အင်တာမီလန် နဲ့ ပွဲကို ဗိုလ်လုပွဲ တစ်ပွဲလို ကစားခဲ့ကြောင်း နဲ့ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အပေါ် မှတ်ချက်ပေးလာတဲ့ ရာမိုစ့်

မနေ့ညက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၃) ယှဉ်ပြိုင် ကစားခဲ့ရာ သွင်းဂိုး သုံးဂိုး နဲ့ အထက် ၇ ပွဲ အထိ ရှိခဲ့ပြီး လိုကိုမိုးတစ် မော်စကို နဲ့ အက်သလက်တီကို မက်ဒရစ် ပွဲတစ်ပွဲသာ သွင်းဂိုး နည်းပါး ခဲ့ပါတယ် ။ ဂိုးများခဲ့တဲ့ ပွဲတွေမှာ ဂိုးပြတ် အနိုင်ရတဲ့ပွဲ ၅ ပွဲ အထိ ရှိပြီး နှစ်ပွဲသာ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ ခဲ့ရပါတယ် ။

မနေ့ညက အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ ပွဲကတော့ လာလီဂါ ချန်ပီယံ ရီးရဲလ် မက်ဒရစ် နဲ့ မနှစ်က ယူရိုပါလိဂ် ဖိုင်နယ် အထိ တက်လှမ်း ခဲ့တဲ့ အင်တာမီလန် တို့ ထိပ်တိုက်တွေ့တဲ့ ပွဲပါ ။

myan789

နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်မှာ နိုင်ပွဲ မရသေးတာကြောင့် ကြိုးစား ရုန်းကန် ခဲ့ကြပြီး ရီးရဲလ် မက်ဒရစ် အသင်း က အင်တာမီလန် အသင်းကို သုံးဂိုး နှစ်ဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘန်ဇီးမား ၊ ရာမိုစ့် တို့ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် အင်တာမီလန် ဘက်က မာတီနက်ဇ် ၊ ပါရီဆစ် တို့က ချေပဂိုးတွေ ပြန်လည် သွင်းယူ ခဲ့ပါတယ် ။ ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာတော့ လူစားဝင် တိုက်စစ်မှူး ရိုဒရီဂို က အနိုင်ဂိုး သွင်းယူ ပေးခဲ့တာကြောင့် ရီးရဲလ် မက်ဒရစ် တို့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ရရှိ သွားခဲ့ပါတယ် ။

အင်တာမီလန် နဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ရာမိုစ့် ဟာ ရီးရဲလ် မက်ဒရစ် ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည့်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ အဆိုပါ သွင်းဂိုး ၁၀၀ မှာ ရာမိုစ့် ဟာ ၅၅ ဂိုးကို ခေါင်းနဲ့ သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ရာမိုစ့် က ထောင့်ကန်ဘောကနေ ခေါင်းတိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ အပေါ် ”
ဟန်ဒါနိုဗစ် က ကျွန်တော်တို့ရဲ့ တည်ကန်ဘောတွေကို ကာကွယ်ရမလဲ ဆိုတာ လေ့လာထားတယ်လို့ ကြားသိခဲ့ရပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ကိုယ့်ပြိုင်ဘက် ကို မထင်မှတ်ထားတာတွေ လုပ်ပြ နိုင်လေ ပိုကောင်းလေပါပဲ ။ ”

“ပြိုင်ဘက်ကလည်း သူတို့ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ၊ သူတို့မှာ သိပ်ကို ကောင်းမွန်တဲ့ ပွဲချဉ်းကပ်ပုံ ရှိပါတယ် ၊ ကျွန်တော်တို့ အတွက်တော့ ရလဒ်ကောင်း တစ်ခု ရလိုက်တာပါပဲ ၊ အုပ်စုမှာ သုံးမှတ်ရလိုက်တော့ ပိုပြီး ခက်ခဲ ရှုပ်ထွေးတော့မှာပါ ။ ”

” ကိုယ့်အသင်း အနိုင်ရတဲ့ အခါမှာ အားလုံးရဲ့ စိတ်ဓတ် က လန်းဆန်း တက်ကြွသွားတာ အမှန်ပါပဲ ၊ ရှုံးနိမ့်တုန်း ဖြစ်ပေါ် ခဲ့တဲ့ သံသယတွေ အားလုံး ပျောက်ကွယ် သွားပါတယ် ။ ”

” ကျွန်တော်တို့ ရောက်နေတဲ့ အဆင့်နေရာကနေ အပေါ်ကို တက်လှမ်းဖို့ ကိုယ့်ကိုယ့်ကို တွန်းအား ပေးခဲ့ကြပါတယ် ၊ ဗိုလ်လုပွဲ တစ်ပွဲ ကစားသလိုပါပဲ ၊ သေရေး ရှင်ရေး တစ်မျှ အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ ”

” ပြိုင်ဘက် က ချေပဂိုးတွေ သွင်းလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ ပြန်တုန့်ပြန် ဖို့ လိုအပ်တာကြောင့် တိုက်စစ်ဖွင့် ကစားခဲ့ပါတယ် ၊ ကျွန်တော်တို့ အခွင့်အရေးတွေ အသုံးချ နိုင်ခဲ့ပြီး ရလဒ်ကောင်း တစ်ခု ပုံဖော် နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဦးဆောင်ဂိုးတွေ မထိန်းနိုင်ခဲ့ဘဲ ဂိုးတွေ ပြန်ပေးခဲ့ရပေမယ့် အနိုင်ရဖို့ ပြန်လုပ် နိုင်ခဲ့ပါတယ် ။ ”

ဆက်လက်ပြီး ရာမိုစ့် က သွင်းဂိုး ၁၀၀ ပြည့်မြောက် ခဲ့တဲ့ အပေါ် ” မဆိုးပါဘူး ၊ ကိုယ့်ရဲ့ အောင်မြင်မှု တစ်ခုကို အသိအမှတ်ပြုခံရတာ ကောင်းပါတယ် ၊ ဒီလို သွင်းဂိုး အရေအတွက်က နောက်ခံလူတွေ ရနေကြ မဟုတ်ပါဘူး ၊ ဒီထက် ဂိုးတွေ ပိုသွင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular