မန်ချက် စတာ ယူနိုက်တက် ဟာ မနက်ဖြန် မှာ မြို့ခံ ပြိုင်ဘက် မန်ချက် စတာ စီးတီး အသင်း နဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် ကို ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပြီး တိုက်စစ်မှူး အီဒီဆင် ကာဗာနီ ဟာ အဆိုပါ ပွဲစဉ် ကို ပါဝင် နိုင်မှာ မဟုတ်ကြောင်း နည်းပြ ဆိုးရှား က ယနေ့ ပြုလုပ်တဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ထည့်သွင်း ပြောကြား သွားခဲ့ ပါတယ် ။
ကာဗာနီ ဟာ ဆောက်သမ်တန် အသင်း ကို အနိုင် ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး ဆိုရှယ် မီဒီယာ ပေါ်မှာ မိတ်ဆွေ တစ်ဦး ကို ရေးသား ခဲ့တဲ့ စာသားမှာ အသား အရောင် ခွဲခြားတဲ့ စကားလုံး ပါရှိတယ် လို့ ဘောလုံး အဖွဲ့ချုပ် ရဲ့ သတ်မှတ် ခံခဲ့ ရမှု ကြောင့် ၃ ပွဲပယ် အပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် ၁ သိန်း ချမှတ် ခံခဲ့ရ ပါတယ် ။
ကာဗာနီ က သူ ဟာ အသားအရောင် ခွဲခြားတဲ့ အသုံးအနှုန်း ကို မပြောဆို ခဲ့ကြောင်း နဲ့ အဆိုပါ အပြစ်ဒဏ် ဟာ သူ့အတွက် မျှတမှု မရှိဘူးလို့ ယူဆခဲ့တာ ကြောင့် အယူခံ မဝင်ဘဲ နေခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ဗီလာ နဲ့ ပွဲမှာ ကာဗာနီ ဟာ ပထမ ပွဲပယ် အပြစ်ဒဏ် ကို ကျခံ ခဲ့ရ ပါတယ် ။
လာမယ့် မန်စီးတီး နဲ့ ပွဲ ကတော့ ကာဗာနီ ရဲ့ ဒုတိယ မြောက် ပွဲပယ် ခံရတဲ့ ပွဲ ဖြစ်ပြီး ဝက်ဖိုဒ့် နဲ့ ပိတ်ရက် မှာ ကစားမယ့် FA Cup Third Round ကိုလည်း လွဲချော် ဦးမှာ ဖြစ် ပါတယ် ။ ကာဗာနီ ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ မှာ ဘန်လေ နဲ့ ကစားမယ့် ပွဲကျန် မှာ အသင်း အတွက် ပြန်လည် ကစားပေး နိုင်မှာပဲ ဖြစ် ပါတယ် ။
“အီဒီဆင် မပါဝင် နိုင်တာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ပျက် ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူက ဒီပွဲ ကို လွဲမယ့် တစ်ယောက် တည်းသော သူတော့ မဟုတ်ပါဘူး ။ ဂျုံးစ် ကို ကျွန်တော်တို့ အကြာကြီး ဆုံးရှုံး ထားရ တုန်းပါပဲ ။ လောလောဆယ် အထိတော့ လူစာရင်းမှာ သူတို့ ၂ ယောက် ပဲ မပါ နိုင်တာပါ”
“ဒီပွဲ အတွက် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ဘာဆင်ခြေမှ မပေးဘဲ ဒီပွဲ ကို ပုံစံကောင်းကောင်း နဲ့ ကစား သွားမှာပါ ။ အသင်းသားတွေ က လည်း အဆင်သင့် ဖြစ်နေ ပါပြီ ။ ဒီပွဲ အတွက် သေချာ ပြင်ဆင် ထားပါတယ်” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ မနှစ်က ဘောလုံး ရာသီ တုန်းကလည်း ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် မှာ မန်စီးတီး ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ အရေးနိမ့်ပြီး ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒီနှစ် မှာတော့ သူတို့ ဒါကို ပြန်လည် လက်စားချေ နိုင်မလား ဆိုတာ စောင့်ကြည့် သွားရမှာပါ ။
အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် အဆင့်က စတင်ပြီး ပွဲချိန် အတွင်း ကစား သမား ၅ ဦး အထိ လူစားလဲခွင့် ပြုထား သလို အရန်လူ လည်း ၉ ဦး အထိ ထားရှိ နိုင်ကြောင်း စည်းမျဉ်း ပြောင်းလဲ ပေးလိုက်ပြီ ဖြစ် ပါတယ် ။ ဒါ့အပြင် အချိန်ပို ဆက် ကစား ရပါက ဆဌမ မြောက် လူစားလဲမှု ကိုလည်း ခွင့်ပြု ပေးသွား မှာ ဖြစ် ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ ပွဲစဉ် က အနိုင် ရရှိ လာမယ့် အသင်းဟာ စပါး – ဘရန့်ဖိုဒ့် ပွဲစဉ် က အနိုင်ရလာမယ့် အသင်းနဲ့ လာမယ့် ၂၀၂၁ ဧပြီလ ထဲ မှာ ဗိုလ်လုပွဲ ကို ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။ ကာရာဘောင် ဖလား ဖိုင်နယ် ကို ယခင်နှစ်များက ဖေဖော်ဝါရီ လ အတွင်း ပြုလုပ်လေ့ ရှိပေမယ့် ယခု နှစ် မှာတော့ ၂ လ နောက်ဆုတ် ကစား သွားမှာပဲ ဖြစ် ပါတယ် ။