‘ အသင်းမှာ အမြဲတမ်း သူများတွေ အတွက် ပြသနာကောင်လို ဖြစ်နေရတာ ပင်ပန်းလှပြီ ‘ #မက်ဆီ

ဘာစီလိုနာ နဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း တွေရဲ့ စူပါစတား ဖြစ်သူ လီယွန်နယ် မက်ဆီက သူ့ အပေါ် ဝေဖန်မှု တွေကို လုပ်ဆောင် ခဲ့တဲ့ အသင်းဖော် အန်တွိုင်းနီ ဂရစ်ဇ်မန်း ရဲ့ ဦးလေး ဖြစ်သူကို ပြန်လည် တုန့်ပြန် စကား ပြောကြား သွားခဲ့လိုက် ပါပြီ ။

ဂရစ်ဇ်မန်း ဆိုတာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်း တွေမှာ အထူး ခြေစွမ်းကောင်း တွေကို ပြသ ထားနိုင် ခဲ့တဲ့ အတွက် ဘာစီလိုနာ အသင်းက သူ့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူ ခဲ့ပြီး အသင်းကို အင်အား တောင့်တင်း စေခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် ဘာစီလိုနာ အသင်း နဲ့ ကစားဟန် မတူတဲ့ အသင်း တွေမှာ ကစားခဲ့ ရတဲ့ ဂရစ်ဇ်မန်း ဟာ ကတ်တလန် အခြေစိုက် ထိပ်သီး ကလပ်မှာ ပုံစံကောင်း တွေကို ဆက်လက် ပြသ နိုင်ပါ့မလား ဆိုပြီး မေးခွန်း ထုတ်သူတွေ အတော်လေး များခဲ့ကြ ပါတယ် ။

အချို့ ကတော့ စပိန် မြေမှာ ကစားတာ ကြာခဲ့ပြီ ဖြစ်တဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ အသင်း နဲ့လည်း အမြဲလို ရင်ဆိုင် နေခဲ့ ရတဲ့ အတွက် ဒီလို ကစားဟန် တွေနဲ့ အကျွမ်းဝင် နေမှာပါ ၊ 6လ လောက် နေရင် ပုံစံကောင်း တွေကို ပြသ နိုင်လိမ့်မယ် ဆိုတဲ့ သုံးသပ်မှု တွေကို လုပ်ဆောင် ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ဂရစ်ဇ်မန်းဟာ အခုထက်ထိ ဘာစီလိုနာ အသင်း အတွက် ပုံစံကောင်း တွေကို ပုံမှန် ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့ အနေအထား တစ်ရပ်မှာ သူ့ရဲ့ ဦးလေး ဖြစ်သူ အီမန်နျူရယ် လိုပတ်ဇ် နဲ့ အေးဂျင့် ဖြစ်သူ အဲရစ် အိုလ်ဟတ် တို့က မက်ဆီရဲ့ အလုပ် မကြိုးစားမှု ဆိုတဲ့ ခေါင်းစဉ်ကို သုံးပြီး ဝေဖန် သွားခဲ့ကြ ပါတယ် ။

” ဂရစ်ဇ်မန်းဟာ 6 လ အတွင်း အောင်မြင် နိုင်ဦးမှာ မဟုတ်လောက်ဘူး ဆိုတဲ့ အတွေးတော့ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် တစ်နှစ် ကြာတဲ့ အချိန် အထိ သူဟာ ဘာစီလိုနာ အသင်းမှာ အံဝင် နိုင်ဦးမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းအရာ ကတော့ ကျွန်တော် လုံးဝ မမျှော်လင့် ထားခဲ့တဲ့ ကိစ္စ ဖြစ်ခဲ့ရ ပါတယ် ”

” မက်ဆီ ဘေးနားမှာ ရှိနေတဲ့ အဲ့ဒီ အသင်းမှာ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာကို ကျွန်တော် သိပါတယ် ။ ဒါက မလွယ်ကူ ပါဘူး ။ အခြေခံ ကျကျ ပြောရမယ် ဆိုရင် မက်ဆီဟာ ဘာကာမှာ လုံလောက်စွာ အလုပ်တွေ ကြိုးစား အားထုတ်မှု မရှိခဲ့ ပါဘူး ”

” အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ကလည်း အချို့လူ တွေကို စိတ်ကျေနပ်စေလောက်အောင် လုပ်ဆောင် ထားခဲ့သလို ပါပဲ ။ အကယ်လို့ ခင်ဗျားဟာ အလုပ်တွေ မကြိုးစားလိုဘူး ဆိုရင်တော့ ဒီ အစီအစဉ် က ကောင်းလှ ပါတယ် ” လို့ လိုပက်ဇ် က ဝေဖန် သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ အာဂျင်တီးနား အသင်းအတွက် ကစားပေး ခဲ့တဲ့နောက် ကတ်တလန် မြေကို ပြန်လာ ခဲ့တဲ့ မက်ဆီဟာ လေဆိပ်မှာပဲ အင်တာဗျူး လုပ်ခဲ့ ရပြီး အခွန် ကိစ္စ နဲ့ ပတ်သက်လို့ သူ့ကို စုံးစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့ သေးကြောင်း Goal က အတည်ပြု ပြောကြား သွားခဲ့လိုက် ပါတယ် ။ အဆိုပါ အင်တာဗျူးမှာ …

” အသင်းမှာ အမြဲတမ်း သူများတွေ အတွက် ပြသနာကောင်လို ဖြစ်နေခဲ့ရတာ ပင်ပန်းလှ ပါပြီ ။ ကျွန်တော်ဟာ အချိန် 15 နာရီလောက် လေယာဉ်စီးပြီးမှ ဒီကို ပြန်ရောက် လာခဲ့တာပါ ။ ဒီကို ရောက်တာ နဲ့ ကျွန်တော်ဟာ အခွန် အေးဂျင့် တစ်ယောက် နဲ့ တန်းပြီး တွေ့ဆုံ လိုက်ရတယ် ။ ဒါ ဟာသ ပါပဲ ” လို့ မက်ဆီက ပြန်လည် တုန့်ပြန် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular