အာတီတာ ဟာ သူ့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် ကူညီ ပေးခဲ့သူလို့ ဆိုတဲ့ စီဘာယောစ့်

ပြီးခဲ့တဲ့ ရာသီက ကိုဗစ်-၁၉ ကြောင့် ဘောလုံးပွဲတွေ ရပ်နားပြီး ပြန်လည် စတင်ချိန်မှာ အာဆင်နယ် အသင်း အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့သူတွေထဲမှာ ကွင်းလယ်လူ ဒန်နီ စီဘာယောစ့် ဟာလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ် ။

အာဆင်နယ် ကို အငှားလာရောက် ကစားနေတဲ့ စီဘာယောစ့် က နည်းပြ အာတီတာ ဟာ သူ့ကိုကော အသင်း တစ်သင်းလုံးကိုကော တိုးတက် ကောင်းမွန် လာအောင် ကူညီ လုပ်ဆောင် ပေးခဲ့သူ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

myan789

အာတီတာ ဟာ ပြီးခဲ့တဲ့ ရာသီက အူနိုင်း အမ်မရီ ထုတ်ပယ် ခံရချိန်မှာ အာဆင်နယ် အသင်း နည်းပြ တာဝန် ကို ရယူ ခဲ့သူ ဖြစ်ပါတယ် ။ အာတီတာ လက်ထက်မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၈ နေရာမှာသာ ရပ်တည် နိုင်ခဲ့ပေမယ့် အက်ဖ်အေ ဖလား ရရှိ ခဲ့တာကြောင့် ယူရိုပါလိဂ် ကစားခွင့် ရရှိခဲ့ပါတယ် ။

ဒါ့အပြင် အာတီတာ ဟာ ဒီရာသီ အဖွင့် ပွဲစဉ်လို့ ဆိုရမယ့် ကွန်မြူနတီဒိုင်း ပွဲမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်းကို အနိုင်ယူကာ အာဆင်နယ် အသင်း ကို ကွန်မြူနတီဒိုင်း ချန်ပီယံဆု ကိုင်မြှောက် နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းကို နောက်ထပ် တစ်ရာသီ အငှား နဲ့ ပြန်လည် ရောက်ရှိ လာခဲ့တဲ့ စီဘာယောစ့် က နည်းပြ အာတီတာဟာ သူ့ကို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာအောင် ကူညီ ပေးခဲ့သူလို့ ဆိုပါတယ် ။

စီဘာယောစ့် က အာဆင်နယ် Digital နဲ့ အင်တာဗျူးမှာ ” အရိုးသားဆုံး ပြောရရင် အာတီတာ အတွက် တကယ့်ကို မလွယ်ဘကူတာပါ ၊ ဘာကြောင့်လဲ ဆိုတော့ သူ အသင်းကို မရောက်ခင် နည်းပြ နှစ်ယောက်လောက် အထိ အသင်းကို ကိုင်တွယ် ခဲ့တာပါ ၊ အသင်းကလည်း ပရိသတ်​တွေ လိုချင်တဲ့ ရလဒ်ကို မဖော်ဆောင် ထားနိုင်ပါဘူး ။ ”

” ကျွန်တော် ကိုယ်တိုင်လည်း အသင်းမှာ ကစားခွင့် ရဖို့ မလွယ်ကူတဲ့ အခြေအနေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ၊ အဲ့အချိန်တုန်းက ကျွန်တော် က ဒဏ်ရာကနေ ပြန်လည် သက်သာလာကာစပါ ၊ ကျွန်တော် အနေနဲ့ ကိုယ့်ကိုယ်ကို ကစားခွင့် ရတယ်လို့ ထင်ခဲ့ပေမယ့် အာတီတာ က ပေးမကစားပါဘူး။ ဒါပေမယ့် ကျွန်တော် မှားသွားခဲ့ပါတယ် ၊ အဲ့တုန်းက ကျွန်တော် က ကြံ့ခိုင်မှုမှ ပြည့်မနေတာဗျာ ။ ”

” နည်းပြ က ကျွန်တော့်ကို တည့်ပဲ ပြောခဲ့တာပါ ၊ ကျွန်တော်သာ ကြံ့ခိုင်မှု ပြည့်နေပြီး အပြင်းအထန် ကြိုးစားရင် အသင်းမှာ ပြန်လည် ပါဝင် ကစားခွင့် ရမယ်လို့ ပြောပါတယ် ။ နယူးကာဆယ် နဲ့ ပွဲမတိုင်မှီမှာ ကျွန်တော် စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး သူ့ရဲ့ ယုံကြည်မှုကို အကောင်းဆုံး ပေးဆပ် နိုင်ခဲ့ပါတယ် ။

” အဲ့အချိန်ကတည်းက ကျနော် နဲ့ သူ့ကြားမှာ ကောင်းမွန်တဲ့ နည်းပြ နဲ့ ကစားသမား စည်းနှောင်မှု တစ်ခုကို တည်ဆောက် နိုင်ခဲ့ပါတယ် ၊ ကျွန်တော့် အတွက်လည်း အတော် အ​ဆင်ပြေ သွားခဲ့ပါတယ် ၊ ပြီးခဲ့တဲ့ ၆ လအတွင်းမှာ သူက ကျနော့်ကို ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာ စေပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular