လူအင်အား မဖြည့်ဘူးလား လို့ မေးခွန်းထုတ်နေတဲ့ ပရိသတ်တွေ အတွက် ယာဂန် ကလော့ပ်ရဲ့ ပြန်လည်ဖြေကြားချက်

လီဗာပူး ပရိသတ်တွေ အကြားမှာ အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်နေကြသူတွေ ရှိသလို ၊ တစ်ချို့ကလဲ ထောက်ခံတဲ့ဘက်မှာ အပြည့်အ၀ ရပ်တည်ကြပါတယ်။

စီနီယာ ကစားသမားကြီးတွေ ဖြစ်တဲ့ လယ်လာနာ ၊ လိုဗရန် ၊ ကလိုင်နီ တို့ အသင်းနဲ့ လမ်းခွဲသွားချိန်မှာ ၊ ဘယ်နောက်ခံလူ စီမီကတ် တစ်ဦးသာ ခေါ်ယူ အားဖြည့်ထားသေးပြီး ၊ လက်ရှိမှာ ပွဲထွက် ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်တဲ့ ဝိုင်နယ်ဒမ် ကိုပါ ဆုံးရှုံးရမယ့် အရေး နဲ့ ရင်ဆိုင်ရလျှက် ရှိနေပါတယ်။

myan789

ဒါကြောင့် မိုက်ကယ် အက်ဒ်ဝပ်ဟာ ဘိုင်ယန် မြူးနစ် က ကွင်းလယ် ကစားသမား တီယာဂို အယ်ကန်တရာ ကို ခေါ်ယူဖို့ အတွက် အကွက်ရွှေ့နေတယ်လို့ ယူဆရပြီး ၊ ဘိုင်ယန် က လိုချင်နေတဲ့ ယူရို သန်း 30 ပမာဏမျိုး အထိတော့ ပေးဖို့ ဆန္ဒမရှိပါဘူး။

ဒါကြောင့် အသင်းအားပေးသူ ပရိသတ်တွေ အကြားမှာ ၊ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ နဲ့ ပတ်သက်ပြီး အားမလို အားမရတွေ ဖြစ်နေကြတာပါ။

နည်းပြကြီး ယာဂန် ကလော့ပ်ကတော့ လက်ရှိ အနေအထားမှာ အသင်းက ဘာဖြစ်လို့ အသုံးစာရိတ်တွေ အများကြီး မသုံးပဲ ခြွေတာနေရတာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အခုလို ပြန်လည် ရှင်းပြသွားခဲ့ပါတယ်။

“ ကျနော်တို့ လက်ရှိ ရင်ဆိုင်နေရတဲ့ ကာလကြီးက ဘာမှ မသေချာ မရေရာတဲ့ အချိန်မျိုးပါ။

ဒါပေမယ့် တစ်ချို့ ကလပ်တွေ အတွက် အဲဒီ မသေချာ မရေရာမှုတွေ က သိပ်ပြီး ဂရုစိုက်နေစရာ မလိုပါဘူး။ သူတို့ရဲ့ နောက်ခံ Background ကို ကြည့်လိုက်ရင် နိုင်ငံပိုင် လုပ်ငန်းကြီးတွေ ၊ အိုလီဂရပ်တွေ (ရုရှား ခရိုနီတွေ ကို ဆိုလို) က ပိုင်ဆိုင်ထားတာလေ။

ကျနော်တို့ ကလပ်က သူတို့ နဲ့ မတူပါဘူး။လွန်ခဲ့တဲ့ 2 နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တယ် ၊ နောက်တစ်နှစ်မှာ ဖလားရတယ်။ ဒီနှစ် ကျတော့ ပရီးမီးယားလိဂ် ဖလား ထပ်ပြီး ဆွတ်ခူးနိုင်ခဲ့တယ်လေ။ ဒါက ကျနော်တို့က အသင်းကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တည်ဆောက်ပြီး ရယူခဲ့ကြတာပါ။

ဒီလို အောင်မြင်ခဲ့တဲ့ မူဝါဒ တစ်ခုကို နေ့ချင်းညချင်း ပြောင်းလဲ မပစ်နိုင်ပါဘူး။ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောရရင် ချဲဆီး လိုတော့ ကစားသမားသစ်တွေ အများကြီး မခေါ်နိုင်ပါဘူး။ သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့ အလုပ်လုပ်ကြတာပါ။

ဘယ်သူကမှ ကမ္ဘာ့အကောင်းဆုံး 11 ယောက် ကို တစ်ပြိုင်နက် ခေါ်ပြီး တည်ဆောက်လို့ မရပါဘူး။ ခေါ်ကြည့်လိုက်ပါ တစ်ပတ် အတွင်းမှာပဲ အကောင်းဆုံး ဘောလုံး ကစားဟန် ပေါ်ထွက်လာမယ် ထင်လား။ ဘောလုံးကစားနည်း ဆိုတာ လေ့ကျင့်ရေးကွင်းမှာ အတူတူ လက်တွဲပြီး ကြိုးစားနိုင်မှ ၊ ကစားပုံရော / ရလာဒ်ပါ ကောင်းမွန်လာတာပါ။

ဒီလို အမြင်မျိုးသာ ရှိကြမယ် ဆိုရင် ကျနော်တို့ အတွက် အားသာချက်တောင် အများကြီး ရှိပါသေးတယ်။ ဘာလို့လဲ ဆိုတော့ လက်ရှိ ကျနော် ကစားသမားတွေ နဲ့ လက်တွဲလာခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိတောင် ရှိလာပါပြီ။

ဒါပေမယ့် ပရိသတ် တစ်ချို့ ကတော့ ဒီစကားမျိုး ကြားချင်မှာ မဟုတ်တာ သိပါတယ်။

မနှစ်က ဘောလုံးရာသီ ဆိုရင်လဲ ဒီပုံစံနဲ့ပဲ ဖြတ်သန်းခဲ့တာပဲလေ။ ကျနော်တို့ အသင်းဟာ အမြဲတမ်း တိုးတက်မှုတွေ ရှိနေအောင် ကြိုးစားချင်စိတ် အပြည့်ရှိသလို ၊ ကစားသမားတွေကလဲ ဒီအတိုင်းပါပဲ။

အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ နည်းလမ်းတွေကတော့ မတူဘူးပေါ့။ တစ်နည်းက ကစားသမားသစ်တွေကို ထပ်ပြီး အားဖြည့်မယ် ၊ နောက်တစ်နည်းကတော့ လက်တွဲညီညီ နဲ့ အလုပ်တွေ လုပ်နိုင်အောင် ကြိုးစားကြတာပါ” လို့ ဖြေရှင်း ချပြသွားခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လိဒ် ယူနိုက်တက် နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ၊ သူတို့ရဲ့ နောက်ပိုင်းရာသီ အဖွင့်ပွဲစဉ်တွေမှာ ဂိုးမြူးတတ်တဲ့ အစဉ်အလာတစ်ခုတော့ ရှိနေပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆင်ဟာ ဒူးဒဏ်ရာ ပြသနာကနေ ပြန်လည် သက်သာ ကောင်းမွန်လာပြီ ဖြစ်တာကြောင့် ၊ လေ့ကျင့်ခန်း အစီအစဉ်တွေ အပြည့်အ၀ လုပ်ဆောင်နေပြီ ဖြစ်ပြီး လိဒ် နဲ့ ရင်ဆိုင်မယ့် ကစားသမား စာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular