အာဆင်နယ် ကို မပြောင်းရွှေ့ဘဲ လိုင်ယွန်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ ဟော့ဆန်အာဝါ

ပြင်သစ် ကွင်းလယ် တိုက်စစ် ကစားသမား ဟော့ဆန် အာဝါ က အာဆင်နယ် အသင်း ကို ငြင်းပယ်ပြီး လိုင်ယွန် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ် ခဲ့တာဟာ အသင်း ဥရောပ ဝင်ခွင့် ရရှိအောင် ကူညီချင်တာကြောင့် ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ဒီနွေရာသီ ကွင်းလယ် အင်အား ဖြည့်တင်းဖို့ရာ သောမက်စ် ပါတေး နဲ့ ဟော့ဆန် အာဝါ တို့ကို ပစ်မှတ် ထားနေပေမယ့် အခု အခါမှာတော့ နှစ်ယောက်စလုံးကို မခေါ်နိုင်ဖို့ ရာခိုင်နှုန်း များနေပြီ ဖြစ်ပါတယ် ။

myan789

နောက်ဆုံး သတင်းတွေအရ အာဆင်နယ် အသင်းဟာ လိုင်ယွန် အသင်းဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ကို ပေးချေလိုချင်း မရှိတာကြောင့် အာဝါ အတွက် ဆွေးနွေး ညှိနှိုင်းမှု ရပ်စဲ သွားခဲ့ပြီလို့ သိရပါတယ် ။

အခု အခါမှာတော့ အာဝါ ဟာ လိုင်ယွန် နဲ့ မာဆေးလ် အသင်း တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲအပြီးမှာ အသင်းမှာပဲ ဆက်နေသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော့်အနေနဲ့ အသင်းအပေါ် အများကြီး အကျိုးပြုနိုင်စွမ်း ရှိတယ်လို့ ခံစားမိတာကြောင့်ပါ ၊ ကျွန်တော့်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ အသင်း နဲ့အတူ စွန့်စားခန်း ဖွင့်ချင်ပါသေးတယ် ၊ ကျွန်တော့်တို့ ကိုယ့်ခေါင်းကိုမော့ပြီး ဒီထက် ပိုကောင်းအောင် လုပ်ရပါဦးမယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ရှက်ဖီး ယူနိုက်တက် နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အပြောင်းအရွှေ့လှုပ်ရှားမှုတွေ အပေါ် ” ကျွန်တော် အာမခံနိုင်တာ တစ်ခုက အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ရာ အမြင့်မားဆုံးကြိုးပမ်းနေတယ်ဆိုတာပါပဲ ။ ကျွန်တော်တို့ အောင်မြင်နိုင်လား မအောင်မြင်နိုင်လားဆိုတာ မသိပါဘူး ။ “

” ကျွန်တော့်ကို ယုံကြည်ပါ ၊ ကျွန်တော့်ကို ယုံကြည်ပါ ၊ ပိုင်ရှင်ကော ဘုတ်အဖွဲ့ကော အီဒူးကော ကျနော်ကော အသင်းတိုးတက်ဖို့ အတွက် အသင်းရဲ့ အရင်းအမြစ်ကို အမြင့်မားဆုံး အသုံးချသွားမှာပါ ။ အသင်း အောင်မြင်ဖို့ အတွက် အဓိက ကျတဲ့သူတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်မှာပါ ။ “

” အသင်းဘက်က ကျွန်တော့်ကို ၁၀၀% ထောက်ပံ့ ပေးထားပါတယ် ၊ ဒါစကားလုံး သက်သက် မဟုတ်ပါဘူး ၊ အမှန်တရားပါ ။ ကျွန်တော့် အကြောင်း သိတဲ့သူဆို ကျနော်က ဒီလိုတွေ မပြောတတ်သူဆိုတာ သိမှာပါ ၊ တကယ်ထောက်ပံ့ပေးထားတယ်လို့ ခံစားရတာကြောင့် ပြောတာပါ ။ အသင်းဘက်က ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေတဲ့ အရာတွေကို ယုံကြည်မှု ရှိပြီး အားပေး ထောက်ခံ့မှု ရှိပါတယ် ။ ” လို့ ဆိုပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular