လီဗာပူး နဲ့ ပွဲမှာ အခွင့်အရေးကောင်းတွေကို အသုံးမချ နိုင်ခဲ့တဲ့ လာကာဇက် အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတီတာ

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ရဲ့ နောက်ဆုံးပွဲမှာ လက်ရှိ ချန်ပီယံ လီဗာပူး အသင်းဟာ အာဆင်နယ် အသင်းကို ၃ ဂိုး တစ်ဂိုး နဲ့ အနိုင် ရသွားခဲ့ပြီး အဖွင့် ပွဲစဉ် သုံးပွဲဆက် နိုင်ပွဲ ရယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲ နဲ့ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ် ။ လီဗာပူး အတွက် သွင်းဂိုးတွေကိုတော့ မာနေး ၊ ရောဘတ်ဆန် နဲ့ ဂျိုတာ တို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် ဂိုးကိုတော့ လာကာဇက် က သွင်းယူပေး ခဲ့တာပါ ။

myan789

လီဗာပူး နဲ့ ပွဲမှာ ရောဘတ်ဆန် ရဲ့ အမှားကနေ တစ်ဆင့် လာကာဇက် ဟာ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ၊ မိနစ်ပိုင်းအကြာမှာပဲ မာနေး က လီဗာပူး အတွက် ချေပဂိုး ပြန်သွင်း ပေးခဲ့ပါတယ် ။ ပွဲချိန် ၃၄ မိနစ်မှာတော့ အမှားလုပ်မိခဲ့တဲ့ ရောဘတ်ဆန် ကပဲ လီဗာပူး အတွက် ဦးဆောင်ဂိုးကို ပြန်လည် သွင်းယူ ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းဟာ ချေပဂိုး ပြန်လည် ရရှိဖို့ အတော်လေး ကောင်းမွန်တဲ့ အခွင့်အရေးကို ပိုင်ဆိုင် ခဲ့ပြီး စီဘာယောစ့် ရဲ့ ပေးပို့မှုကနေ လာကာဇက် တစ်ယောက် ဂိုးသမား နဲ့ တစ်ဦးချင်း အနေအထားကို နှစ်မိနစ် အတွင်း နှစ်ကြိမ် တိတိ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။

ဒါပေမယ့်လည်း လာကာဇက် ရဲ့ ကန်ချက်တွေကို အလီဆွန်လက်စွမ်းပြကာကွယ်ခဲ့တာကြောင့် ဂန်းနားတို့ ချေပဂိုး နဲ့ ဝေးကွာ ခဲ့ရပြီး ၊ ပွဲပြီးခါနီးမှာ ဂျိုတာ က လီဗာပူး အတွက်ဂိုးတစ်ဂိုးထပ်မံ သွင်းသွားတာကြောင့် အာဆင်နယ်တို့ ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ရတာပါ ။

ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က လီဗာပူး နဲ့ပွဲမှာအခွင့်အရေးကောင်းတွေကို အသုံးမချ နိုင်ခဲ့တဲ့ လာကာဇက် ကို ဘာပြောဖြစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ” ဒီနေ့ပွဲကို သူတို့ အနိုင်ရအောင် ကစားချင်ခဲ့ကြပါတယ်၊ဒါမျိုးစိတ်ဓာတ်ကိုကျွန်တော်ကတော့သဘောကျပါတယ် ၊ သူတို့ စိတ်ထဲမှာ ဘယ်ကွင်းကိုမဆို သွားပြီး အနိုင်ယူချင်စိတ် ရှိကြပါတယ် ။ “

” ရှုံးပွဲ အတွက် ကျနော့်ကောင်လေးတွေလည်း အတော်လေး စိတ်ပျက် နေကြမှာပါ ၊ သူတို့က ဒီကို အနိုင်ရလဒ် ရယူဖို့ရာ ယုံကြည်မှု အပြည့်နဲ့ လာခဲ့ကြတာပါ ။ “

“လာကာဇက်က၂-၂ဖြစ်စေမယ့်အပိုင်အခွင့်အရေးတွေရရှိခဲ့ပါတယ်၊ကျွန်တော်တို့ကိုအခြေအနေကောင်းစေမယ့်အနေအထားမျိုးကိုဖန်တီးနိုင်ဖို့ရာအခွင့်အရေးရခဲ့တာပါ။ဒါပေမယ့်သူအကောင်းဆုံး ကစားနိုင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်ပါတယ် ။ “

” ကျွန်တော်တို့ ပွဲအတွင်းမှာ အကောင်းဆုံးသော အခွင့်အရေးတွေ ရခဲ့ပါတယ် ၊ အန်ဖီးလ်မှာက ဒီလို အခွင့်အရေးမျိုးက ၆ ကြိမ် ၊ ၇ ကြိမ် ရမှာ မဟုတ်ပါဘူး ၊ ဒါက ယုတ္တိမရှိပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ ရလာတဲ့ အခွင့်အရေး မှန်သမျှကို ဂိုးပေါက်ထဲ ဝင်အောင် ကန်သွင်း နိုင်ရမှာပါ ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular