ဟာဇက် ပြန်ကစားနိုင်မည့်အချိန်ကို မသိနိုင်ကြောင်းနှင့် ၎င်းအား ကြံ့ခိုင်မှုမပြည့်မချင်း ရွေးချယ်မည်မဟုတ်ဟု ဇီဒန်း ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းနည်း ပြ ဇီဒန်းက အသင်း၏တောင်ပံကစားသမား ဟာဇက်အနေဖြင့် မည်သည့်အချိန်တွင် ဘောလုံးပြန်ကစားနိုင်မည်ကို မသိနို်င်ကြောင်းနှင့် ၎င်းအား ကြံ့ခိုင်မှုမပြည့်ဝမချင်း အသင်းတွင် ရွေး ချယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ဇီဒန်းအနေဖြင့် ဟာဇက်၏ကြံ့ခိုင်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်မှုရှိနေပြီး ဟာဇက်အနေဖြင့်လည်း ဇီဒန်းအလိုရှိသည့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရရှိမှသာ အသင်းအတွက် ပြန်လည်ပွဲထွက်ခွင့်ရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

myan789

ဆိုစီဒက်အသင်းနှင့်ကစားမည့် လာလီဂါပွဲစဉ် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဇီဒန်းက ”သူ့(ဟာဇက်)အနေနဲ့ ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ သူ့အနေနဲ့ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ဖို့ လိုပါလိမ့်မယ်။ အဓိကက သူ့ရဲ့ စိတ်ခံစားမှုနဲ့ (၁၀၀)ရာခိုင်နှုန်း ပြန်လည်ကြံ့ခိုင်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းမှ ယူရိုသန်း (၁၀၀)ဖြင့်ပြောင်းရွှေ့လာခဲ့သူ ဟာဇက်သည် ရီးယဲလ်အသင်းတွင် ကိုယ်အလေးချိန်မြင့်တက်မှုများ၊ ဒဏ်ရာပြဿနာများနှင့်အတူ ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့်ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲကစားရာတွင် (၁)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။

ဟာဇက်အနေဖြင့် ယခုရာသီတွင်လည်း လက်ရှိအချိန်ထိ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရပြီး၊ ဇီဒန်းအနေဖြင့် လက်ရှိတွင် ဟာဇက်၏နေရာအတွက် ဗင်နီစီယပ်စ်အား ဦးစားပေးရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular