အိမ်ကွင်းရှုံးပွဲဆက်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ် ၀-၁ ဘရိုက်တန်

လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းနိုင်ပွဲပျောက်မှုက တဖြည်းဖြည်းနဲ့ စိုးရိမ်စရာကောင်းလာပါတယ်။ လီဗာပူးလ်အဖို့ အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ကာ (၂)ပွဲဆက်ရှုံးခဲ့တာဖြစ်ပြီး ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေထဲမှာ ထိပ်သီးအသင်းဆိုလို့ မန်ယူတစ် သင်းသာ ပါဝင်ခဲ့တာပါ။ ဘရိုက်တန်အသင်းရဲ့ Gameplanက ချီးကျူးစရာကောင်းပြီး လီဗာပူးလ်အသင်းက အန္တရာယ်ပေးနိုင်တဲ့ ကစားသမားတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ခံစစ်အတွင်းလူ နေရာတွေမှာ ဟန်ဒါဆန်ကို ဖီးလစ်နဲ့ဆက်တွဲပေးခဲ့ပြီး အသစရောက်လာတဲ့ နောက်ခံလူ(၂)ဦးထဲက ဘန်ဒေးဗီးစ်ကိုတော့ အရန်ခုံမှာ ထားခဲ့ပါတယ်။

myan789

လီဗာပူးလ်အသင်းက ပွဲအစကတည်းက ပွဲကို အသာစီးယူကစားထားခဲ့တာပါ။ ဒါပေမဲ့ ညာခြမ်းက ဆာလာကို အဓိကအားပြုကစားခဲ့လို့ ပွဲချိန်ကြာလာတာနဲ့အမျှ ဘရိုက်တန်အသင်းက ခန့်မှန်းရလည်း လွယ်ကူသွားတယ်။ လီဗာပူးလ်အသင်းက Final Third Zone မှာ ဘရိုက်တန်အသင်းကို လိုအပ်သလောက် ဖိအားမပေးနိုင်ခဲ့တာကလည်းပါပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး လီဗာပူးလ်အနေနဲ့ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိတဲ့အထိ အခြေအနေဆိုးခဲ့ရတယ်။ ဘရိုက်တန်က ခံစစ်ကို အာရုံစိုက်ကစားပေမဲ့ လီဗာပူးလ်ကို ခြိမ်းခြောက်မှုတချို့လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာလည်း လီဗာပူးလ်က ပထမပိုင်းလိုပဲ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှတ်မထင်ဂိုးရသွားတာက ဘရိုက်တန်အသင်းဖြစ်ပြီး (၅၆)မိနစ်မှာ အယ်လ်ဇာတေက သွင်းယူခဲ့တာဖြစ်တယ်။ အယ်လ်ဇာတေရဲ့ဂိုးဟာ ဘရိုက်တန်အတွက် အခုပွဲမှာ ပထမဆုံးဂိုးပေါက်တည့်ကန်ချက်ကနေ ရရှိခဲ့တာပါ။ လီဗာပူးလ်က ဂိုးပေးလိုက်ရပြီးမှ ရှာကီရီ၊ ၀ိုင်နယ်လ်ဒမ်းတို့နေရာမှာ အော်ရီဂီ၊ ချိန်ဘာလိန်တို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပေမဲ့ ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပါဘူး။ ဘရိုက်တန်အသင်းကတောင် ဂိုးရနိုင်တဲ့အခွင့်အရေးတွေရခဲ့ပြီး ဂရော့စ်၊ ထရိုဆက်ဒ်တို့ရဲ့ကန်သွင်းမှုတွေကို လူငယ်ဂိုးသမား ကယ်လာ ကာကွယ်သွားနိုင်ခဲ့လို့ ကံကောင်းခဲ့ရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
641,377
Total confirmed cases
Updated on December 5, 2023 8:32 pm
Advertismentspot_img

Instagram

Most Popular