အတူ တွဲဖက် ကစားချင် သေးတဲ့ အသင်းဖော်ဟောင်း တစ်ဦး အမည်ကို ဖွင့်ပြောလိုက်တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ပြီးခဲ့တဲ့ နွေတုန်းက အသင်းမှ ထွက်ခွာ သွားခဲ့တဲ့ အသင်းဖော် ကွင်းလယ်လူ အိန်ဂျယ် ဂိုမက်ဇ် နဲ့ အတူ တစ်ဖန် ပြန်လည် ကစားချင်သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အသက် 20 သာ ရှိနေ သေးတဲ့ ကွင်းလယ် တိုက်စစ် ကစား သမား ဖြစ်သူ အိန်ဂျယ် ဂိုးမက်စ် ဟာ ငယ်မွေး ခြံပေါက် အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ စာချုပ် သက်တမ်း မတိုးမြှင့်ခဲ့ပဲ ပြီးခဲ့တဲ့ နွေတုန်းက ပြင်သစ် ကလပ် လိုင်လီ အသင်းဆီ 5 နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။

myan789

အခုလို လုပ်ဆောင်ခဲ့ ရခြင်းရဲ့ အဓိက အကြောင်းအရင်း ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူဟာ ပွဲထွက်ခွင့် ရနိုင်ဖို့ မလွယ်ကူတော့လို ပါပဲ ။ ဒါပေမယ့် သူဟာ လိုင်လီ အသင်းဆီ ပြောင်းပြီး မကြာမီ မှာပဲ ပေါ်တူဂီ အခြေစိုက် ဘိုအာဗစ်စတာ အသင်းဆီ အငှားချ ခံခဲ့ လိုက်ရ ပါတယ် ။

ဒါပေမယ့် သူဟာ ပေါ်တူဂီ မြေကို ရောက်ပြီးနောက် ဘိုအာဗစ်စတာ အသင်း အတွက် ကစားပေး ခဲ့တဲ့ ပထမဆုံး အဖွင့် ပွဲစဉ် မှာပဲ အသင်းဖော်တွေ အတွက် ဟတ်ထရစ် ဂိုး ဖန်တီးမှု လုပ်ဆောင် နိုင်ခဲ့ပြီး သတင်းစာ တွေရဲ့ ခေါင်းကြီးပိုင်း သတင်းမှာ ပါဝင် လာခဲ့ရ ပါတယ် ။

ဒါ့အပြင် မိုရေးရန့်စ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူဟာ ကွင်းလယ် ကနေ အလန်းစား ဂိုး သွင်းယူ နိုင်ခြင်းဖြင့် သတင်းစာ တွေမှာ ပါဝင်ခွင့် ဆက်လက် ပိုင်ဆိုင် နိုင်ခဲ့ပြန် ပါတယ် ။ အခုတော့ သူဟာ အသင်း အတွက် 5 ပွဲ ကစားပေးခဲ့ပြီးနောက် 3 ဂိုးသွင်း ၊ 3 ဂိုး ဖန်တီး ပေးနိုင် ခဲ့ပြီး အဓိက ကစားသမား ဖြစ်နိုင်ခဲ့ ပါပြီ ။

ထို့အတူ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ကလည်း သူဟာ အသင်းဖော်ဟောင်း ဖြစ်သူ ရဲ့ အရည်အသွေး အပေါ် ဘယ်တုန်း ကမှ သံသယ မဖြစ်ခဲ့ကြောင်း ၊ အခွင့် ရှိပါက အတူ တွဲဖက် ကစားချင် သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူ့အကြောင်း ပြောရတာ ပျော်ရွှင်စရာပါပဲ ။ သူဟာ ဘိုအာဗစ်စတာ မှာ အလုပ်တွေ အရမ်း ကောင်းအောင် လုပ်ပြ နိုင်ခဲ့တယ် လို့ ကျွန်တော် ခံစား နေရ ပါတယ် ။ ကျွန်တော်တို့ ဖုန်းထဲမှာ ပုံမှန် စကား ပြောဖြစ် ကြပြီး ကျွန်တော်ဟာ သူ့ကို အကြိမ် များစွာ ဂုဏ်ပြု စကားတောင် ပြောခဲ့ပြီး ပါပြီ ”

” ဒါဟာ တစ်ကယ့်ကို ကောင်းမွန်တဲ့ လက္ခဏာ တစ်ခု ပါပဲ ။ သူ့ရဲ့ ကွင်းလယ် ကနေ ဂိုး သွင်းယူ ခဲ့တဲ့ ကန်ချက် ဟာ ဆိုရင် လူမှု ကွန်ယက် အထက်မှာ အရမ်းကို ပျံ့နှံ့ သွားခဲ့ပါ သေးတယ် ။ ခမ်းနားတဲ့ သွင်းဂိုး ပါပဲဗျာ ။ ဒါပေမယ့် သူ့ရဲ့ ပါရမီ တွေကို သိထားတဲ ကျွန်တော့် အတွက် ဒါက အံ့သြစရာ မဖြစ်ခဲ့ရ ပါဘူး ”

” သူ့ဆီမှာ မယုံကြည်နိုင်ဖွယ် အရည်အသွေးကောင်းတွေ ရှိနေ ပါတယ် ။ သူနဲ့ အတူ တွဲကစားခဲ့ ဖူးတဲ့သူ တိုင်းက သူ့ရဲ့ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ပါရမီ အကြောင်း သိကြ ပါတယ် ။ သူနဲ့ အတူ ငယ်စဉ် ကတည်းက လေ့ကျင့် ခဲ့တဲ့ ကျွန်တော့် အတွက်တော့ သူ အောင်မြင် လိမ့်မယ် ဆိုတာ အလွယ်တကူ ကြိုသိနိုင်ခဲ့ ပါတယ် ”

” သူဟာ ထိပ်တန်း အဆင့်ကို ရောက်နိုင်ဖို့ အရာရာ တိုင်းကို ပိုင်ဆိုင် ထားပါတယ် ။ သူဟာ ကွင်းလယ် တိုက်စစ် ကစားတဲ့သူ တစ်ဦးပါ ။ ဒါပေမယ့် သူဟာ ဘောလုံးကိုင် ကစားနိုင်တဲ့သူ တစ်ဦး ဖြစ်တဲ့ အတွက် တိုက်စစ်ပိုင်မှာ နေရာတိုင်း တူညီတဲ့ စွမ်းဆောင်ရည် ပြရင်း ကစားပေး နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ပြောနိုင် ပါတယ် ”

” သူနဲ့ အတူ တွဲဖက် ကစား ရတာ လွယ်ကူလှ ပါတယ် ။ သူဟာ သဘာဝ ကျကျ ကစားသူ တစ်ဦး ပါပဲ ။ သူဟာ ဘောလုံးကို အမြန် ပေးဖို့ အမြဲလို စောင့်ကြည့် နေသူ တစ်ဦး ပါပဲ ။ အဲ့တာက ပြိုင်ဖက် ခံစစ် ကစားသမား တွေကို အငိုက်မိ စေပြီး အသင်း အတွက် ဂိုးသွင်းခွင့် တွေကို ဖြစ်စေ နိုင်တယ်လေ ”

” သူဟာ ဂိုးတွေ အများကြီး ဖန်တီး ပေးနိုင်မယ့်သူ ပါပဲ ။ သူဟာ ခမ်းနားတဲ့ အသင်းဖော်ကောင်း တစ်ဦး ပါပဲ ။ ကျွန်တော် သေချာပေါက် မျှော်လင့်နေမယ့် အရာ တစ်ခု ကတော့ သူနဲ့ အတူူတူ ပြန်လည် တွဲဖက် ကစားခွင့် ရရှိရေး ပါပဲ ။ ဒါက သေချာပေါက် ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည် နေတဲ့ ဆန္ဒ တစ်ခု ပါပဲ ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular