အာဆင်နယ် သတင်းတိုများ

လက်ချ်စတိုင်နာ အနားယူသွားပြီးနောက် ဆွစ်ဇာလန် အသင်းရဲ့တရားဝင် အသင်း ခေါင်းဆောင် ဖြစ်လာတဲ့ အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ မနေ့ညက ကစားခဲ့တဲ့ ယူကရိနိး နဲ့ နေရှင်းလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်လူ တော်ရီးယား ဟာ စီရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းကို အငှား ထွက်ကစားဖို့ နီးစပ်လျက် ရှိနေပါတယ် ။ ဖီအိုရင်တီးနား အသင်းဟာ တော်ရီးယား ကို ပေါင် ၇.၁ သန်း နဲ့ တစ်ရာသီ အငှား ခေါ်ယူမှာ ဖြစ်ပြီး ၊ ရာသီကုန်ရင် ပေါင် ၁၄.၂ သန်း နဲ့ အပြီးသတ် ခေါ်ယူဖို့ စီစဉ်နေကြောင်း Times က ဖော်ပြ လိုက်ပါတယ် ။

myan789

အာဆင်နယ် အသင်း လူငယ် ကြယ်ပွင့် ဘန်ရှိဖ် ဟာ ချန်ပီယံရှစ်ကို တန်းတက်လာတဲ့ ကိုဗင်ထရီ အသင်းကို အငှား ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ရာသီကုန်ရင် ပေါင် ၇ သောင်းခွဲနဲ့ အပြီးသတ် ဝယ်ယူခွင့်ပါ ပါရှိတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့က လန်ဒန်ကော်နေး လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်လည် လုပ်ဆောင်ခဲ့ပြီး နိုင်ငံပွဲတွေ မကစားရတဲ့ အူဘာမီယန်း ၊ လာကာဇက် ၊ အယ်နီနီ ၊ ပေပေ ၊ အိုဇေးလ် ၊ ဘယ်လာရင် ၊ ဆီဒရစ် ၊ ဟိုးလ်ဒင်း ၊ ဆာလီဘာ ၊ မာတီနက်ဇ် ၊ လူးဝဇ် တို့ ပါဝင် လေ့ကျင့်ခန်း ဆင်းခဲ့တာကို တွေ့ရပါတယ် ။

အာဆင်နယ် လူငယ် တိုက်စစ်မှူး ဘာလိုဂန် ကို ခေါ်ယူချင် နေကြတဲ့ အသင်းတွေ အမြောက်အများ ရှိနေကြပြီး စတုဂတ် ၊ ဝါဒါဘရီမင် ၊ ဖရန့်ဖွတ် တို့အပြင် ဘရိုက်တန် ၊ ဆောက်သမ်တန် ၊ အယ်ခမာ ၊ ပီအက်စ်ဗွီ ၊ အေစီမီလန် ၊ ရိုးမား တို့ကလည်း အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ် ။

နာပိုလီ အသင်းဟာ ကူလီဘာလီ နေရာ အစားထိုးဖို့ရာ အာဆင်နယ် နောက်ခံလူ ဆိုကရက်တစ် ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ လိုနေပြီး အာဆင်နယ် ဘက်ကတော့ စာချုပ် ဖျက်သိမ်းကြေး အနေနဲ့ ပမာဏ တစ်ခုကို လိုချင်နေတယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး အန်ခီတီးယား ဟာ ယနေ့ည မြန်မာ စံတော်ချိန် ၁၁:၃၀ မှာ ကိုဆိုဗို ယူ-၂၁ အသင်းနဲ့ ကစားရမယ့် ယူရို ယူ-၂၁ ခြေစစ်ပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ ကပ္ပတိန် အဖြစ် ပွဲထွက် ကစားမယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ် က နည်းပြ အာတီတာ အနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ မီဆွတ် အိုဇေးလ် ၊ ဟိုးလ်ဒင်း ၊ ဆိုကရက်တစ် ၊ ကိုလာစီနက် ၊ ချိန်ဘာ တို့ကို ရောင်းထုတ်လိုက်သင့်တယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာ ဟာ မနေ့ညက ကစားခဲ့တဲ့ အာဆက် နဲ့ ပွဲဦးထွက်မှာ သွင်းဂိုး နှစ်ဂိုး အထိ သွင်းယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖီလစ်ပီ အန်ဒါဆန် ကို ပေါင် ၅ သန်း နဲ့ အငှား ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular