အကောင်းဆုံးခြေစွမ်း၊ ဂိုးပြတ်နိုင်ပွဲနဲ့ ပြိုင်ဘက်တွေကို တပ်လှန့်ခဲ့တဲ့ချယ်လ်ဆီး

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲ၊ ဇီယာ့ချ်ရဲ့မှော်ဝင်ခြေစွမ်း၊ ပြိုင်ပွဲစုံ (၈)ပွဲဆက်ရှုံးပွဲမရှိ၊ (၄)ပွဲဆက်အနိုင်၊ ခံစစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကောင်းတွေစတဲ့ ချီးကျူးစရာအချက်များစွာနဲ့ ချယ်လ်ဆီးနဲ့ လမ်းပတ်ရဲ့ လက်ရှိခြေစွမ်းနဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက်အသင်းကြီးတွေကို တပ်လှန့်လိုက်ခဲ့ပြီလို့ဆိုရပါမယ်။

ပြိုင်ပွဲစုံ (၅)ပွဲဆက်ပေးဂိုးမရှိမှတ်တမ်းကျိုးပျက်ပြီး ပြိုင်ဘက်ရှက်ဖီးယူနိုက်တက်အသင်းကို အမှတ်မထင်ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းဟာ အရှိန်ရနေတဲ့ပုံစံအတိုင်းပဲ အကောင်းဆုံးခြေစွမ်းနဲ့ပြန်လာနိုင်ခဲ့တယ်။ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို သက်သောင့်သက်သာနဲ့ ဖန်တီးယူသွားခဲ့တယ်။

myan789

လမ်းပတ်အတွက်ကတော့ ရလဒ်ဆိုးတွေ၊ ဖိအားတွေအလွန်မှာပဲ ချီးကျူးမှုတွေ၊ မျှော်လင့်ချက်တွေက တဖြည်းဖြည်းနဲ့ထုထည်ကြီးမားလာခဲ့ပါပြီ။ ဒီခြေစွမ်းအတိုင်း၊ ဒီတည်ငြိမ်မှုအတိုင်းကိုသာ ဆက်ထိန်းသွားမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး (၂)သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးကို အကောင်းဆုံးဖိအားပေးနိုင်မှာသေချာပါတယ်။

မန်ဒီ၊ သီယာဂိုဆေးလ်ဗား၊ ဘန်ချီဝဲလ်တို့ရဲ့ တည်ငြိမ်တဲ့ခံစစ်၊ ဇီယာ့ချ်ရဲ့ တိကျသေသပ်တဲ့ဖြတ်တင်ပေးပို့မှုတွေ၊ ဗာနာရဲ့အဆုံးသတ်သွင်းဂိုးတွေနဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေနဲ့ တဖြည်းဖြည်းနဲ့အသားပိုကျလာခဲ့ပြီး ရှိရင်းစွဲကစားသမားတွေဖြစ်တဲ့ ဇူးမား၊ ရီးစ်ဂျိမ်းစ်၊ ကွန်တေ၊ မေဆန်မောင့်၊ အေဘရာဟမ်တို့ပုံစံကောင်းပြချိန်မှာတော့ လှပခန့်ညားတဲ့ အစုအဖွဲ့တစ်ခုကို ခပ်မြန်မြန်သွပ်သွင်းနိုင်ခဲ့တာပါပဲ။

ဒီနေ့ပွဲမှာလည်း ဒီရာသီမှာ နိုင်ပွဲမရသေးတဲ့ ဧည့်သည်ရှက်ဖီးယူနိုက်တက်အသင်းဟာ အဖွင့်ဂိုးရခဲ့တာကလွဲလို့ ချယ်လ်ဆီးအသင်းကို ဘယ်အပိုင်းမှာမှမယှဉ်နိုင်ခဲ့သလို ပွဲချိန်အများစုကိုလည်း ခံစစ်မှာအချိန်ကုန်ရင်း ရုန်းကန်ဖြတ်သန်းခဲ့ရတာပါ။

ရလဒ်ကောင်းတွေရလာတာနဲ့အမျှ ချယ်လ်ဆီးအသင်းရဲ့ကစားပုံဟာပိုတည်ငြိမ်လာခဲ့တယ်။ ကစားသမားတွေရဲ့မျက်နှာတွေမှာ ယုံကြည်ချက်မြင့်တဲ့ပုံရိပ်တွေကိုတွေ့နေရတယ်။ နည်းပြလမ်းပတ်ကိုယ်တိုင်လည်း ပွဲတစ်ပွဲအတွက်သင့်လျော်မယ့်ကစားပုံတစ်ခုကို ယုံယုံကြည်ကြည်ရှာတွေ့နိုင်ခဲ့တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါဟာ ချယ်လ်ဆီးနဲ့သက်ဆိုင်သူအားလုံးအတွက်တော့ ကျေနပ်စရာအခြေအနေတွေပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဟာဗက်ဇ်မပါနိုင်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ ဗာနာ၊ အေဘရာဟမ်၊ ဇီယာ့ချ်တို့နဲ့ တိုက်စစ်ကိုတွဲဖက်ခဲ့ပြီး မေဆန်မောင့်၊ ကွန်တေ၊ ကိုဗာချစ်တို့နဲ့ ကွင်းလယ်ကိုတည်ဆောက်ခဲ့တယ်။ ဒီအစုအဖွဲ့မှာ ချယ်လ်ဆီးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ဟန်ချက်ကပိုသွက်ခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးတဲ့နေရာမှာ နေရာလွတ်တွေပိုပေါ်စေခဲ့တယ်။

ဒီပွဲရဲ့အဖွင့်ဂိုးကို ရှက်ဖီးယူနိုက်တက်က စရခဲ့တာဖြစ်ပြီး ပွဲချိန် (၉)မိနစ်မှာ မက်ဂိုးလ်ဒရစ်က မထင်မှတ်တဲ့အခြေအနေက ဂိုးစည်းထဲမှာ အကောင်းဆုံးအဆုံးသတ်ပေးခဲ့တယ်။

ဂိုးပေးလိုက်ရပြီးချိန်မှာတော့ ဒီပွဲရဲ့အရာရာဟာ ချယ်လ်ဆီးအတွက်ဖြစ်သွားခဲ့ပြီး ပြိုင်ဘက်ကို အချိန်တန်ရင် ဂိုးပြန်သွင်းနိုင်မယ်ဆိုတဲ့ စိတ်အေးလက်အေးပုံစံမျိုးနဲ့ ခပ်မှန်မှန်ပဲတုံ့ပြန်သွားခဲ့တာတွေ့ရတယ်။

ချယ်လ်ဆီးအသင်းအတွက် ပထမချေပဂိုးကို ပွဲချိန် (၂၃)မိနစ်မှာ အေဘရာဟမ်ကသွင်းယူပေးခဲ့ပြီး၊ (၃၄)မိနစ်မှာတော့ ဇီယာ့ချ်ရဲ့လှပသေသပ်တဲ့ဖြတ်တင်ဘောကနေ ဘန်ချီဝဲလ်က ချယ်လ်ဆီးအသင်းအတွက်ဒုတိယဂိုးသွင်းခဲ့တယ်။

ပထမပိုင်းမှာ (၂-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာပဲလည်း ချယ်လ်ဆီးအသင်းကပဲ ပွဲကိုစိတ်ကြိုက်စိုးမိုးကစားသွားခဲ့တယ်။ ရှက်ဖီးယူနိုက်တက်အတွက်တော့ လက်ရှိအခြေအနေဟာ စိုးရိမ်စရာကောင်းပါတယ်။

နည်းပြခရစ္စဝိုင်ဒါလက်အောက်မှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အဆင့် (၉)ရပြီး မာဂုဏ်ကိုပြနိုင်ခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်း ဒီရာသီမှာတော့ တိုက်စစ်ပိုင်းအားနည်းမှု၊ ခံစစ်ပိုင်းလျော့တိလျော့ရဲဖြစ်မှုတွေနဲ့ အခုအချိန်အထိကို နိုင်ပွဲမယူနိုင်သေးပါဘူး။

ချယ်လ်ဆီးအသင်းအတွက် တတိယဂိုးကို ဇီယာ့ချ်ရဲ့ဖြတ်တင်ဘောကနေပဲ သီယာဂိုဆေးလ်ဗားက ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ဒါဟာသူ့အတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ခဲ့တယ်။

(၃)မိနစ်အကြာမှာပဲ ကွန်တေရဲ့အမှတ်မထင်ပေးပို့မှုကနေ ကျွံထွက်လာတဲ့ဘောလုံးကို တိုက်စစ်မှူးဗာနာက တည်တည်ငြိမ်ငြိမ်အဆုံးသတ်ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် စတုတ္ထဂိုးကိုသွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၄-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၈) စနေညအပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာအထိကို တက်လှမ်းလာနိုင်ခဲ့တယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular