အက်ဒ်ဝုဒ်ဝဒ် ဆီက ထောက်ခံချက် ရရှိခဲ့တဲ့နောက် ဆိုးလ်ရှား အဓိကထား ဖြေရှင်းရတော့မယ် ပြသနာ 5 ခု

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2020 – 21 ဘောလုံး ရာသီ အတွင်း ခြေစွမ်းကောင်း ပြသဖို့ ၊ ရလဒ်ကောင်း ရယူနိုင်ဖို့ အတွက် အတော်လေး ရုန်းကန် နေခဲ့ ရတဲ့ အတွက် ဝေဖန်မှုတွေအောက် ဆက်တိုက် ဆိုသလို ကျရောက် နေခဲ့ရ ပါတယ် ။

အထူးသဖြင့် ယူနိုက်တက် တို့ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ ပွဲစဉ် 7 ပွဲ ကစားပြီးချိန် 3 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 3 ပွဲ ရှုံး ဆိုတဲ ရလဒ် ၊ ရမှတ် 10 မှတ် နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 14 နေရာ မှာသာ ရပ်တည် နိုင်ခဲ့တာက ပရိသတ်တွေ အတွက် လက်မခံချင် စရာ ဖြစ်ခဲ့ရ ပါတယ် ။

myan789

ဒါ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း PSG ၊ RB လက်ပ်ဇစ် တို့လို အသင်းကောင်း တွေကို အနိုင် ကစားပြီး သေချာပေါက် အနိုင်ရသင့်တဲ့ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ရှုံးနိမ့် သွားခဲ့တာ ကလည်း ပရိသတ်တွေ အတွက် စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှား အလုပ်ပြုတ် တော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်လောင် ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုတော့ ယူနိုက်တက် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝဒ် က နည်းပြ ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့ ပါတယ် ။ ထို့အတူ ဆိုးလ်ရှား ရှေ့ဆက် ဖြေရှင်း ရမယ့် ပြသနာ 5 ခုကို ဖော်ပြပေးလိုက် ပါတယ် ။

(1) နံပါတ် 1 ရွေးချယ်ခြင်း

လက်ရှိ ဘောလုံး ရာသီ အတွင်း မှာတော့ ဒေးဗစ် ဒီဂီယာ က နံပါတ် တစ် ဦးစားပေး အဖြစ် ရှိနေခွင့် ပိုင်ဆိုင် ခဲ့ပြီး အဆင်ပြေ လောက်တဲ့ လက်စွမ်း တွေကို တစ်ဖန် ပြန်လည် ပြသ သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒင်းန် ဟန်ဒါဆန် ကိုရော ဆိုးလ်ရှား ဘယ်လို ဖြေရှင်း မလဲ ?

ဟန်ဒါဆန် ဆိုတာ ပွဲထွက် ကစားခွင့် ရရှိ လိုနေသူ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နံပါတ် တစ် ဦးစားပေး ဂိုးသမား ဖြစ်လို နေသူပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အခုလို ပွဲထွက် ကစားခွင့် နည်းပါး နေရင်တော့ အလားအလာ ကောင်းတဲ့ ဂိုးသမား တစ်ဦးကို ယူနိုက်တက် တို့ ကိုင်တွယ်ရ ခက်သွားပါလိမ့်မယ် ။

ဆိုးလ်ရှား အနေနဲ့ ဆယ်စုနှစ် တစ်ခုလောက် အသင်း အတွက် ကစားပေး နိုင်မယ့် ကစားသမား တစ်ဦးကို အခွင့်အရေးတွေ ပေးရင်း အသင်းမှာ ဆက်လက် ရှိနေစေဖို့ ကြိုးစား ရပါ လိမ့်မယ် ။

(2) ခံစစ် ယိုယွင်းမှု

လက်ရှိ အချိန်မှာ ယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် တိုးတက် လာခဲ့ပေမယ့် ရာသီ အစတုန်းက ခံစစ်ပိုင်း စွမ်းဆောင်ရည် တွေက စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရ ပါတယ် ။ ရလဒ် တစ်ခု အနေ နဲ့ ယူနိုက်တက် တို့ဟာ 7 ပွဲ ကစား အပြီး 14 ဂိုး အထိ ပေးခဲ့ရ ပါပြီ ။

ဒါ့ကြောင့် ခံစစ်ပိုင်း ကျစ်လျစ် စေဖို့ ဘယ်သူ တွေကို သုံးစွဲရမလဲ ၊ ဘယ်သူ တွေကို ဦးစားပေး ပွဲထုတ်ရမလဲ ၊ ဇန်နဝါရီမှာ ဘယ်သူ့ကို ခေါ်ယူသင့် သလဲ ဆိုတာ တွေကို ဆိုးလ်ရှား အနေ နဲ့ အခု ကတည်းက ဂရုတစိုက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ် နေပါပြီ ။

(3) ပေါ့ဂ်ဘာ ရဲ့ အကောင်းဆုံး စွမ်းရည်ကို ထုတ်ယူခြင်း

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ နွေတုန်းက ကိုဗစ် ရောဂါပိုး ကူးစက် ခဲ့တဲ့နောက် ရာသီသစ်မှာ ပုံစံကောင်း ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။ ဒါပေမယ့် သူဟာ အဲ့ဒီ ကတည်းက အခု အချိန် အထိ ရုန်းကန် နေရဆဲ ဖြစ်ပြီး ပွဲထွက် ကစားခွင့် တွေကို ပိုင်ဆိုင် နိုင်ဖို့တောင် ရုန်းကန် နေရ ပါပြီ ။

ဒါ့ကြောင့် ဆိုးလ်ရှား အနေနဲ့ ကမ္ဘာ့ အဆင့် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါ့ဂ်ဘာ ရဲ့ အကောင်းဆုံး ပုံစံ ကို ပြန်လည် ရရှိအောင် ဘယ်လို ကွင်းလယ် ကစားကွက် ခင်းကျင်းရမလဲ ၊ ဘယ်လို လမ်းညွှန်မုှ တွေကို လုပ်ဆောင်ရမလဲ ဆိုတာ ကြိုတင် ပြင်ဆင်ဖို့ လိုအပ် နေပါပြီ ။

(4) ချန်ပီယံလိဂ် အုပ်စု အဆင့်ကို ကျော်ဖြတ်ပြခြင်း

နိုင်ငံတကာ ပွဲစဉ်တွေ ပြီးဆုံး သွားရင်တော့ ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ပွဲစဉ် တွေကို တဖန် ပြန်လည် ကစား ရပါ လိမ့်မယ် ။ ပထမ အကျော့တုန်းက ယူနိုက်တက် တို့ဟာ ခက်ခဲတဲ့ ပြိုင်ဖက်တွေကို အနိုင်ယူပြီး လွယ်ကူတဲ့ ပြိုင်ဖက်ကို ရှုံးနိမ့် သွားခဲ့ကြ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ ဒုအကျော့မှာ အစ္စတန်ဘူလ်ကို သေချာပေါက် အနိုင် ကစားပြီး PSG ၊ လက်ပ်ဇစ် အသင်းတွေ ဆီက အနည်းဆုံး အမှတ် ခွဲယူ နိုင်ဖို့ သေချာပေါက် ကြိုးစား ရပါတော့မယ် ။ ဒါမှသာ ချန်ပီယံ လိဂ် ပြိုင်ပွဲမှာ ယူနိုက်တက်တို နောက် တစ်ဆင့် တက်နိုင်မှာပဲ ဖြစ်ပါတယ် ။

(5) ဂရင်းဝုဒ်ကို လမ်းကြောင့် တည့်မတ်ပေးခြင်း

ဂရင်းဝုဒ် ကတော့ လက်ရွေးစင် အသင်း အတွက် ပထမဆုံး အကြိမ် ကစားပေး ခဲ့စဉ် တုန်းက အောင်ပွဲခံတဲ့ ပုံစံ မှားယွင်း သွားခဲ့ပြီး ဝေဖန်မှုတွေအောက် ကျရောက် သွားခဲ့တဲ့နောက် တစ်ဖန် ပြန်လည်ပြီး ပုံစံကောင်း ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ ရသူပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ မှာလည်း ပြသနာ အနည်းငယ် ရှိနေတယ်လို့ သိရပြီး အသေးစား ဒဏ်ရာ ပြသနာ တွေကိုလည်း ဒီနှစ် အတွင်းမှာ မကြာခန ရရှိ နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ရ ပါတယ် ။

အသက် 19 နှစ်ပဲ ရှိနေ သေးတဲ့ ကစားသမား လေးဟာ အသင်း အတွက် နောက်ထပ် ဆယ်စုနှစ် တစ်ခုခွဲ နီးပါး ကစားပေး နိုင်စွမ်း ရှိသူ ၊ ပါရမီ ကောင်းသူ ဖြစ်တာကြောင့် ဆိုးလ်ရှား အနေနဲ့ သူ့ကို လမ်းကြောင်း အမှန်ပေါ် တည့်မတ်ပေးပြီး ပုံစံကောင်း တစ်ဖန် ပြသ နိုင်အောင် ကူညီ ပေးဖို့ လိုအပ် နေပါပြီ ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular