စပါးအသင်းနည်းပြ ကွန်တီက အသင်းတိုက်စစ်မှူး ဟာရီ ကိန်းသည် အသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် မိမိအနေဖြင့် ဟာရီကိန်းအား အသင်းနှင့် စာချုပ်သက်တမ်းတိုးစေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းသည် ၂၀၂၄ ခုနှစ်တွင် စပါးအသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးမည်ဖြစ်သည်။
ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် မန်စီးတီးသို့ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း စပါးအသင်းသည် ဟာရီကိန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။