သူတို့တွေ ပေးဆပ်ခဲ့လို့ ဖာဂူဆန် အောင်မြင်ခဲ့တာလို့ ထုတ်ပြောလာတဲ့ ရွိုင်ကင်း

ဆာအဲလက်စ် ဖာဂူဆန် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၂၆ နှစ် ကြာအောင် ကိုင်တွယ် ခဲ့ပြီး အောင်မြင်မှု များစွာ ရရှိ ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် အမှတ်ပေး ဖလားကို ၁၃ ကြိမ် ရယူ ပေးခဲ့ပြီး လီဗာပူး ကို ကျော်ဖြတ်ကာ အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်အောင် ဦးဆောင် ပေးနိုင်ခဲ့တဲ့ အပြင် ချန်ပီယံ လိဂ် ဖလား ကိုလည်း ၂ ခါ ရယူ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီအောင်မြင်မှု အားလုံးကို သူ တစ်ယောက်တည်း ရယူ ခဲ့တာတော့ မဟုတ်ပါဘူး ။

တကယ် အရည် အသွေး ကောင်းမွန်ပြီး အနိုင် ရလိုစိတ် ပြင်းထန်တဲ့ ကစား သမား ကောင်း တွေ ၊ ခေါင်းဆောင်ကောင်းတွေ ၊ ဂိုးသမားတွေ ၊ တိုက်စစ်မှူး များစွာတို့ဟာ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နှစ်စဉ် နှစ်တိုင်း ပါဝင် ခဲ့ကြ ပါတယ် ။

myan789

အဲ့ဒိ အထဲ က တစ်ယောက် ကတော့ ရွိုင်ကင်း ပါပဲ ။ ရွိုင်ကင်း ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၁၀ နှစ် ကြာ ကစား ခဲ့ပြီး အသင်း ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ ဖူးပါတယ် ။ သူ့ရဲ့ အချိန် ကာလတွေ မှာ ကိန်း ဟာ ပရီးမီးယားလိဂ် ရဲ့ အခက်ထန် အမာကြောဆုံး အသင်း ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ကာ ယူနိုက်တက် ကစား သမားတွေ အပေါ် သြဇာ လွှမ်းမိုး ခဲ့ ပါတယ် ။

ကိန်း ဟာ ၂၀၀၆ မှာ မန်ယူနိုက်တက် ကို စွန့်ခွာခဲ့ပြီး လက်ရှိ မှာတော့ ဘောလုံး အစီအစဉ် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေပြီဖြစ်ပါတယ် ။ ဖာဂူဆန် နဲ့ ကိန်း တို့ အကြားမှာ မပြေလည် တဲ့ ဆက်ဆံရေး အချို့ ရျိခဲ့ပြီး ၂၀၁၃ ခုနှစ် မှာ ထုတ်ေ၀ ခဲ့တဲ့ အတ္ထုပ္ပတ္တိစာအုပ် မှာတော့ ဖာဂူဆန် က ဒီအကြောင်းတွေကို ထည့်သွင်း ရေးသား သွားခဲ့ ပါတယ် ။

“ရွိင်ကိန်း ရဲ့ တစ်ကိုယ်လုံးမှာ အခက်ထန်ဆုံး က သူ့ရဲ့ လျှာ ( ပါးစပ် ) ပါပဲ ။ သူ့ပါးစပ် က ထွက်လာတဲ့ စကားလုံးတွေ ဟာ ခင်ဗျားတို့ တွေးကြည့် ဖူးသမျှထက် ပိုပြီး ကြမ်းပါတယ် ။ ဒါပေမယ့် သူက ကမ္ဘာပေါ် မှာ ခံယူချက် အပြင်းဆုံး ၊ ယုံကြည်ချက် အပြင်းဆုံး လူ တစ်ယောက်ပါ”

“သူ့ရဲ့ ဒေါသကို သူ နဲ့ ငြင်းခုန် ကြတုန်းက သူ့မျက်လုံးတွေ ထဲမှာ မြင်ခဲ့ ဖူးပါတယ် ။ တကယ်ကြောက်ဖို့ ကောင်းတဲ့ အရာပါ” လို့ ဖာဂူဆန် က ရေးသားခဲ့ ပါတယ် ။ ဒါ့အပြင် ရွိုင်ကင်း ကို မန်ယူနိုက်တက် ကနေ ထွက်ခွာစေ ခဲ့တာကလည်း ကိန်း ဟာ နည်းပြ ရဲ့ အခန်းကဏ္ဍတွေ ကို ပါဝင် စွက်ဖက် ဖို့ ကြိုးစား လာတာကြောင့် ဖြစ်တယ် လို့လည်း ဖာဂူဆန် က ထည့်သွင်း ရေးသား ခဲ့ ပါတယ် ။

“ကျွန်တော် လက်မခံ နိုင်တာ တစ်ခု ကတော့ စည်းကျော် ဘောင်ကျော် တာပါ ။ ကိန်း က သူ့ကိုယ်သူ နည်းပြ လုပ်လို့ ရပြီလို့ ထင်ခဲ့ ပုံပါပဲ ။ ဒီလို အထိန်းအကွပ် မဲ့တာမျိုးကို ကျွန်တော် လက်မခံ နိုင်ပါဘူး” လို့ ရေးသား ခဲ့တာ ဖြစ် ပါတယ် ။ ဒါပေမယ့် ရွိုင်ကိန်း က ဒီအတိုင်း ငြိမ်ခံ မနေ ခဲ့ ပါဘူး ။

ITV Sport ရဲ့ ချန်ပီယံလိဂ် ထုတ်လွှင့်မှု အစီအစဉ် မှာ အီယန်ရိုက် ၊ လီဒစ်ဆင် တို့နဲ့ ပါဝင် ခဲ့စဉ်မှာ ရွိုင်ကင်း က ဖာဂူဆန် ရဲ့ ပြောဆို ရေးသားချက်တွေ ကို ပြန်လည် ချေပ သွားခဲ့ပြီး သူ ဒီလို ခမ်းခမ်း နားနား နှုတ်ဆက် နိုင်တာဟာ သူတို့လို ကစား သမားတွေ ရဲ့ ကြိုးစားပေး ခဲ့မှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် မှာ ရှိနေတုန်းက သစ္စာ ရှိမှု နဲ့ ပတ်သက်လို့ သူ နဲ့ ဆွေးနွေး တာကို မှတ်မိနေ ပါသေးတယ် ။ သူ့ကြည့်ရတာ ဒီ စကားလုံးရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ပုံ မရ ပါဘူး ။ ကျွန်တော့ ကို သူ ဘာပဲ ပြောပြော ၊ ဘာပဲ ရေးရေး စိတ်မဝင် စားပါဘူး”

“ဒါပေမယ့် သူ့ကို အောင်မြင်မှုတွေ တစ်သီကြီး ယူလာ ပေးတဲ့ သူတွေ ကို တစ်ယောက်ပြီး တစ်ယောက် ဝေဖန် တာက တော့ ထူးဆန်းတဲ့ ကိစ္စပါ ။ အခု သူ စာအုပ် ဘယ်နှစ်အုပ် ရေးပြီးပြီ လဲ မသိပါဘူး ။ ကျွန်တော်တို့ ကိုလည်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ထိပ်တန်း ကျေးကျွန်တွေ လို့ သဘောထား ချင် ထားနေ မှာပါ”

“ဒါပေမယ့် ကျွန်တော်တို့ သာ သူ့ကို မကူညီ ပေးခဲ့ဘူး ဆိုရင် သူ ဒီလို ပြောနိုင် ၊ သူ ဒီလို ရေးနိုင် မလား ၊ ခင်ဗျား တို့ စဉ်းစား ကြည့်လေ . . . ။ ကျွန်တော် တို့က မန်ချက်စတာ ယူနိုက်တက် ကို အောင်မြင်မှုတွေ ယူပေး ခဲ့တယ် ၊ ဒီလို ဖြစ်ဖို့ အရာအားလုံး ကို ကျွန်တော်တို့ ပေးဆပ် ခဲ့ကြ ၊ ကြိုးစား ခဲ့ကြတာပါ”

“အခုခေတ် မှာတော့ လူတွေ က စာအုပ်တွေ ရေးပြီး ကစား သမား ဟောင်းတွေ ကို ဝေဖန် တာက ဖြစ်ရိုး ဖြစ်စဉ် လို့တောင် ပြောလို့ ရနေ ပါပြီ” လို့ ရွိုင်ကင်းက ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။ အဆိုပါ အစီအစဉ် မှာ ကိန်း နဲ့ အတူ သုံးသပ် ခဲ့တဲ့ အာဆင်နယ် နောက်ခံလူဟောင်း လီဒစ်ဆင် ကလည်း သူ ဟာ စာအုပ်တွေ ထဲမှာ ဘာကြောင့် ဒီလိုတွေ ထည့်ရေး ကြသလဲဆိုတာကို လည်း နားမလည် နိုင်ပါဘူးလို့ ပြောဆိုရင်း ကိန်း ကို ထောက်ခံ သွားခဲ့ ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular