ဟက်ထရစ် မရမှုအပေါ် အသက်အရွယ်ကို အကြောင်းပြခဲ့တဲ့ ဇလာတန်

အေစီ မီလန် အသင်း ရဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာ ဟီမိုဗစ် ဟာ ယမန်နေ့ ညက စီးရီးအေ ပွဲစဉ် မှာ မီလန် အတွက် သူရဲကောင်း ဖြစ်ခဲ့ ပါတယ် ။ ဝါရင့် တိုက်စစ်မှူးကြီး ဟာ ဘိုလော့နာ အသင်း ကို ၂ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ အေစီမီလန် အတွက် ၂ ဂိုးစလုံး သွင်းပေး ခဲ့ပြီး အနိုင် ၃ မှတ် ရရှိ စေခဲ့ ပါတယ် ။ ဒါပေမယ့် ဇလာတန် ဟာ ပွဲချိန် အတွင်းမှာ အပိုင် အခွင့် အရေး တွေကို လွဲချော် ခဲ့ ပါတယ် ။

ဇလာတန် ဟာ အစောပိုင်း ကတည်းက အဖွင့်ဂိုး ကို သွင်းယူ နိုင်ဖို့ အလားအလာ အလွန် ကောင်းခဲ့ ပါတယ် ။ ဘိုလော့နာ ဂိုး သမားကို ကျော်ဖြတ် နိုင်ခဲ့ ပေမယ့် ဂိုးသမား မရှိ တော့တဲ့ ဂိုးထဲ ကိုတော့ ဝင်အောင် မကန် နိုင်ခဲ့ ပါဘူး ။

myan789

ဒါပေမယ့် ဇလာတန် ဟာ ၃၅ မိနစ် မှာတော့ ခေါင်းတိုက်ပြီး အေစီ မီလန် အတွက် အဖွင့်ဂိုး ကို သွင်းပေးခဲ့ သလို ဒုတိယပိုင်း မှာလည်း ပင်နယ်တီ ကနေ နောက်တစ်ဂိုး သွင်းယူ ပေးကာ အေစီမီလန် ကို ၃ မှတ် ယူဆောင် ပေးနိုင် ခဲ့ ပါတယ် ။

ဒီပွဲ ဟာ အေစီမီလန် အတွက် ပြီးခဲ့တဲ့ ရာသီ က အပါအဝင် ၁၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစား ထားနိုင် ခဲ့တာ ဖြစ်ပြီး ဒီကနေ့ည နိုင်ပွဲဟာ ရာသီ အကုန် မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရယူ နိုင်ဖို့ အတွက် ခွန်အား တရပ် ဖြစ် စေခဲ့ ပါတယ် ။ ဇလာတန် ကတော့ သူ ဟက်ထရစ် မရခဲ့မှု ဟာ အသက် အရွယ် ကြီးမြင့် လာတာကြောင့် ဖြစ်ပြီး လွန် ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းက ဆိုရင် ဒီညမှာ ၄ ဂိုးလောက် သွင်းနိုင် မှာပါ လို့ ပြောဆို သွားခဲ့ ပါတယ် ။

“တကယ်လို့ ကျွန်တော် သာ အသက် ၂၀ အရွယ် လောက်ဆိုရင် ဒီည မှာ နောက်ထပ် ၂ ဂိုးလောက် ထပ်သွင်း နိုင်ဦး မှာပါ ။ ကျွန်တော့ ရဲ့ အသက် အရွယ် ကို လူတွေ ပြောဆို နှိုင်းယှဉ် တာမျိုး ကျွန်တော် သဘော မကျ ပါဘူး ။ ဘယ် အရွယ်ပဲ ဖြစ်ဖြစ် တန်းတူ ညီတူပဲ ကျွန်တော် ဖြစ်ချင် ပါတယ်”

“အခု ကျွန်တော် ၃၈ နှစ် ရှိပါပြီ ။ ဒါပေမယ့် အသက် ၂၀ လောက် တုန်းက လိုပဲ အားထုတ်မှုတွေ ရှိနေ တုန်းပါ” လို့ ဇလာတန် က ပြောဆို သွားခဲ့ ပါတယ် ။ ဇလာတန် နဲ့ အလွန် ရင်းနှီးတဲ့ ဘိုလော့နာ နည်းပြ မီဟိုင်းလိုဗစ်ချ် ကလည်း ဆွီဒင် တိုက်စစ်မှူးကြီး ဟာ ဒီပွဲ မှာ ကြီးမားတဲ့ ခြားနားမှု ကို ဖြစ်စေ ခဲ့တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ မှာ အီဘရာဟီမိုဗစ် ရှိပါတယ် ၊ ကျွန်တော်တို့ မှာ မရှိ ပါဘူး ။ မီလန် ရဲ့ အရာ အားလုံးဟာ သူ့ဆီက ထွက်လာတာပါ ။ ဇလာတန် က လွဲရင် ကျန်တာက မျှမျှ တတ ပါပဲ” လို့ မီဟိုင်းလိုဗစ်ချ် က ပြောဆို ခဲ့ ပါတယ် ။ ဘိုလော့နာ ဟာ ပွဲ အစ စက္ကန့် ၉၀ မှာတင် အဖွင်ံဂိုး ရဖို့ နီးစပ် ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မှာတော့ အေစီမီလန် က ပဲ ပွဲကို ထိန်းချုပ် ကစား သွားနိုင် ခဲ့ ပါတယ် ။

ဇလာတန် ဟာ အေစီ မီလန် ကို ဒုတိယ အကြိမ် အဖြစ် ပြန်လည် လာရောက် ကစား နေတာ ဖြစ်ပြီး ဇန်နဝါရီ ကနေ အခု အချိန် အထိ ၂၂ ပွဲ ကစား ထားရာမှာ မီလန် အတွက် ၁၄ ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။ အေစီ မီလန် ဟာ လာမယ့် ပွဲစဉ် မှာတော့ ခရိုတွန်း အသင်း နဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ကြားရက် မှာတော့ ယူရိုပါလိဂ် တတိယ အဆင့် ခြေစစ်ပွဲ ကို အိမ်ကွင်းမှာ ကစား ရမှာပဲ ဖြစ် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular