spot_img

အနိုင်ရနေသည့်အချိန် ကစားသမားများ၏ခံယူချက် ပြောင်းလဲသွားခြင်းကို တူဟယ်လ် ဝေဖန်ခဲ့ပြီး ယခုကဲ့သို့ လုံးဝမဖြစ်သင့်ကြောင်း ပြောကြား

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ဇင်းနစ်အသင်းနှင့်ပွဲစဉ်တွင် (၃-၃)ဂိုးဖြင့် သရေကျခဲ့ပြီးနောက် မိမိတို့အသင်းသည် ဦးဆောင်ဂိုးရထားပြီးချိန်၌ ရုတ်တရက်ခံယူချက်ပြောင်းလဲသွားသည့်အတွက် ရလဒ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လုံးဝမဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။

”ကျွန်တော့်သုံးသပ်ချက်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့အသင်းဟာ ဦးဆောင်ဂိုးရပြီးချိန်မှာ အပြုအမူ၊ ခံယူချက်တွေ ပြောင်းသွားခဲ့ပါတယ်။ ဒါကြောင့် အခုလိုရလဒ် နဲ့ ကြုံတွေ့ခဲ့တာပါ။ ဒီလိုဖြစ်ဖို့အတွက် ကျွန်တော်တို့ ဘယ်တော့မှ မလုပ်ခဲ့သလို၊ ဒါမျိုးက ဘယ်တော့မှလည်း မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ အပြင်မှာ တကယ်လုပ်နေတာတွေက အမြင့်ဆုံးအဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ အရာမှန်သမျှကို လုပ်နေတာဖြစ်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အမြဲတွန်းအားပေးနေပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ပွဲတုန်းကရော၊ ဒီပွဲမှာပါ ဒီလိုမျိုးတွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အသင်းဖြစ်နေတယ်ဆိုတာကို မေ့လျော့ခဲ့ကြတယ်။ ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေ၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကြံ့ခိုင်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအရည်အသွေးတွေနဲ့ သက်ဆိုင်ပြီး ဒီအရာတွေအားလုံးမှာ ကျွန်တော်တို့ဟာ ပိုကောင်းတဲ့အသင်းဖြစ်ဖို့အတွက် လုံလောက်တဲ့အခြေအနေမှာ ရှိပါတယ်။ ဒါပေမဲ့ ကစားသမားတွေက ဒါကို မေ့လျော့နေကြတယ်”ဟု ပြောကြားခဲ့သည်။

myan789

တူဟယ်လ်သည် ဦးဆောင်ဂိုးရပြီးနောက်တွင် ယင်းရလဒ်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် ခံစစ်ကို အာရုံပိုစိုက်ခြင်းအပေါ် စိတ်ပျက်နေပြီး မိမိသည် ယခုကဲ့သို့ ဘယ်တုန်းကမှ လေ့ကျင့်ပေးထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အသင်း၏ စိတ်ပိုင်းဆိုင်ရာကို အမြန်ဆုံးပြုပြင်သွားရမည်ဟုလည်း ဆိုခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular