ဟားလန်းကို ခေါ်ယူခွင့်ရှိခဲ့ပေမယ့် ဘာစီလိုနာတို့ ဘာကြောင့် မခေါ်ယူခဲ့တာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း အမှန်ကို ရှင်းပြလိုက်တဲ့ ဒါရိုက်တာဟောင်း

ဘာစီလိုနာ အသင်း ရဲ့ ဒါရိုက်တာဟောင်း ဖြစ်သူ ဂျာဗီးယား ဘော်ဒက်စ်က ကတ်တလန် အခြေစိုက် ကလပ်ဟာ 2019 တုန်းက အားလင်း ဟားလန်းကို ခေါ်ယူ နိုင်ခွင့် ရှိခဲ့ပေမယ့် အခွင့်အရေး ရှိခဲ့ပေမယ့် လက်လွှတ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက ဘာစီလိုနာ အသင်းဟာ လူးဝစ် ဆွာရက်ဇ် ရဲ့ အရံလူ အဖြစ် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူ ချင်ခဲ့ ပြီး ဟားလန်းကို နံပါတ် တစ် ဦးစားပေး အဖြစ် သတ်မှတ်ထားခဲ့ဲ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် မှာတော့ ကယ်ဗင် ပရင့်စ် ဘိုတန် နဲ့သာ ကျေနပ် ခဲ့လိုက်ရ ပါတယ် ။

myan789

အခုတော့ ဒါရိုက်တာဟောင်း တစ်ဦး ဖြစ်တဲ့ ဘော်ဒက်စ် က ဘာစီလိုနာ အသင်းဟာ ဟားလန်းကို ခေါ်ယူ နိုင်ခွင့် ရှိနေခဲ့ ပေမယ့် 2019 ခုနှစ် တုန်းက သူ့ကို ဘာကြောင့် မခေါ်ယူ ဖြစ်ခဲ့တာလဲ ဆိုတဲ့ နောက်ကွယ်က အကြောင်းအရင်း အမှန် ကို ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

” သူတို့ တွေက ဟားလန်းဟာ ဘာစီလိုနာ အသင်းရဲ့ ကစားသမားမျိုး မဖြစ် နိုင်ဘူးလို့ ကျွန်တော့်ကို ပြောဆို ခဲ့ကြ ပါတယ် ။ ဘာတိုမြူ က အသင်း ရဲ့ နည်းစနစ်ပိုင်း နဲ့ ကစားသမား တို့ဟာ အံဝင်နိုင်မှာ မဟုတ်တဲ့ အကြောင်းကို ပြောဆို ချင်ခဲ့တာ ကျွန်တော် နားလည်နိုင်ပါတယ် ”

” ဒါပေမယ့် အမှန်တရား တစ်ခု ကတော့ ဒီလို ကစားသမားတွေ ဆိုတာ အသင်းကို ရောက်လာ ကြမယ် ဆိုရက် ဘယ်လို စွမ်းဆောင်ရည် တွေကို ပြသ နိုင်မလဲ ဆိုတာကို ကျွန်တော်တို့တွေ ကြိုတင် ခန်မှန်းလို့ မရနိုင်တာ ပါပဲ ” လို့ ဘော်ဒက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ 2017 ခုနှစ် တုန်းက နေမာရဲ့ နေရာကို အစားထိုးဖို့ အတွက် ဒေါ့မွန် အသင်းမှ အူစမာနီ ဒမ်ဘီလီကို ခေါ်ယူ ခဲ့စဉ် တုန်းကလည်း ကိုင်လီယံ အမ်ဘာပေ ကို ခေါ်ယူ နိုင်ဖို့ အတွက် အခွင့်အလမ်း ကောင်းတွေ ပိုင်ဆိုင် နိုင်ခဲ့ သေးကြောင်း ဘော်ဒက်စ် က ဆက်လက် ပြောကြား ခဲ့လိုက် ပါတယ် ။

“ ကျွန်တော် တို့ ဒမ်ဘီလီ ကို ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ အေးဂျင့် ဂျိုးဆက် မာရီယာ မင်ဂွယ်လာ က ဒီလို ဈေးနှုန်းမျိုး နဲ့ ဆိုရင် အမ် ဘာပေ ကိုလဲ ခေါ်ယူလို့ ရတဲ့ အကြောင်း အသိပေး လာခဲ့ပါတယ်။ ကျွန်တော်လည်း ဥက္ကဌ ဘာတိုမြူဆီ တိုက်ရိုတ် အစီရင်ခံပြီး ၊ ဘာပေ ကိုလဲ သုံးသပ်သင့်တဲ့ အကြောင်း အကြံ ပေးခဲ့ပါတယ် ”

” ကျွန်တော် ကိုယ်တိုင် အမ်ဘာပေ ရဲ့ ဖခင်ထံ တိုက်ရိုတ် ဖုန်းခေါ်ကြည့်တော့ ၊ သူ့သားဟာ ရီးရဲ မက်ဒရစ် ကိုတော့ ပြောင်းမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို အခိုင်အမာ ကြားခဲ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ရိုနာဒို ၊ ဘေးလ် နဲ့ ဘန်ဇီးမား တို့ ရှိနေတဲ့ အတွက်ကြောင့်လေ ။ ပြီးတော့ နေမာ ထွက်ခွာသွားတဲ့ နေရာအတွက်လဲ စိတ်ဝင်စားကြောင်း ပြောခဲ့ပါတယ် ”

” မိုနာကို ဥက္ကဌ ကလည်း မဟာပြိုင်ဘက် ပီအက်စ်ဂျီ အသင်းဆီ ရောင်းချရမှာ နဲ့ စာရင် ဘာစီလိုနာ ဆီကိုပဲ ရောင်းချ ချင်နေတာပါ။ သူ့အတွက် ယူရို သန်း 100 ရရင် ကျေနပ်နေပါပြီ။ အဲဒီ အချိန်မှာ အားကစား ဒါရိုတ်တာ တာဝန်ယူထားတဲ့ ရော်ဘတ် ဖာနန်ဒက် က ဒမ်ဘီလီ ကိုပဲ တန်းတန်းစွဲ ဖြစ်နေတယ်ဗျ။ သူ့ရဲ့ အဆိုကို ပက် ဆီဂူရာ ကလဲ ထောက်ခံနေပြန်တယ်လေ ”

” သူတို့ ထောက်ပြတဲ့ အချက်က ဘာပေဟာ တစ်ကိုယ်ကောင်း အတွက်ပဲ ကစားတယ် ၊ ဒမ်ဘီလီ ကတော့ အသင်းအတွက်ပဲ ဦးတည် ကစားတယ် ဆိုတဲ့ အချက်နဲ့ အားသာသွားခဲ့တာပါ။ ပြီးတော့ နေမာ ရဲ့ နေရာကို အစားထိုးရမှာ ဆိုတော့ ဂိုးသွင်းပေးမယ့်သူထက် ၊ တောင်ပံနေရာမှာ ကစားနိုင်တဲ့သူကိုပဲ ပိုလိုချင်နေကြတာပေါ့” လို့ လို့ ဘော်ဒက်စ် က ဖွင့်ဟ ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular