အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့နိုင်သည့် သတင်းများမှာ နှစ်သင်းစလုံးအပေါ်လေးစားမှုမရှိခြင်းဖြစ်ကြောင်း စပါးအသင်းနည်းပြ ကွန်တီ တုံ့ပြန်

စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီက ၎င်းအနေဖြင့် အသင်းဟောင်းဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့နိုင်သည့် သတင်းများမှာ နှစ်သင်းစလုံးအပေါ် လေးစားမှုမရှိခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ကွန်တီနှင့် စပါးအသင်း၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ် ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးပေ။ ၎င်း၏အသင်းဟောင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းမှာလည်း ရာသီအစ ခုနစ် ပွဲကစားအပြီးတွင် နှစ်ပွဲသာ အနိုင်ရထားပြီး အဆင့် ၈ နေရာ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲစလုံး ရှုံးနိမ့်ထားသဖြင့် နည်းပြဖြစ်သူ အယ်လီဂရီမှာ ဖိအားများရင်ဆိုင်နေရသည်။

myan789

သို့ဖြစ်ရာ ကွန်တီအနေဖြင့် အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ရန် အသင့်ရှိနေကြောင်း နိုင်ငံတကာရက်သတ္တပတ်ကာလတွင် သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းသတင်းများနှင့်ပတ်သက်၍ ကွန်တီက “ဒီကာလမှာတော့ အဲဒါက မဖြစ်နိုင်ပါဘူး။ ဒါက ဂျူဗင်တပ်စ်မှာ အလုပ်လုပ်နေတဲ့ နည်းပြကို လေးစားမှုမရှိတာဖြစ်သလို တော့တင်ဟမ်အတွက် အလုပ်လုပ်နေတဲ့ ကျွန်တော့်ကိုလည်း လေးစားမှုမရှိတာလို့ထင်တယ်။ ကျွန်တော်တို့က အခုမှ ရာသီအစပဲရှိပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ ကျွန်တော်ပျော်ရွှင်နေတယ်၊ တော့တင်ဟမ်မှာနေရတဲ့ ကျွန်တော့်အချိန်တွေက ပျော်စရာကောင်းတယ်လို့ အမြဲပြောပါတယ်။ ပြီးတော့ အသင်းအတွက်အပြင် ကျွန်တော့်အတွက်ပါ အကောင်းဆုံးအဖြေကိုရှာဖို့ အချိန်တစ်ရာသီလုံး ရှိနေပါတယ်။ အသင်းပိုင်ရှင်၊ ပါရာတီချီ (ဘောလုံးဒါရိုက်တာ) တို့နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အနာဂတ်အတွက် ပြဿနာရှိတယ်လို့လည်း မထင်ပါဘူး။ အခုအချိန်မှာ အာရုံစိုက်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ စာချုပ်လက်မှတ်ထိုးထားတယ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးက စာချုပ်မှာလက်မှတ်ထိုးဖို့ သဘောတူထားလို့ပါ။ အဲဒါကြောင့် ဒီအချိန်မှာတော့ ပြဿနာရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ အနာဂတ်မှာ တစ်စုံတစ်ယောက်က ဒီအကြောင်းကိုပြောတာ နားမထောင်ချင်ပါဘူး။ အဲဒါကြောင့် ထပ်ပြောပါမယ်။ ဒါက တခြားနည်းပြကိုရော ကျွန်တော့်ကိုပါ လေးစားမှုမရှိတာပါ” ဟု တုံ့ ပြန်ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Myanmar
641,377
Total confirmed cases
Updated on December 5, 2023 10:33 pm
Advertismentspot_img

Instagram

Most Popular