သူ့ရဲ့သားဖြစ်သူ သောမက်စ်ပါတေးဟာ အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ရာ သံသယ ဝင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဂျာကော့ပါတေး

သောမက်စ် ပါတေး ရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့သားဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ရာ စိုးရိမ်စိတ် ရှိနေခဲ့ပြီး သူ့ရဲ့ တိုက်တွန်း အကြံဉာဏ်ပေးမှုကြောင့်သာ ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အပြောင်းအရွှေ့နောက်ဆုံးရက် နောက်ဆုံး အချိန်မှာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ သောမက်စ် ပါတေး ကို စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ (ပေါင် ၄၅ သန်း) ပေးပြီး အရ ခေါ်ယူ ခဲ့တာပါ ။

myan789

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သောမက်စ် ပါတေး ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့ အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ရာ တွ့န်ဆုတ်နေခဲ့ပြီး ဂန်းနားတို့ကို ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် ကူညီ ပေးဖို့ ဖျောင်းဖျ ခဲ့ရတယ်လို့ ဂျာကော့ ပါတေး က ဆိုပါတယ် ။

ဂျာကော့ ပါတေး က Joy Sports နဲ့ အင်တာဗျူးမှာ ” ကျွန်တော် နည်းပြ သင်တန်း တက်ရောက် ခဲ့ဖူးပါတယ် ၊ ဒါကြောင့် အားကစား စာအုပ်တွေ ၊ highlights တွေ ဖတ်ဖူးသလို အားကစား သမားတွေရဲ့သမိုင်းကြောင်းတွေလည်း ဖတ်ဖူးပါတယ် ။ဒါကြောင့် ကျွန်တော် သူ့ကို ဒါဟာ အခွင့်အရေးကောင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ် ။ “

” ကျွန်တော် သတိထားမိသလောက်က သူက ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်းမှာပဲ ကစားချင်နေတာပါ ၊ ဒါကြောင့် ကျနော်ကလည်း သူ့ကို ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ဝေးကွာနေတဲ့ အသင်းကို ဝင်ခွင့် ပြန်ရအောင် ကူညီ ပေးလိုက်ပေါ့ကွာလို့ ပြောခဲ့ရပါတယ် ။ “

” ကျွန်တော်ကတော့ သူ့ကို လေ့ကျင့်ခန်းကို သေချာ လုပ်ဆောင်ဖို့နဲ့ အာရုံ စူးစိုက်မှု ထားဖို့ အကြံဉာဏ် ပေးပါတယ် ။ မိန်းမ မလိုက်စားဖို့လည်း ပြောပါတယ် ၊ ဒါမှ သူ့ဘဝ မနစ်မွန်းမှာပါ ၊ သူက ကျွန်တော် ပြောတာတွေကို ကောင်းကောင်း လိုက်နာပါတယ် ။ ” လို့ ဆိုပါတယ် ။

ဒါ့အပြင် ဂျာကော့ပါတေး က သူ့ရဲ့ သား ဖြစ်သူကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တဲ့ အသင်းဟာ အာဆင်နယ် တစ်သင်းတည်း မဟုတ်ဘဲ ချဲလ်ဆီး ၊ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင် စားခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

ဂါနာ လက်ရွေးစင် ပါတေး ဟာ မနေ့ညက ကစားခဲ့တဲ့ ကာတာ အသင်း နဲ့ နိုင်ငံတကာ ခြေစစမ်းပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ပြုလုပ် ခဲ့ပြီး ဒုတိယ ဂိုးဖန်တီးမှု ဆိုရင် အတော်လေး ကောင်းမွန် သပ်ရပ်တာကို တွေ့မြင် ခဲ့ရပါတယ် ။ ပါတေး ဟာ ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ် နဲ့ အတူ လေ့ကျင့်ခန်း စတင်ဆင်းမယ်လို့ သိရပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular