အကောင်းဆုံးပုံစံ ပိုင်ဆိုင်နိုင်ဖို့ အချိန်ဘယ်လောက် ပေးရမလဲ ဆိုတာ ဖွင့်ဟရင်း လူတန်နဲ့ ပွဲအပေါ် မှတ်ချက်ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်းရဲ့ အကောင်းဆုံး ပုံစံ တွေကို မြင်တွေ့ ရနိုင်ဖို့ အတွက် နောက်ထပ် ပွဲစဉ် 4 ၊ 5 ပွဲလောက် စောင့်ဆိုင်း ရလိမ့်မယ်လို့ လူတန်တောင်း နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ ဖွင့်ဟ ပြောကြား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းက ပရီးမီးယားလိဂ် ရာသီသစ် ရဲ့ အဖွင့်ပွဲ အဖြစ် ခရစ္စတယ် ပဲလေ့စ် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ရင်း ရာသီသစ် အဖွင့် မလှ ဖြစ်ခဲ့ရ ပါတယ် ။

myan789

အဆိုပါ ပွဲစဉ် မှာတော့ ဆိုးလ်ရှားဟာ ညာ တောင်ပံ တိုက်စစ် နေရာမှာ ဂရင်းဝုဒ် အစား ဒန်နီယယ် ဂျိမ်းစ် ကို ပွဲထွက် ကစားစေ ခဲ့ပြီး ညာ နောက်ခံလူ နေရာ မှာ အာရွန် ဝမ် ဘစ်ဆာကာ အစား ဖိုဆူ မန်ဆာ့ ကို ထည့်သွင်း ခဲ့တဲ့ အတွက် ဝေဖန်မှု တွေကို ခံနေခဲ့ရပါ သေးတယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားပုံ ညံ့ဖျင်း နေခဲ့တဲ့ အပြင် တိုက်စစ်ပိုင်း ကလည်း ထိရောက်တဲ့ ထိုးစစ် ဆင်မှု တွေကို လုပ်ဆောင် နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ကွင်းလယ်လူ တွေ ဖြစ်တဲ့ ဘရူနို ၊ ပေါ့ဂ်ဘာနဲ့ တော်မီနေး တို့လည်း အကောင်းဆုံး ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ကြရ ပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ကာရာဘောင်း ဖလား ပြိုင်ပွဲ ရဲ့ Round 3 ပွဲစဉ် အဖြစ် လူတန်တောင်း အသင်း နဲ့ ရင်ဆိုင် ကစား ရပါ တော့မယ် ။ ဒီလိုပွဲ မှာတော့ ဆိုးလ်ရှား က ပွဲထွက် ကစားသမား စာရင်း အပြောင်းအလဲ များစွာ လုပ်ဆောင် သွားနိုင်ဖွယ် ရှိနေ ပါတယ် ။

အခုတော့ ပုံစံကောင်း ပြသဖို့ ရုန်းကန် နေခဲ့တဲ့ ကစားသမား အချို့ကို အနားပေး သွားဖို့ ရှိနေတဲ့ ဆိုးလ်ရှားက အသင်းရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ ရဖို့ အတွက် နောက်ထပ် 4 ၊ 5 ပွဲလောက် စောင့်ဆိုင်း ရနိုင်ဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ လုပ်ဆောင် နိုင်စွမ်း ရှိတယ်လို့ သိရှိ ထားကြတဲ့ အဆင့်အတန်း တစ်ခုကို ပြန်လည် ပိုင်ဆိုင် နိုင်ရေးအတွက် ကျွန်တော် တို့ဟာ ပွဲစဉ် 4 ၊ 5 ပွဲလောက် ဆက်လက် ကစား ရဖို့ လိုအပ် နေပါ သေးတယ် ။ ကျွန်တော် တို့ဟာ လုံလောက်တဲ့ ရာသီကြို ပြင်ဆင်မှု တွေကို မပိုင်ဆိုင်ခဲ့ ရဘူးလေ ”

” ကျွန်တော်တို့ လာမယ့် 4 ၊ 5 ပွဲ အတွင်း အကောင်းဆုံး ပုံစံ ပိုင်ဆိုင် နိုင်ဖို့ သေချာပေါက် အားထုတ် ကြရ ပါ့မယ် ။ ဒီလိုသာ ဆိုရင် ကျွန်တော်တို့ တွေဟာ ပွဲကစားချိန် မိနစ်တွေနဲ့ အတူ လိဂ် ထဲမှာ ယှဉ်ပြိုင် နိုင်စွမ်း ရှိတဲ့ ပုံစံကောင်း တစ်ခုကို တစ်ဖန် ပြန်လည် ပိုင်ဆိုင် နိုင်ကြပါ လိမ့်မယ် ”

” ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင် ရမယ့် အဝေးကွင်း ပွဲစဉ် က ကျွန်တော် တို့တွေ အတွက် အရမ်းကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ကောင်း ဖြစ်နိုင် သွားပါ လိမ့်မယ် ။ ကျွန်တော်တို့ ကျော်လွှား နိုင်ဖို့ ကြိုးစား ရပါလိမ့်မယ် ။ ဒါပေမယ့် မိနစ် အချို့ကို သူတို့တွေ ပူးပါင်း ကစား ရခြင်းက ပိုပြီး အရေးကြီးပါ လိမ့်မယ် ”

” ကျွန်တော်တို့ ပွဲထွက် ကစားသမား အပြောင်းအလဲ အချိုကို သေချာပေါက် လုပ်ဆောင် ကြမှာပါ ။ ဒီလို ပွဲစဉ် တွေက အချို့ အသင်း အတွက် ရာသီကြီု ပွဲစဉ် တွေလို ဖြစ်သွားဖို့ ရှိနေပြီး ပြိုင်ပွဲမှာ ရှိနေတာ ကြာပြီဖြစ်တဲ့ အသင်းတွေ အတွက် ခြားနားတဲ့ ပွဲစဉ် ဖြစ်ကောင်း ဖြစ်သွားပါ လိမ့်မယ် ”

” ကျွန်တော်တို့ အသင်း ကတော့ ပွဲကစားချိန် မိနစ် တွေကို ပိုင်ဆိုင် သွားဖို့ လိုအပ် နေပါ သေးတယ် ။ ကျွန်တော်တို့ ကစားပုံ ချွန်ထက်မှု မရှိသေးဘူး ဆိုတာကို အားလုံးပဲ မြင်တွေ့ နိုင်ကြပါ လိမ့်မယ် ။ အဲ့တာကို ပိုင်ဆိုင် နိုင်ဖို့ အတွက် ကျွန်တော်တို့ တွေဟာ လေ့ကျင့်ရေး အစီအစဉ် တွေနဲ့ ပွဲစဉ် အချို့ကို အသုံးချ ကြရ ပါ့မယ် ”

” ပဲလေ့စ် နဲ့ ကစားပွဲ အပြီးမှာတော့ အသင်းမှာ ဒဏ်ရာ ပြသနာ အသစ် မရှိသေး ပါဘူး ။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ ၊ ကစားသမား အချို့ကို အလှည့်ကျ သုံးစွဲ သွားဖို့ ပြင်ဆင်ထား ပါတယ် ။ ဒီပွဲ ပြီးရင်တော့ ကျွန်တော်တို့ တွေဟာ လေ့ကျင့်ရေး ကွင်းထဲ အပြင်းအထန် ကြိုးစား သွားကြဖို့ ရှိနေပြီး ဘရိုက်တန် အတွက် ပြင်ဆင် သွားမှာပါ ”

” အဲ့ဒီပွဲ အတွက် ကစားသမား အချို့ဟာ အသင်း နဲ့ ပူးပေါင်းခွင့် ရရှိ သွားနိုင်ပါ လိမ့်မယ် ။ လူတန် နဲ့ ပွဲစဉ် အကြောင်း ပြောရမယ် ဆိုရင်တော့ သူတို့ တွေဟာ ရာသီသစ်ကို အကောင်းဆုံး စတင် ထားနိုင် ခဲ့ကြ သလို ပြီးခဲ့တဲ့ ဘောလုံး ရာသီကို အဆုံးသတ်တာလည်း ကောင်းမွန် ခဲ့ကြတယ်လို့ ဆိုရ ပါ့မယ် ”

” သူတို့ တွေဟာ ဒီပြိုင်ပွဲမှာ ဆက်လက် ရှေ့ဆက် နိုင်ရေး အတွက် နောဝှစ်ချ် နဲ့ ရီးဒင်း တို့လို အသင်းကောင်း တွေကို အနိုင်ယူ ကျော်ဖြတ် ပြနိုင် ခဲ့ကြ ပါတယ် ။ ပြီးတော့ သူတို့ တွေဟာ အမှတ်ပေး ဖလား ပြိုင်ပွဲ မှာလည်း ဘန်စလေ ၊ ဒါဘီ အသင်း တွေကိုလည်း အနိုင်ယူ နိုင်ခဲ့ ကြပါ သေးတယ် ”

” သူတို့ တွေဟာ ယုံကြည်မှု တွေကို တည်ဆောက် ထားနိုင် ခဲ့တဲ့ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ရမှာပါ ။ ဒါဟာ သူတို့တွေ အတွက် ပွဲကြီး ပွဲကောင်း ဖြစ်နေပါ လိမ့်မယ် ။ ဒါ့အပြင် အသင်း အတွက် ပွဲထွက် ကစားဖို့ အသင့် ရှိနေပြီ ဆိုတာကို ပြသလိုကြတဲ့ ကျွန်တော်တို့ ကစားသမားတွေ အတွက်လည်း ဒါဟာ ပွဲကောင်း ဖြစ်နေမှာ သေချာပါတယ် ”

” ဖလား ပွဲစဉ် တွေက ဖလားပွဲ ပါပဲ ။ လူတန်ဟာ သူတို့ တွေရဲ့ ကစားပုံ တစ်ခုကို သီးသန့် ပိုင်ဆိုင် ထားကြ ပါတယ် ။ နသန် ဂျုံးစ် ကလည်း အကောင်းဆုံး ပုံစံတွေနဲ့ အတူ အသင်း အတွက် ပြန်လည် ရောက်ရှိ လာခဲ့ ပါပြီ ။ သူဟာ အသင်းကို နောက်တစ်ဆင့် တက်ရောက် စေနိုင်ဖို့ အတွက် အကောင်းဆုံး ကူညီ ပေးထားနိုင် ခဲ့တဲ့ ကစားသမား ပါပဲ ”

” သူတို့ တွေဟာ တိုက်စစ်ဆင် ကစားတဲ့ ၊ ရန်လိုမှု အပြည့်နဲ့ ကစား နိုင်စွမ်း ရှိတဲ့ အသင်းကောင်း တစ်သင်း ပါပဲ ။ ပြီးတော့ ဒီလို အသင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါတွေ မှာ အလွတ် တည်ကန်ဘော တွေဟာလည်း အရမ်းကို အရေးပါလှ ပါတယ် ။ ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ ဒါဟာ ကျွန်တော်တို့ အတွက် ပွဲကောင်း တစ်ပွဲ ပါပဲ ” လို့ ဆိုးလ်ရှား က ပြောကြားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular