သူ့ရဲ့ အနာဂတ် နဲ့ အစ္စဘူလ် နဲ့ ရှုံးပွဲ အပေါ် မှတ်ချက် ပေးသွားတဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ တူရကီ မြေမှာ အစ္စတန်ဘူလ် ဘာဆက်ဆီဟာ အသင်းကို ချန်ပီယံလိဂ် အုပ်စု တတိယ ပွဲစဉ်အဖြစ် ရင်ဆိုင် ကစားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် အဝေးကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ရ ပါတယ် ။

ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ဒီ ရာသီ ရဲ့ ပထမဆုံး အဝေးကွင်း ရှုံးပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ယူနိုက်တက် တို့ရဲ့ ပထမဆုံး ရှုံးပွဲ ဖြစ်သွားခဲ့ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယားကို ဦးဆောင် နေဆဲ ပါပဲ ။

myan789

အခြား တစ်ဖက် မှာတော့ ဒါဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ နှစ်ပွဲဆက် ရှုံးပွဲ ဖြစ်သွား ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကလည်း ကြီးမားတဲ့ ဖိအားတွေအောက် တစ်ဖန် ပြန်လည် ကျရောက် နေခဲ့ ပါပြီ ။

ယူနိုက်တက် ဂန္ဓဝင် ရွိုင်ကိန်း ကတော့ လက်ရှိ ကစားသမား တွေက ဆိုးလ်ရှားကို အလုပ်ပြုတ် စေလိမ့်မယ်လို့ ဝေဖန် ခဲ့ပါသေးတယ် ။ ဒါပေမယ့် အစ္စတန်ဘူလ် နဲ့ ရှုံးပွဲ အပြီး သူ့ရဲ့ အနာဂတ် အကြောင်း အမေး ခံလိုက် ရချိန် မှာတော့ ဆိုးလ်ရှား က ငြင်းဆန် စကား ဆိုခဲ့လိုက် ပါတယ် ။

” ဒီလို အရာတွေ အပေါ် မှတ်ချက်ပေးဖို့ ကျွန်တော် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်ပါရစေ ။ အခုက စောပါ သေးတယ် ။ လူတွေရဲ့ ထင်မြင်ချက် ပေးမှု တွေက ပြင်ပမှာ အမြဲတမ်း ရှိနေမှာ အသေအချာ ပါပဲ ။ ဒါတွေကို ရင်ဆိုင် နိုင်ဖို့ အတွက် ကျွန်တော်တို့တွေ သန်မာ နေဖို့ လိုအပ် ပါတယ် ”

” ကျွန်တော်ဟာ အလုပ် တစ်ခုကို လုပ်ဆောင် ပေးဖို့ အတွက် အသင်း ဖက်က ခန့်အပ်ခြင်း ခံထားခဲ့ ရသူပါ ။ ကျွန်တော် ကတော့ ရှိနေတဲ့ အင်အားစု နဲ့ အသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ပေး နိုင်ဖို့ အစွမ်းကုန် ကြိုးစား အားထုတ် နေပါတယ် ” လို့ ဆိုးလ်ရှား က ဖြေကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် အသင်းဟာ အဆိုပါ ပွဲစဉ်မှာ ပြိုင်ဖက် အသင်းရဲ့ ကောင်တာ တိုက်စစ် ကစားဟန်ကို ထိန်းချုပ် နိုင်ခြင်း မရှိခဲ့မှု ၊ ခံစစ် ကစားသမား တွေရဲ့ တိုက်စစ် လိုက်ပါလွန်းမှု ၊ နေရာယူ ကစားပုံ ညံ့ဖျင်းခဲ့မှု တွေကြောင့် ရှုံးနိမ့် ခဲ့ရတာပဲ ဖြစ်ခဲ့ ပါတယ် ။ ဆိုးလ်ရှား ကတော့ အဆိုပါ ရှုံးပွဲ နဲ့ ပတ်သက်လို့ …

” အသင်း ရဲ့ စွမ်းဆောင်ရည် တွေက လုံလောက်စွာ ကောင်းမွန်ခြင်း မရှိခဲ့ ပါဘူး ။ ပထမဆုံး ပေးဂိုး ကတော့ ကျွန်တော်တို့ တွေဟာ ထောင့်ကန်ဘော ကစားဖို့ တိုက်စစ်ပိုင်းကို ရောက်ရှိ နေခဲ့ ကြပြီး သူတို့ရဲ့ အထောင် တိုက်စစ် ကစားသမား လူကပ်ဖို့ မေ့လျော့ နေခဲ့ကြ ပါတယ် ။ ဒါက ခွင့်မလွှတ် နိုင်စရာ ပါပဲ ”

” ဒုတိယ ပေးဂိုး မှာတော့ ကျွန်တော်တို့ တွေဟာ ပြန်လည် ဖိအားပေး ကစားရေးမှာ စုဖွဲ့ ကစားပုံက အားရ ကျေနပ်ဖွယ် မကောင်းမွန်ခဲ့ ပါဘူး ။ ကျွန်တော်တို့ ခံစစ် ပြန်လည် ကစားခဲ့ ရချိန်မှာ ဘောလုံး လုယူ နိုင်စွမ်းလည်း မရှိခဲ့ကြ ပါဘူး ။ အဲ့တာတွေက ကျွန်တော် တို့ကို ခံစား သွားစေခဲ့ ပါတယ် ”

” ကျွန်တော်တို့ အကောင်းဆုံး ပြန်လာနိုင်ဖို့ အတွက် အခက်တွေ့ သွားခဲ့ကြ ပါတယ် ။ ခင်ဗျား တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ရုတ်ချည်း ပြန်လှည့်လာပြီး အနိုင် သုံးမှတ် ရယူ သွားဖို့ ဆိုတာက လုံးဝ မလွယ်ကူလှ ပါဘူး ”

” ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ ကြတဲ့ ပုံစံကို ကြည့်လိုက်မယ် ဆိုရင် အပေါင်း လက္ခဏာ ဆောင်တာမျိုး မရှိခဲ့ ပါဘူး ။ ဒါပေမယ့် စနေနေ့ မှာတော့ ကျွန်တော်တို့ တွေဟာ အကောင်းဆုံး ပြန်လာ နိုင်ဖို့ အခွင့်အရေး တစ်ခု ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular