အတ္တလန်တာ နဲ့ ပွဲအမှီ ဒဏ်ရာ က ပြန်ကောင်းအောင် ကုသပေးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ ဆေးအဖွဲ့ အပေါ် ကျေးဇူးတင်စကား ဆိုလာတဲ့ #အမ်ဘတ်ပေ

မနေ့ည က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမှာ ပီအက်စ်ဂျီ အသင်း ဟာ အတ္တလန်တာ အသင်း ကို နာကျင် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ဂိုး နဲ့ အတူ ၁ – ၂ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ နောက်ဆုံး ၂၅ နှစ်အတွင်း ဆီမီးဖိုင်နယ် အဆင့် သို့ ပထမဆုံး အကြိမ် တက်ရောက် သွားခဲ့ပါတယ် ။

ဒီပွဲမှာ အဖွင့်ဂိုး ကို အတ္တလန်တာ အသင်း ဟာ ပွဲချိန် မိနစ် ၃၀ အတွင်း ရရှိခဲ့တာ ဖြစ်ပေမယ့် ၊ ပွဲပြီးခါနီး အထိ တောက်လျှောက် တင်းခံလာခဲ့ပြီးမှ နောက်ဆုံး မိနစ် အနည်းငယ် အတွင်းမှာမှ ချေပဂိုး နဲ့ အနိုင်ဂိုး တွေ ပေးခဲ့ရတာ အတော်လေး ကို ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ် ။

myan789

ပီအက်စ်ဂျီ အသင်း ဟာ ဒီ သွင်းဂိုး ၂ဂိုး မတိုင်မီကလည်း အခွင့်အရေးကောင်း တချို့ ကို ရခဲ့ပေမယ့် ၊ အပြည့်အဝ အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး ။ ပါဘလို ဆာရားဘီးယား အစား စူပါစတား တဦး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘတ်ပေ လူစားဝင် ကစားတဲ့ အချိန် က စပြီး ပီအက်စ်ဂျီ ရဲ့ တိုက်စစ် က ပိုပြီး အသက်ဝင် လှုပ်ရှားခဲ့ပါတယ် ။

အမ်ဘတ်ပေ ဟာ ဒီပွဲမတိုင်ခင် ဇူလိုင် ၂၄ ရက်နေ့က ကစားခဲ့တဲ့ စိန့်အက်တီယန် နဲ့ ပြင်သစ်လိဂ် ဖလား ဗိုလ်လုပွဲ မှာ ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ပြီး ၊ မနေ့ည က ပွဲကို လွဲချော်နိုင်တယ် လို့လည်း သတင်းတွေ တောက်လျှောက် ထွက်ခဲ့ပါတယ် ။

သို့ပေမယ့် ပီအက်စ်ဂျီ ဆေးအဖွဲ့ ရဲ့ စွမ်းစွမ်းတမံ ကြိုးစား ကုသပေးမှု ကြောင့် အမ်ဘတ်ပေ ဟာ အတ္တလန်တာ နဲ့ ပွဲအမှီ ဒဏ်ရာ က ပြန်သက်သာခဲ့ပြီး ၊ ကြံ့ခိုင် ၁၀၀ ရာခိုင်နှုန်း မပြည့်ဝသေးတဲ့ အတွက် နည်းပြ ဖြစ်သူ သောမတ် တူချယ် က ၎င်းကို ပွဲထုတ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး ။

ဒုတိယပိုင်း မှာတော့ အမ်ဘတ်ပေ ကို မဖြစ်မနေ လူစားလဲခဲ့ရပြီး ၊ ၎င်းရဲ့ ကြိုးစားမှုတွေကြောင့် ချေပဂိုး နဲ့ အနိုင်ဂိုး တွေ ဖြစ်လာရတယ် လို့လည်း တမျိုးတဖုံ သုံးသပ်ရမှာပါ ။ ချူပိုမိုတင်း ရဲ့ အဖိုးတန် နောက်ကျ အနိုင်ဂိုး ကို အမ်ဘတ်ပေ က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီး ကိုယ်ပိုင် တွစ်တာ စာမျက်နှာပေါ်က တဆင့် အမ်ဘတ်ပေ က ပီအက်စ်ဂျီ ဆေးအဖွဲ့ ကို အထူး ကျေးဇူးတင်တဲ့ အနေနဲ့ ” ကျွန်တော့ ရဲ့ နာကျင်မှုတွေ အကြောင်းတော့ ခင်ဗျားတို့ လာမပြောပါနဲ့ ။ အခုလို ဒီနေ့ပွဲကို ကျွန်တော် ပြန်ကစားခွင့် ရအောင် ကုသပေးခဲ့တဲ့ ပီအက်စ်ဂျီ ဆေးအဖွဲဝင်တွေကို အထူးပဲ ကျေးဇူးတင်လိုပါတယ် ။ ”

” ကျွန်တော်တို့ကလွဲပြီး ဘယ်သူမှ ဒါကို မယုံကြည်ခဲ့ပါဘူး ။ အသင်းသား အားလုံး ကိုလည်း ဂုဏ်ပြုပါတယ် ။ ကျွန်တော်တို့ဟာ ဒီတကြိမ်တော့ အရယူချင်ပါတယ် ။ ” လို့ ရေးသားခဲ့ပါတယ် ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီ ချန်ပီယံလိဂ် comeback နိုင်ပွဲဟာ ပီအက်စ်ဂျီ အသင်း စတင် တည်ထောင်တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့လေးလည်း ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီ နည်းပြ တူချယ် က အခုလိုပဲ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော့ ခြေထောက် ၂ဖက်လုံးသာ ကောင်းခဲ့ရင် ဒီနေ့ နိုင်ပွဲ အတွက် ကျွန်တော် ဘယ်လောက်ထိ ခုန်ပေါက် အောင်ပွဲခံနေမလဲ ဆိုတာ ခင်ဗျားတို့ စဉ်းစားသာကြည့်ပါ ။ ဒီနေ့ ဟာ ကျွန်တော်တို့ အသင်း ရဲ့ အနှစ် ၅၀ပြည့် မွေးနေ့ပါ ။ ဒီနေ့ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ”

” ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်ရောက်လာရလို့လည်း အရမ်းပဲ ဝမ်းသာရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီရာသီ မှာ ကျွန်တော် တို့ဟာ ဖလား ၄လုံး နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် ကို ရောက်လာခဲ့တာ ဖြစ်လို့ သမိုင်းဝင် နှစ်တနှစ် ဖြစ်နှင့်နေပါပြီ ။ ”

” ပွဲချိန် ၈၈ မိနစ် အထိ ကျွန်တော် ဟာ ကိုယ့်အသင်း ကစားပုံ နဲ့ ခံယူချက် အပေါ် သံသယ ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် ဟာ လက်တွေ့ကျသူ တယောက်ပါ ။ ဒါပေမယ့် လက်ကျန် ပွဲချိန် အနည်းငယ် အတွင်းမှာ ကျွန်တော်တို့ အသင်း ဂိုးပြန်သွင်းနိုင်မယ် ဆိုတာကိုတော့ ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့ပါတယ် ။ ”

” ကျွန်တော့ လက်ထောက် တွေကို ‘ ငါတို့ ချေပဂိုး သာ ရခဲ့ရင် ၊ နောက်တဂိုးပါ ထပ်ရလာလိမ့်မယ် ‘ လို့ ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ပွဲကောင်း တပွဲကို ကစားခဲ့ရတာ ဖြစ်ပြီး ၊ ဆီမီးဖိုင်နယ် ကိုလည်း ထိုက်ထိုက်တန်တန် တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။ ”

” နာကျင် အချိန်ပို မှာ သွင်းဂိုး ၂ဂိုး ရခဲ့တာ ဖြစ်လို့ ကံတရား ရဲ့ ဖေးမမှု အနည်းငယ် ပါတယ် လို့ ပြောနိုင်ပေမယ့် ၊ ဒီ နိုင်ပွဲ နဲ့ ကျွန်တော်တို့နဲ့ ထိုက်တန်မှု ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ပီအက်စ်ဂျီ အသင်း ဟာ ဆီမီးဖိုင်နယ် မှာတော့ ယနေ့ည မှာ ကစားမယ့် လစ်ပ်ဇစ် – အက်သလက်တီကို ပွဲမှ အနိုင်ရမယ့် အသင်း နဲ့ ထိပ်တိုက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular