အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ အပေါ် ကာကွယ်ပြောဆိုပေးသွား ခဲ့တဲ့ ဆိုးရှား

မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အိုလီဂန်နာ ဆိုးရှား ကတော့ အသင်းရဲ့ အပြောင်း အရွှေ့ ဈေးကွက် အတွင်း လုပ်ဆောင် မှုတွေ နဲ့ ပတ်သက်ပြီး ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ ယခု အပြောင်း အရွှေ့ ကာလ အတွင်းမှာ ဒွန်နီ ဗန်ဒီဘိ တစ်ဦး ကိုသာ ခေါ်ယူ ထားနိုင် ခဲ့ပြီး ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဒေါ့မွန် တောင်ပံ ကစား သမား ဂျေဒန် ဆန်ချို ကိုတော့ ခေါ်ယူ ပေးနိုင်ခြင်း မရှိခဲ့ ပါဘူး ။

ယူနိုက်တက် ရဲ့ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး ၊ မန်စီးတီး ၊ လီဗာပူး ၊ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ အားလုံးဟာ ဒီနှစ် နွေရာသီ မှာ အင်အား ဖြည့်တင်းမှု တွေ အသီးသီး ပြုလုပ် ထားခဲ့ ကြသလို လက်ကျန် အချိန်တွေ မှာလည်း ထပ်မံ ခေါ်ယူ ဖို့ လှုပ်ရှား နေကြဆဲ ဖြစ်ပါတယ် ။

myan789

ဒီလို အချိန် မှာ ယူနိုက်တက် ရဲ့ လုပ်ဆောင်မှုတွေ ဟာ ပရိသတ်တွေ အပေါ် အားမလို အားမရ ဖြစ်လာ စေခဲ့ပြီး အသင်း အမှုဆောင် ဝုဒ်ဝက် နဲ့ ပိုင်ရှင် ဂလေဇာ မိသားစု ကို ဆန့်ကျင် ဝေဖန်မှုတွေ ပြုလုပ် လာခဲ့ ကြပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးရှား က တော့ အသင်းရဲ့ အကြီးအကဲတွေ ဘက်ကနေ ကာကွယ် ရပ်တည် ပေးသွားခဲ့ ပါတယ် ။

“အပြောင်း အရွှေ့ မှာ တစ်ယောက်ပဲ ခေါ်ရ သေးတယ်လို့ ပြောနေ ကြတာတွေ က ဒွန်နီ ဗန်ဒီဘိ အပေါ် မလေးစားရာ ရောက်ပါတယ် ။ ဟုတ်ပါတယ် ၊ ကျွန်တော်တို့ တစ်ယောက် တည်းပဲ ခေါ်ထားရ ပါသေးတယ် ၊ ဒါပေမယ့် အဲ့ဒိ တစ်ယောက် က ထိပ်တန်းဆင့် ကစား သမားပါ”

“ဒွန်နီ က ကျွန်တော်တို့ ကို ပိုပြီး အင်အား ကောင်းလာ စေမယ့်သူပါ ၊ အခု အချိန်က ဘယ်သူတွေ ရောက်လာ မလဲ ဆိုတာကို မျှော်တွေး နေတာထက် ကိုယ့်မှာ ရှိနေတဲ့ သူတွေ အပေါ် အာရုံစိုက်ပြီး လေ့ကျင့် လုပ်ဆောင် ကြရမယ့် အချိန်ပါ”

“အခြား အသင်းတွေ က သူတို့ ဆန္ဒ ရှိသလို ၊ သူတို့ ယုံကြည် သလို လုပ်နိုင်ပါတယ် ၊ ကျွန်တော်တို့ မှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အဆင့်မီ တဲ့ အသင်းတစ်သင်း ရှိပါတယ် ။ တကယ်လို့ ထူးခြားတာ ရှိလာရင် ( အပြောင်း အရွှေ့ နဲ့ ပတ်သက်ပြီး ) ကျွန်တော် အသိပေး သွားမှာပါ” လို့ ဆိုးရှား က ယမန်နေ့ က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ယနေ့ ည မှာ ဒုတိယ မြောက် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ အပတ်က ပဲလေ့စ် အသင်း ကို ၃ – ၁ နဲ့ ရှုံးနိမ့် ခဲ့ပြီး ရာသီသစ် ကို အမှတ် ဗလာ နဲ့ ဖွင့်လှစ် ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲမှာ ယူနိုက်တက် ခံစစ် ရဲ့ အားနည်းချက်တွေ ထပ်မံ ပေါ်ပေါက် ခဲ့ပြီး နောက်တန်း ကစား သမားသစ် ခေါ်ယူ ပေးဖို့ တောင်းဆိုမှုတွေ ပိုမို ပြင်းထန် လာခဲ့ ပါတယ် ။ ဒါ့အပြင် ရှေ့တန်း တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရက်ဖိုဒ့် ၊ မာရှယ် ၊ ဂရင်းဝုဒ် တို့ ရဲ့ အနေအထား ကိုလည်း အားမရသူတွေ ရှိလာခဲ့ကြ ပေမယ့် ဆိုးရှား ကတော့ သူ့ရဲ့ လူစာရင်း ဟာ တောင့်တင်း နေပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ မှာ ဂိုး ၆၀ သွင်း ခဲ့တဲ့ ရှေ့တန်း ၃ ယောက် ရှိပါတယ် ။ ဘယ်သူက ဘယ်လောက် လဲဆိုတာ တော့ သေချာ မမှတ်မိ တော့ပါဘူး ။ ပြီးတော့ ဘရူနို ဖာနန်ဒက်စ် ရှိပါတယ် ။ သူက ပင်နယ်တီ တွေ ၊ ဖရီးကစ် တွေ မှာလည်း အားကိုးရတဲ့ သူပါ”

“တည်ကန်ဘော တွေကနေ ခြိမ်းခြောက်မှု အပိုင်းမှာလည်း ဟယ်ရီ မက်ဂွဲယား က ဒီလိဂ် မှာ အကောင်းဆုံး စာရင်းဝင်ပါ ။ ဒီထက်ပိုပြီး ရနိုင် ဦးမလား ? ရနိုင်ပါတယ် ၊ ကျွန်တော့ ကွင်းလယ် မှာ ဂိုးသွင်း နိုင်တဲ့ ကစား သမားတွေ ရှိနေ ပါသေးတယ်”

“အရန်ခုံမှာ လည်း မာတာ ၊ လင်ဂတ် တို့ ဟာ ဂိုးတွေ သွင်း ၊ ဂိုးတွေ ဖန်တီး နိုင်တဲ့ သူတွေပါ ။ ဒါကြောင့် ခုနှစ်မှာ တစ်ယောက်တည်း ခေါ်ထား သေးလို့ အပြောင်း အရွှေ့ လုပ်ဆောင်မှုတွေ အပေါ် ကျွန်တော် စိတ်ပျက် နေတယ်လို့ ထင်နေ ရင်တော့ ဒါဟာ ဒွန်နီ့ အပေါ် မလေးစားရာ ရောက်တာ ပါပဲ” လို့ ဆိုးရှား က ထပ်လောင်း ပြောကြား သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular