အဖွင့်ပွဲမှာ အဲဗာတန်ကို ရှုံးနိမ့် ခဲ့တဲ့နောက် ကွင်းလယ်ဒိုင်နဲ့ အသင်းသားတွေကို ဝေဖန် အပြစ်တင်လိုက်တဲ့ မောရင်ဟို

တော့တင်ဟမ် ဟော့ စပါး အသင်းဟာ မနေ့ညက အိမ်ကွင်းမှာ အဲဗာတန် အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲ ကစားခဲ့ ရပြီး 0 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။ ဒါဟာ နိုင်ပွဲ တွေကို ဆာလောင် နေတတ်တဲ့ ဟိုဆေး မော်ရင်ဟို အတွက် စိတ်ပျက် စရာ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ်ရဲ့ ဒုတိယပိုင်း မှာတော့ အဲဗာတန် အသင်းမှ လူးကပ်စ် ဒစ်ဂ်နီဟာ ဖရီးကစ် ကန်ခွင့် ရရှိ ခဲ့ပြီး တိုက်စစ်မှူး ဖြစ်တဲ့ ကယ်လ်ဗတ် လီဝင် က အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်းလဲ သွားနိုင် ခဲ့တဲ့ အတွက် တော့တင်ဟမ် တို့ဟာ အဖွင့်ပွဲ မှာပဲ ရလဒ် ဆိုးရွားခဲ့ ကြတာပဲ ဖြစ်ခဲ့ရ ပါတယ် ။

myan789

အဆိုပါ ပွဲစဉ် အပြီး မှာတော့ တော့တင်ဟမ် နည်းပြ ဟိုဆေး မော်ရင်ဟို က ကွင်းလယ်ဒိုင် ဖြစ်သူ မာတင် အက်ကင်ဆန် ရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်တိုင်း အကျ ဖြစ်ခဲ့ ပေမယ့် သူ့ရဲ့ အသင်းသား အားစိုက်ထုတ်မှု နည်းပါး ခဲ့တဲ့ အပေါ် အဓိကထား ဝေဖန် အပြစ်တင် သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ဟာ ဖိအားပေး တိုက်စစ်ဆင် ရတဲ့ အချိန်တွေမှာ ပျင်းရိ နေခဲ့ကြ ပါတယ် ။ ဒါက ဆိုးရွား လှတဲ့ ကြံ့ခိုင်မုှ ၊ ဆိုးရွားတဲ့ ရာသီကြို ပြင်ဆင်မှု တွေရဲ့ အကျိုးဆက် တစ်ခု ပါပဲ ။ အချို့ ကစားသမားတွေ ဆိုရင် ရာသီကြို ပွဲစဉ်တောင် မကစားခဲ့ကြရသေး ပါဘူး ။ အချို့ ကစားသမား တွေက စိတ်ဓါတ် ခံယူချက် မှားယွင်း နေခဲ့ကြ ပါတယ် ”

” ကျွန်တော်ရဲ့ အသင်းကို ဒီနေ့တော့ မနှစ်သက် ခဲ့ရ ပါဘူး ။ ကျွန်တော် ကတော့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေ ၊ ကန်သင့်တဲ့ နေရာကနေ 6 မီတာလောက် နေရာရွှေ့ပြီး ဖရီးကစ် ကန်သွင်းတာကို ခွင့်ပြု ခဲ့တဲ့ အပေါ်လည်း ကျွန်တော် မနှစ်သက် ခဲ့ရ ပါဘူး ”

” ဒါပေမယ့် ကျွန်တော်တို့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု မကောင်းခဲ့ ကြသလို ပြင်းအားလည်း မရှိခဲ့ကြ ပါဘူး ။ ဟယ်ရီကိန်း ဆိုရင် ကျွန်တော် တို့နဲ့ တစ်ကြိမ်ပဲ လေ့ကျင့်ရပါ သေးတယ် ။ မူဆာ ဆစ်ဆိုကို ကတော့ နှစ်ကြိမ်ပေါ့ ။ ခြားနားတဲ့ အကြောင်းပြချက် တွေကြောင့် ကစားသမား တွေဟာ မလေ့ကျင့် ခဲ့ကြရ ပါဘူး ”

” ပြီးတော့ ကျွန်တော်တို့ အသင်းမှာ ကိုရိုနာ ပေါ့စတစ် ဖြစ်တဲ့ ကိစ္စ တွေလည်း ရှိနေ ခဲ့ပါ သေးတယ် ။ ကျွန်တော်တို့ရဲ့ အသင်းမှာ ကွာရန်တင်း ဝင်နေခဲ့တဲ့ ကစားသမားတွေ ရှိနေ ခဲ့ကြသလို လက်ရွေးစင် အသင်းဆီ ရောက်ရှိ နေခဲ့ ကြတဲ့ ကစားသမား တွေလည်း ရှိနေ ခဲ့ကြ ပါတယ် ”

” မတ် ဒိုဟာတီ ကတော့ သဘာဝ အလျောက် အံ့ဖွယ် ကြံ့ခိုင်မှုု အားကောင်းတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒါပေမယ့် သူက ကျွန်တော်တို့ ကစား စေလို ကြတဲ့ ကစားကွက် ထဲမှာ အံဝင် နိုင်အောင် ကစားပေး နိုင်ဖို့ အတွက် အတော်လေး ရုန်ကန် ခဲ့ရ ပါတယ် ”

” သူတို့ ချွန်ထွက် နေဖို့ ၊ ရွေးလျား ကစား နေဖို့ ၊ ပြင်းပြင်းထန်ထန် ကစားပြ နိုင်ဖို့ ကျွန်တော် မျှော်လင့်လို့ မရနိုင် ပါဘူး ။ ဒါပေမယ့် ကျွန်တော် ဒီထက် ပိုကောင်းဖို့တော့ မျှော်လင့်ခဲ့ ပါတယ် ။ အဲ့တာက ကျွန်တော့်ကို မကျေမနပ် ဖြစ်စေခဲ့ ပါတယ် ။ ကျွန်တော် မကျေမနပ် ဖြစ်နေရ ပါတယ် ။ ဒါပေမယ့် ကျွန်တော် အလုပ်တွေ လုပ်ရပါ ဦးမယ် ” လို့ မော်ရင်ဟို က ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular