ဝေဖန်မှုတွေကို တုန့်ပြန်လိုက်ပြီး ဟတ်ထရစ် ရနိုင်ပေမယ့် ကာဗာနီဆီ ဘောလုံး ပေးခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ဂွတ်ဒီဆင် ပါ့ခ်မှာ အဲဗာတန် အသင်းကို ရင်ဆိုင် ကစားခဲ့ ရပြီး အာဆင်နယ် ၊ အစ္စတန်ဘူလ် အသင်း တို့အား နှစ်ပွဲဆက် ရှုံးနိမ့် ခဲ့မုှကို 1 – 3 အဝေးကွင်း နိုင်ပွဲ နဲ့ အကောင်းဆုံး ချေဖျက် ပြသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အဲဗာတန် အသင်းက ပွဲချိန် 19 မိနစ် မှာ ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က 25 မိနစ် ၊ 32 မိနစ် တွေမှာ ခြေပဂိုး နဲ့ ဦးဆောင်ဂိုး တွေကို ပြန်လည် သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

myan789

ဒါ့အပြင် ပွဲချိန် နောက်ဆုံး မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ ဟတ်ထရစ် ရရှိ နိုင်မယ့် အခွင့်အရေး တစ်ရပ်ကို ပိုင်ဆိုင် နိုင်ခဲ့ပေမယ့် ကိုယ်တိုင် ဂိုးပေါက် မကန်သွင်းပဲ ယူနိုက်တက်ဆီ ရောက်ရှိ ကတည်းက ဂိုး မရရှိ သေးတဲ့ လူစားဝင် တိုက်စစ်မှူး ကာဗာနီ အတွက် ဂိုး ဖန်တီး ပေးသွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ်အပြီးမှာတော့ ဘရူနို ဖာနန်ဒက်စ်က အသင်းမှာ ခေါင်းဆောင်တွေ မရှိဘူး ဆိုတဲ့ ဝေဖန်မုှ တွေကို ပြန်လည် တုန့်ပြန် သွားခဲ့ လိုက်ပြီး ကစားသမား အများစုမှာ ခြားနားတဲ့ နည်းလမ်း တွေနဲ့ အတူ ကိုယ်တိုင် ဦးဆောင် နိုင်စွမ်း ရှိနေကြောင်း ဖွင့်ဟခဲ့လိုက် ပါတယ် ။

” အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ကျွန်တော်တို့ ဘာလုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိရှိ ကြတဲ့ ကစားသမားတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အဲ့ဒီလို ကစားသမားတွေက ကျွန်တော်တို့ ဆီမှာ ရှိနေပြီးသား ပါပဲ ”

” လူတိုင်းက ခေါင်းဆောင် တစ်ဦး ဖြစ်နိုင်ဖို့ လိုအပ် ပါတယ် ။ အချို့တွေ ကတော့ စိတ်ပိုင်း ဆိုင်ရာ ခေါင်းဆောင် နိုင်စွမ်း ရှိကြ သူတွေ ပါပဲ ။ သူတို့တွေက စကားတွေ အများကြီး မပြောဆိုကြ ပေမယ့် မှန်ကန်တဲ့ အရာတွေကိုတော့ အမြဲတမ်း လုပ်ဆောင်လေ့ ရှိတတ်ကြ ပါတယ် ”

” အခြားသူတွေ ကတော့ ပွဲစဉ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ဖို့ အတွက် အခုထက် ပိုပြီး စကားတွေ ပြောဆိုဖို့ လိုအပ် နေပါ သေးတယ် ။ ပွဲစဉ် တစ်ခု ရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ စကားတွေ ပြောဆို ညွှန်ကြား နေဖို့ လိုအပ်တယ်လေ ”

” ဘယ်လိုပဲ ဖြစ်နေ ပါစေ ၊ ပွဲစဉ် တစ်ပွဲ ပြီးဆုံး သွားတဲ့ နောက်မှာတော့ အားလုံး အတွက် အဓိက တူညီ နေရမယ့် အချက်က အနိုင် သုံးမှတ် ရယူနိုင်ခဲ့တယ် ဆိုတာ ပါပဲ ။ ဒါက တစ်ဦးတယောက် အတွက် လုပ်ဆောင်ရမယ် အရာတော့ မဟုတ်ရ ပါဘူး ” လို့ ပြောရင်း ကာဗာနီဆီ ဘောလုံး ပေးတဲ့ အပေါ် …

” နံပါတ် 10 ကစားသမား တစ်ဦး ဖြစ်တဲ့ ကျွန်တော့် အတွက် အရေး အကြီးဆုံး အရာက အသင်းဖော်တွေ အတွက် တာဝန် ထမ်းဆောင်ရေး ပါပဲ ။ ကျွန်တော် ပွဲစဉ် အပြီးမှာ ကာဗာနီ အတွက် လုပ်ဆောင် ပေးခဲ့သလိုမျိုးပေါ့ ဗျာ ”

” ကျွန်တော်ဟာ ဂိုးပေါက် ကန်သွင်းဖို့ အတွက် အခွင့်အရေး ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ဟတ်ထရစ် သွင်းယူဖို့ အထိ ကျွန်တော် မျှော်လင့်ကောင်း မျှော်လင့်လို့ ရခဲ့ ပါတယ် ။ ဒါပေမယ့် အီဒီ တစ်ယောက်ထဲ ရှိနေတယ် ၊ ဂိုးသွင်းဖို့ အခွင့်အရေး ပိုင်ဆိုင် ထားတယ် ဆိုတာကို ကျွန်တော် မြင်ခဲ့တယ်လေ ” လို့ ဘရူနို ဖာနန်ဒက်စ် က ဖွင့်ဟ ပြောကြား ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular