လီဗာပူး ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး သူတို့လို အဆင့်အတန့်မျိုးရောက်အောင် ကြိုးစားရဦးမယ်လို့ ဆိုတဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က အန်ဖီးလ်မှာ သူတို့ရဲ့တုန့်ပြန် ကစားပုံကို အားရ ကျေနပ် မိပေမယ့် ဦးဆောင်ဂိုး ရတဲ့ အချိန်မှာ ဂိုးအလွယ်တကူ ပြန်ပေးလိုက်ရတာမျိုးကတော့ မဖြစ်သင့်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

ဒါ့အပြင် အာတီတာ က လီဗာပူး အသင်းဟာ အာဆင်နယ် အသင်းထက် သာလွန် ကောင်းမွန်တဲ့ အသင်း ဖြစ်ပြီး သူတို့လို အဆင့်အတန်မျိုး ရောက်ရှိအောင် အချိန်အများကြီး ယူရဦးမှာ ဖြစ်သလို အရည်အသွေးမြင့် ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ကြောင်း ဆိုပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး လာကာဇက် ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် လီဗာပူး ဘက်က မာနေး ၊ ရောဘတ်ဆန် ၊ ဂျိုတာ တို့ရဲ့ သွင်းဂိုးတွေကြောင့် အမှတ်ဗလာ နဲ့ပဲ အိမ်ပြန် လာခဲ့ရပါတယ် ။

ပွဲအပြီးမှာ အာတီတာ က Arsenal com နဲ့ အင်တာဗျူးမှာ ” ကျွန်တော်တို့ အသင်းအနေနဲ့ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ ပေးဂိုးတွေလိုမျိုး မပေးခဲ့ရသင့်ပါဘူး ။ တစ်ဖက်က ပြောရရင်လည်း လီဗာပူး ရဲ့ အရည်အသွေးကိုက ကျနော်တို့ကို တောက်လျှောက် အဆက်မပြတ် ဖိအားပေး ကစားနိုင်တာပါ ။ ”

” သူတို့ အဆက်မပြတ် ဖိအားပေး ကစားခဲ့ကြပါတယ် ၊ သူတို့မှာ ဖွဲ့စည်းပုံ ကော အရည်အသွေးကောင်းတွေကော ရှိပါတယ် ။ ခင်ဗျားတို့အနေနဲ့သူတို့ကို high press လုပ်နေတယ်ပေါ့ဗျာ ၊ အဲ့အချိန်မှာ ဗန်ဒိုက် က ကိုက် ၈၀ အကွာအဝေးကနေ ဆာလက် ရဲ့ ရင်ဘတ်ထဲကို ဘောလုံးရောက်အောင် ပို့ပေးလိုက်ပါတယ် ၊ ဒါ အရည်အသွေးပါပဲ ၊ ဒါကြောင့်လည်း သူ့ကို ပေါင်သန်း ၈၀ ပေးခေါ်ထားတာပါ ၊ ခင်ဗျားတို့ သိတယ်မလား ။ ”

” ကျွန်တော်တို့ နှစ်သင်းက မတူညီတဲ့ လမ်းကို လျှောက်လှမ်း နေရတာပါ ၊ သူတို့က ငါးနှစ်လောက် အတူ ရှိလာတဲ့ အသင်း ဖြစ်ပြီး ဒီလို အဆင့်အတန်းမျိုး ရောက်ဖို့က တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ် အတွင်း မဖြစ်နိုင်ပါဘူး ။ ”

” သူတို့မှာ တကယ်ကောင်းတွေ နည်းပြတွေ ရှိပြီး ကစားသမား အင်အား ဖြည့်တင်းမှုလည်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ၊ အသင်းက ကစားသမားတွေကို တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ် ၊ သူတို့ လုပ်နေတဲ့ အရာအပေါ်လည်း ယုံကြည်မှု ရှိပါတယ် ။ ”

” ဒုတိယပိုင်းမှာ ကျွန်တော့် အသင်း ကစားတာ ကောင်းခဲ့ပါတယ် ။ သူတို့ရဲ့ ကြိုးစား အားထုတ်မှု ၊ ရှေ့တန်း သုံးယောက်ကို ဖိအား ပေးနိုင်မှု ၊ ကွင်းလယ်လူတွေရဲ့ နောက်တန်း အထိ ဘောလုံး ဆင်းဖျက်ထုတ် ခဲ့ကြပါတယ် ၊ ကျွန်တော်တို့ ကြိုးစားခဲ့ကြပြီး ယုံကြည်မှုလည်း ရှိကြပါတယ် ။ ”

” ပွဲမစခင်တုန်းကလည်း ယုံကြည်မှု ရှိကြဖို့ ကျနော် သူတို့ကို ပြောခဲ့ပါတယ် ၊ ဒီကွင်းမှာ အရည်အသွေး ရှိရှိ နဲ့ ကျနော်တို့ ကစားနေကြ အတိုင်း ကစားဖို့ပေါ့ ၊ အခု အချိန်မှာ သူတို့ဟာ ကျနော်တို့ အသင်းထက် ပိုကောင်းတဲ့ အသင်းဆိုတာ လက်ခံရမှာပါ ၊ ကျွန်တော်တို့ တိုးတက်ဖို့ လိုနေပါသေးတယ် ။ သူတို့လို အဆင့်အတန်းမျိုး ရောက်အောင်သွားရမှာပါ ၊ ကြာသပတေးနေ့မှာ ပြန်လာပြီး အနိုင် ရအောင် ထပ်မံ ကြိုးစား သွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular