အသင်းဟောင်းကို ဂိုးမိုးရွာတဲ့ မော်ရင်ဟို

မန်ယူ ၁​-၆ စပါး

မန်ယူပရိသတ်တွေအတွက် ဒီရလဒ်ကနေ မျှော်လင့်နိုင်တဲ့ အပြုသဘောဆောင်တဲ့အချက်ဆိုလို့ ဆိုးလ်ရှားထွက်ပြီး ပိုချက်တီနိုလို၊ အယ်လီဂရီလို နည်းပြမျိုးထဲက တစ်ဦးဦးဝင်လာဖို့ပဲ ရှိတော့ပြီး ကျန်တဲ့တစ်ခုချင်းစီသောဖြစ်ရပ်တိုင်းက စိတ်ပျက်စရာတွေချည်းပါပဲ။ ခံစစ်တစ်တန်းလုံးက လုံးဝကို စုစည်းမှုပျောက်ဆုံးနေပြီး ကိုယ့်အားသာချက်တွေကို အသုံးမချနိုင်တဲ့အသင်း၊ ကိုယ့်အားနည်းချက်တွေကို မဖုံးဖိနိုင်တဲ့အသင်းအဖြစ် မြင်ခဲ့ရတယ်။

myan789

ပွဲအပြီးမှာ ဆိုးလ်ရှားက ကွင်းထဲအထိဝင်ပြီး အနီကတ်နဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်ကို စောဒကတက်နေပုံပေါ်ပေမယ့် မန်ယူရဲ့အဓိကပြဿနာက ဒါမဟုတ်ဘူးဆိုတာ သူလည်း သိမယ်ထင်ပါတယ်။ သူ့ရဲ့မန်ယူနည်းပြဘဝက မြင့်တဲ့အခါမြင့်တယ်။ နိမ့်တဲ့ အခါနိမ့်တယ်။ အရမ်း Fix ဖြစ်လွန်းပြီး ဒါဟာ အသင်းကြီးတစ်သင်းရဲ့နည်းပြဆိုတဲ့နေရာနဲ့ လုံးဝမထိုက်တန်ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ မန်ယူက ဒီရာသီကို စိတ်ပျက်စရာ ရှုံးပွဲနဲ့စတင်ခဲ့ပြီး၊ ဒုတိယပွဲ အနိုင်ရခဲ့တာလည်း ပြောစရာတွေအများကြီးရှိခဲ့တယ်။ အခု ဒီပွဲမှာတော့ ဂိုးပြတ်ရှုံးခြင်းဆိုတာထက် ပိုကြီးမားတဲ့အကြောင်းအရာက ခံစစ်က မနှစ်ကထက်တောင် ပိုဆိုးလာပြီး၊ ကွင်းလယ်က သိသိသာသာကျဆင်းသွားတယ်။ တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း သာမန်အလုပ်ကို လုပ်နေ သလိုသာဖြစ်ပြီး ဘာမှ ထူးထူးခြားခြားမရှိဘူး။ ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ယုံကြည်မှုချင်း ယှဉ်ရင်တောင် စပါးကစားသမားတွေက ခေါင်းတစ်လုံးလောက်သာနေတဲ့ အနေအထားဖြစ်နေတယ်။

ပေးလိုက်ရတဲ့ ဂိုးတွေကို ကြည့်ရင် ခံစစ်က တစ်ဦးချင်းအမှားတွေရော၊ စုဖွဲ့ကစားပုံရော အားနည်းတာကို တွေ့ရ တယ်။ မန်ယူကွင်းလယ်ရဲ့ ကစားကွက်ထိန်းချုပ်တဲ့ပုံစံက အားနည်းချက်တွေရှိလာပြီး၊ ဘရူနိုဖာနန်ဒက်စ်က ခံစစ်ကို စိတ်မဝင်စား၊ မာတစ်- ပေါ့ဘာအတွဲရဲ့ ဘောလုံးဖြန့်ဝေမှုတွေက စိတ်ပျက်စရာဖြစ်ပြီး တိုက်စစ်က သာမန်ပါပဲ။ မာစီယဲလ်ရဲ့အနီကတ်ကတော့ Stupid ဖြစ်လို့ကို အပြခံလိုက်ရတာဖြစ်ပြီး ဥပဒေအရ ဆုံးဖြတ်သွားတယ်လို့ပဲ ဆိုရမယ်။ စပါးက မာကျောပြီး၊ ဟန် ချက်ညီတယ်။ အန်ဒွန်ဘီလီ၊ လာမယ်လာတို့ အသုံးဝင်လာတာက အသင်းကို ပိုအားကောင်းလာစေပြီး၊ အဖွင့်ဂိုးမှာ လာမယ်လာရဲ့ ရုန်းအားက အဓိကကျခဲ့တယ်။ ဆုံးဖြတ်ချက်ကြန့်ကြာတာမျိုးတွေရှိပေမယ့် တချို့အခိုက်အတန့်တွေမှာ သူရှိနေခြင်းက Hold-up Play ကို ပိုအားကောင်းစေပြီး၊ ဟာရီကိန်းကို ပိုလွတ်လပ်စေတာ တွေ့ရတယ်။

လာမယ်လာ ပြန်ကောင်းလာကတည်းက ဟာရီကိန်းက Space တွေ အများကြီးရနေပြီး၊ ဆွန်ကတော့ မနှစ်ကနဲ့ ယှဉ်ရင် ခံစစ်ဇုန်ကို ဆင်းပေးရတာမျိုး နည်းသွားပြီး၊ တိုက်စစ်မှာ ဂိုးရမယ့်လမ်းကြောင်းတွေထဲ ထိုးဝင်သွားတာတွေ အရမ်းကောင်းလာတယ်။ စပါးက ပိုပြီးကောင်းလာနိုင်သေးတယ်လို့လည်း ခံစားရတယ်။ စပါးအတွက်ဂိုးတွေကို (၄)မိနစ်မှာ အန်ဒွန်ဘီလီ၊ (၇၊ ၃၇) မိနစ်တွေမှာ ဆွန်ဟောင်မင်၊ (၃၀၊ ၇၉)မိနစ်တွေမှာ ဟာရီကိန်းနဲ့ (၅၁)မိနစ်မှာ အော်ရီယေးတို့ကသွင်းခဲ့ပြီး ဟာရီကိန်းရဲ့ ဒုတိယဂိုးက ပယ်နယ်တီကနေရခဲ့တာဖြစ်တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular