အမှတ် (၁၀၀) မရခဲ့သော်လည်း ယခုရာသီ လီဗာပူးလ်အသင်း၏ စွမ်းဆောင်မှုကို ဂွါဒီယိုလာ ချီးကျူး

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် အမှတ်(၁၀၀) မရခဲ့သော်လည်း ၎င်းတို့၏စွမ်းဆောင်မှုမှာ အလွန်ကောင်းမွန်ကြောင်း ချီးကျူးခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း ရမှတ်အများဆုံးအဖြစ် ၂၀၁၇-၁၈ ရာသီတွင် မန်စီးတီးအသင်းက ရမှတ် (၁၀၀) ဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုရာသီတွင် လီဗာပူးလ်အသင်းက ယင်းစံချိန်ကို ချိုးဖျက်နိုင်မည့် အခြေအနေမျိုးကို ပိုင်ဆိုင်ခဲ့သည်။

myan789

သို့သော် လီဗာပူးလ်အသင်းသည် ဇူလိုင် (၁၅)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အာဆင်နယ်အသင်း (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ် (၁၀၀) ရရှိမည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

လီဗာပူးလ်အနေဖြင့် ယင်းသို့အခွင့်အရေးမျိုးကို လက်လွှတ်ခဲ့ရသော်လည်း ယခုရာသီ လီဗာပူးလ်အသင်း၏ စွမ်းဆောင်မှုမှာ ချီးကျူးဂုဏ်ပြုရန် ထိုက်တန်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမှတ် (၁၀၀) မရတာ လီဗာပူးလ်ရဲ့ ဒီရာသီစွမ်းဆောင်မှုကို စက္ကန့်လေးတောင် မှေးမှိန်သွားအောင် မလုပ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ (၉၉)မှတ်ပဲ ရရ၊ အမှတ် (၁၀၀)ပဲရရ၊ (၁၀၇)မှတ်ရရ ဒီရာသီ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းလွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ထပ်ပြီးဂုဏ်ပြုရမှာပါ။ စံချိန်တွေဆိုတာ ကျိုးပျက်နိုင်ပါတယ်။ အနှေးနဲ့ အမြန်ပဲ ကွာတာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ရမှတ် (၁၀၀) ရဖို့ကလည်း လုံးဝမလွယ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီတုန်းက ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကဆို ကျွန်တော်တို့ (၉၈)မှတ် ရတယ်။ လီဗာပူးလ်က (၉၇)မှတ် ရတယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်း (၉၉) မှတ် ရနိုင်ပါသေးတယ်။ သူတို့ရဲ့ စွမ်းဆောင်မှု မယုံနိုင်စရာပါ။ ဒါက ဘာအကြောင်းနဲ့မှ ပြောင်းလဲမသွားပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက ၂၀၁၇-၁၈ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီး ရရှိခဲ့သည့် ရမှတ် (၁၀၀) စံချိန်ကို ချိုးဖျက်နိုင်မည့်အသင်း ပေါ်လာဦးမည်ဖြစ်သော်လည်း ယင်းရာသီက မန်စီးတီးအသင်း အကောင်းဆုံးစွမ်းဆောင်နိုင်သည်ဆိုသောအချက်မှာမူ ပြောင်းလဲသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular