဒါမှ ကျွန်တော်တို့ အတွက် လာမယ့် ယူရိုမှာ ရလဒ်ကောင်းတွေ ရရှိမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျာမနီ လက်ရွေးစင် နည်းပြ ဂျိုအာချင်လို ကလည်း ထိုပွဲစဉ် က အသင်းလိုက် စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ” ဒီပွဲဟာ ကျွန်တော်တို့ အတွက် လွယ်ကူတဲ့ ပွဲတပွဲတော့ မဟုတ်ခဲ့ပါဘူး ။ ယူကရိန်း အသင်း ရဲ့ ကစားပုံ ကို လူတိုင်း မြင်တွေ့ကြရမှာပါ ။ ပထမပိုင်း မှာ ကျွန်တော် တို့ဟာ ပွဲကို ပိုပြီး ထိန်းချုပ်နိုင်ခဲ့ပြီး ၊ Tempo ကို မြှင့်နိုင်ခဲ့ပါတယ် ။ “

” ဒုတိယပိုင်း ရဲ့ အခိုက်အတန့် တချို့မှာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် မပြတ်သားမှု တွေကို မြင်တွေ့ခဲ့ရပြီး ၊ အကြိမ်ရေ အနည်းငယ်ခန့် ဘောလုံး ဆုံးရှုံးခဲ့ရပါတယ် ။ တပွဲလုံး အနေနဲ့ ခြုံပြောရရင်တော့ အသင်းလိုက် ကစားပုံ ကို ကျွန်တော်တို့ ကျေနပ်သင့်ပါတယ် ။ ကျွန်တော် တို့ဟာ ကစားသမား တချို့ ကို အစားထိုးရပါဦးမယ် ။ “

” ဒါပေမယ့် ကျွန်တော် တို့ဟာ ရစ်သမ်မိဖို့ ကြိုးစားနေရဆဲပါ ။ ပွဲအရှိန် ကို မြှင့်တင်တာတို့ ၊ တိုက်စစ်ပိုင်း ကနေ ပြိုင်ဖက် ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်တာတွေကိုတော့ လုပ်ဆောင်ထားနိုင်ပါတယ် ။ ခံစစ်ပိုင်း အရတော့ ကျွန်တော် တို့ဟာ ယူကရိန်း အသင်း ရဲ့ ဘောလုံး ဖြန့်ဝေမှုတွေကို စောစောစီးစီး ဖြတ်တောင်ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ် ။ “

” ဒီအတွက်ကြောင့် ကျွန်တော် တို့ဟာ ရော်ဘင်ကို့ချ် ကို ၃ယောက်တန်း ခံစစ် ရဲ့ ဗဟိုနေရာ မှာ စမ်းသပ် အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ သူ့အလုပ် သူ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ် ။ လာမယ့် စပိန် နဲ့ ပွဲမှာတော့ တိုနီ ကရူးစ် ဟာ ကျွန်တော်တို့ အသင်း ရဲ့ ပွဲထွက် စာရင်းမှာ ပြန်ပါလာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular