အကောင်းဆုံး အသင်းဖော် ထွက်ခွာသွားတာက ယူကျုံးမရ ဖြစ်စေခဲ့ကြောင်း ဝန်ခံဖွင့်ဟလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းကြောင်းကို ကြည့်ရှုလိုက်မယ် ဆိုရင် Class 92 က တစ်ကယ့်ကို အရေးပါတဲ့ အခန်း ကဏ္ဍ တစ်ရပ်မှာ ပါဝင် ခဲ့ကြတယ် ဆိုတာ အားလုံး အသိပဲ ဖြစ်ပါ လိမ့်မယ် ။ သူတို့ တွေဟာ ယူနိုက်တက် အသင်းကို ဆု ဖလားတွေ အများကြီး ရရှိအောင် ကူညီ ပေးနိုင် ခဲ့ကြ ပါတယ် ။

သူတို့ တွေဟာ ကွင်းအတွင်း ပူးပေါင်း ကစားပုံ ထူးကဲ ကောင်းမွန် ခဲ့ရုံ သာမက ကွင်းပြင်ပ မှာလည်း တစ်ကယ့်ကို သူငယ်ချင်းကောင်းတွေ အဖြစ် ရှိခဲ့ ကြသူ တွေပဲ ဖြစ်ကြ ပါတယ် ။ အခုတော့ ယူနိုက်တက် ဂန္ဓဝင် ပေါလ် စခိုးလ်က အသင်းမှ နစ်ကီဘတ် ထွတ်ခွာ ခဲ့စဉ် တုန်းက ယူကျုံးမရ ဖြစ်ခဲ့ရကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

myan789

Class 92 ကစားသမား စာရင်း ထဲမှာတော့ ပေါလ် စခိုးလ် ၊ ရိုင်ယန်ဂစ် ၊ ဂယ်ရီ နဗီးလ် ၊ ဖီးလ် နဗီးလ် ၊ ဒေးဗစ် ဘက်ခမ်း နဲ့ နစ်ကီဘတ် တို့ ရှိခဲ့ကြ ပါတယ် ။ သူတို့တွေ ထဲမှာတော့ ဒေးဗစ် ဘက်ခမ်း က 2003 ခုနှစ် တုန်းက ယူနိုက်တက် အသင်း မှ ရီးယဲ မက်ဒရစ် ဆီကို ထွက်ခွာ ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် တစ်နှစ် အကြာမှာ နစ်ကီဘတ် က နယူးကာဆယ် အသင်းဆီ ပြောင်းရွှေ့ သွားခဲ့ပြီး ဖီးလ် နဗီးလ် ကလည်း အဲဗာတန် အသင်းဆီ ထွက်ခွာ သွားခဲ့ ပါတယ် ။ အဲ့ဒီနောက် ရွိုင်ကိန်း ကလည်း မကြာမီ မှာပဲ ယူနိုက်တက် အသင်းမှ ထွက်ခွာ သွားခဲ့ရ ပါတယ် ။ ဒါဟာ ကျန်ရစ် ခဲ့တဲ့ အသင်းဖော်တွေ အတွက် ဝမ်းနည်း စရာ ဖြစ်ခဲ့ရ ပါတယ် ။

အဲ့ဒီ ထဲမှာတော့ ပေါလ် စခိုးလ် က အသင်းဖော် နစ်ကီဘတ် ယူနိုက်တက် အသင်းမှ ထွက်ခွာ သွားခဲ့တာက ယူကျုံးမရ ဖြစ်စေခဲ့ကြောင်း သူ့ရဲ့ ခံစားချက် တွေကို ထုတ်ဖော် ဝန်ခံ သွားခဲ့လိုက် ပါတယ် ။ ဒါပေမယ့် အဲ့တာ တွေက ဘောလုံး အားကစား ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ဆက်လက် ပြောကြား ခဲ့လိုက် ပါတယ် ။

” ဒါဟာ (ကစားသမားတွေ ထွက်ခွာ သွားကြတာ) ဘောလုံး ရဲ့ အစိတ်အပိုင်း တစ်ခု ပါပဲ ။ ခင်ဗျားက အသင်းမှာ အချို့ ကစားသမားတွေနဲ့ အတူ စတင် ကစားခွင့် ရရှိတဲ့ အခါမှာ ဒီလူ တွေနဲ့ နှစ် 20 လောက် အတူ ကစား နိုင်တယ် ၊ ကစားခွင့် ရရှိ ချင်တယ် ဆိုတဲ့ မျှော်လင့်ချက် ဖြစ်ပေါ်လေ့ ရှိတတ် ပါတယ် ”

” ဒါပေမယ့် ကံမကောင်းစွာပဲ အဲ့တာက အမြဲတမ်း အမှန် ဖြစ်လေ့ မရှိတတ်ခဲ့ ပါဘူး ။ ကျွန်တော်တို့ရဲ့ အသင်းဖော် တွေကို ဆုံးရှုံး ခဲ့ကြရ ပါတယ် ။ နစ်ကီ ထွက်ခွာ သွားခဲ့တယ် ။ နစ်ကီ က ကျွန်တော့် ရဲ့ အကောင်းဆုံး သူငယ်ချင်း တစ်ယောက်ပါ ။ ကျွန်တော်ဟာ သူနဲ့ အတူ 12 ၊ 13 နှစ် ကတည်းက အတူတူ ကစားခဲ့ ရတာပါ ။ သူ ထွက်ခွာ သွားတာက တစ်ကယ်ပဲ ယူကျုံး မရ ဖြစ်စေခဲ့ ပါတယ် ”

” ဖီးလ် နဗီးလ် ထွက်သွားတယ် ၊ ရွိုင်ကိန်း ထွက်ခွာ သွားတယ် ၊ သူတို့ တွေက တစ်ကယ့်ကို ပင်ကိုယ် စရိုက် ကောင်းလွန်း ကြတဲ့ ကစားသမားတွေ ပါပဲ ။ ကစားသမားတွေ ဆိုတာက အသက်အရွယ် တစ်ခု ရောက်ရှိတဲ့ အခါ ၊ သူတို့ ရဲ့ ခြေထောက်တွေဟာ လိုအပ် သလို လှုပ်ရှား နိုင်စွမ်း မရှိတော့တဲ့ အခါမှာ အသင်း ကနေ ထွက်ခွာ ရတာ ပါပဲ ”

” ဒါပေမယ့် မန်နေဂျာ ကတော့ ကစားသမား တွေရဲ့ အကောင်းဆုံး စွမ်းရည်ကို ဘယ်လို ထုတ်ဖော်ရမလဲ ဆိုတာကို ကောင်းကောင်း သိပါတယ် ။ ကစားသမား တစ်ယောက်က တစ်ရာသီ ပွဲစဉ် 20 ပဲ ကစားရပါစေဦး ၊ နည်းပြက ဘယ်လို ပွဲစဉ် တွေမှာ သူတို့ တွေကို ထုတ်သုံးရမလဲ ဆိုတာ ကောင်းကောင်း သိရှိ နားလည်ခဲ့ ပါတယ် ” လို့ စခိုးလ် က နည်းပြ ဖြစ်သူရဲ့ အရည်အသွေး ကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular