ဟယ်ရီကိန်း or ရွန်းနီ? ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာ သုံးသပ်လိုက်တဲ့ ဂျိုရေးဘာတန်

ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်းဂျိုရေးဘာတန်ကမန်ချက်စတာယူနိုက်တက် ဂန္တ၀င် ဝိန်းရွန်းနီဟာ တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်းထက် အများကြီး ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ငြင်းခုန်လိုက်ပါတယ်။ လာမည့် နွေရာသီ မန်ယူနိုက်တက် ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်းဟာ မကြာသေးမီကပဲ ရွန်းနီရဲ့ အင်္ဂလန် သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ all-time goalscoring list မှာ ရွန်းနီရဲ့အောက် တစ်နေရာမှာ ရှိနေပေမယ့်လည်း ဒါကို မကြာမီမှာပဲ ကျော်ဖြတ်နိ်ုင်ဖို့ ရှိနေပါတယ်။ ရွန်းနီဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၂၀၈ ဂိုး သွင်းယူခဲ့သူ ဖြစ်ပြီး all-time list ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ အလန်ရှီးယားရား (၂၆၀ ဂိုး) ကတော့ ပထမနေရာမှာ ရှိနေပါတယ်။ ဟယ်ရီကိန်း ကတော့ ၂၀၄ ဂိုးနဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။

myan789

ကိန်းဟာ သူ့ကစားသမား ဘ၀ တစ်ခုလုံးကို တော့တင်ဟမ်မှာ ကုန်ဆုံးထားသူ ဖြစ်ပြီး လန်ဒန်ကလပ်မှာ အဓိက ဆုဖလား ကိုင်မြှောက်ထားနိုင်ခြင်း မရှိတဲ့ အခြေအနေကြောင့် နွေရာသီမှာ ကလပ်ကနေ ထွက်ခွာသွားဖို့ စဉ်းစားနေပါတယ်။ စပါးနဲ့ ၂၀၂၄ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကိန်းကို မန်ယူနိုက်တက် အသင်းက ကာလရှည် စိတ်၀င်စားနေတာ ဖြစ်ပြီး ဒီနွေရာသီမှာတော့ ခါတိုင်းထက် ပိုပြီး ကိန်းကို ခေါ်ယူနိုင်ရန် အခွင့်အရေး ပိုကောင်းနေပါတယ်။ အထူးသဖြင့် စပါးတို့သာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် ကိန်းကို ခေါ်ယူနိုင်ရန် အကောင်းဆုံး အခြေအနေကို ပိုင်ဆိုင်သွားမှာပါ။

ဘာတန်ဟာ ကိန်း နဲ့ ရွန်းနီ တို့ကို နှိုင်းယှဉ်သွားခဲ့ပြီး မန်ယူနိုက်တက် ဂန္တ၀င်ဟာ ခြားနားတဲ့ level မှာ ရှိတဲ့သူလို့ ဆိုလိုက်ပါတယ်။

ဘာတန်က “လူတွေက ဝိန်းရွန်းနီ နဲ့ ဟယ်ရီကိန်း တို့ကို နှိုင်းယှဉ်နေကြပါတယ်။ ဒါပေမယ့် ရွန်းနီဟာ လုံး၀ကို ခြားနားတဲ့ level မှာ ရှိတဲ့သူပါ။ သူဟာ ကိန်းဟာ အများကြီး မြင့်မားတဲ့ level မှာ ရှိတဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်မှာကော တော့တင်ဟမ်မှာပါ ဟယ်ရီကိန်း လုပ်ပြထားခဲ့တာတွေကို ကျနော် လေးစားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားသမား ဘ၀မှာ သွင်းဂိုးမှတ်တမ်းတွေပဲ ရှိပါတယ်။ မိုက်ကယ်အို၀င် အလန်ရှီးယားရား ဂယ်ရီလိုင်နီကာ တို့ကလည်း ဂိုးတွေ အများကြီး သွင်းယူခဲ့ကြသူတွေပါ။

ရွန်းနီ ကတော့ ဂိုးတွေလည်း သွင်းယူနိုင်သလို ပိုမိုကောင်းမွန်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ အင်္ဂလန်တို့ နောက်ဆုံး ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် ကစားသမားပါ။

ဂျူ့ဘယ်လင်ဟမ် ကလည်း လက်ရှိ အင်္ဂလန် အစုအဖွဲ့ထဲက ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာရန် အခွင့်အရေး ရှိနေတဲ့သူ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရွန်းနီးဟာ မန်ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ၊ ချန်ပီယံလိဂ်ဖလား အက်ဖ်အေဖလား ယူရိုပါလိဂ်ဖလား နဲ့ လိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၁ မှာ ကစားသမားဘ၀ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွန်းနီဟာ နည်းပြလောကထဲမှာ ရှိနေပြီး အမေရိကန် မေဂျာလိဂ်ကလပ် DC United ကို ကိုင်တွယ်နေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular