လီဗာပူး နဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ လီနို ကို ချီးကျူးရင်း မန်စီးတီး နဲ့ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်း​ပြ မီခေးလ် အာတီတာ ဟာ ယနေ့ နံနက် အစောပိုင်းမှာ လီဗာပူး အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခါရာဘောင်း ဖလား စတုတ္တ အဆင့် ပွဲစဉ်မှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ် ခဲ့တဲ့ လီနို ကို ချီးကျူး သွားခဲ့ပါတယ် ။

လီနို ဟာ လီဗာပူး အသင်း နဲ့ ပွဲမှာ ပွဲချိန် အတွင်း ပြိုင်ဘက် ကစားသမားတွေရဲ့ ဂိုးရနိုင်လောက်တဲ့ ကန်ချက် ၅ ကြိမ် ကို လက်စွမ်းပြ ကာကွယ်ခဲ့ပြီး ပင်နယ်တီ မှာလည်း အာဆင်နယ် အသင်း အခြေအနေ မကောင်း ဖြစ်နေတာကို ကယ်တင် ပေးနိုင်ခဲ့ပါတယ် ။

myan789

အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ အယ်နီနီ ပင်နယ်တီ မဝင်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတဲ့ အချိန်မှာ လီနို ဟာ အိုရီဂီ ရဲ့ပင်နယ်တီ ကို ကာကွယ် ပေးခဲ့ပြီး ခြောက်လုံးမြောက် ပင်နယ်တီမှာလည်း ဝီလ်ဆင် ရဲ့ ကန်ချက်ကို ကာကွယ်ပေးခဲ့ကာ ဂန်းနားတို့ကို ကွာတားဖိုင်နယ် ပို့ဆောင် ပေးခဲ့ပါတယ် ။

ပွဲအပြီးမှာ နည်းပြ အာတီတာ က လီနို ရဲ့စွမ်းဆောင်ရည် အပေါ် ” ကျွန်တော်တို့ အနေနဲ့ အသင်းမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ကြတဲ့ အံ့ဖွယ် ဂိုးသမား နှစ်ဦးကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ၊ လီနို ဒဏ်ရာ မရခင် အချိန် နဲ့ ဒဏ်ရာရတဲ့ အချိန်မှာ မာတီနက်ဇ် ဝင်ကစား ခဲ့ပါတယ် ။”

” ဒါကြောင့် ဘယ်သူ့ကို ဦးစားပေး ရွေးချယ်မလဲ ဆိုတာ စဉ်းစား ဆုံးဖြတ် ခဲ့ရပါတယ် ၊ မာတီနက်ဇ် ကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်တစ်ဆင့်ကို တက်လှမ်းချင်ပြီး သူ့အတွက် ကောင်းမွန်တဲ့ လက်ခံမှု ကိုလည်း ရရှိ ခဲ့ပါတယ် ၊ နောက်ပြီး အသင်းအင်အား ဖြည့်တင်းဖို့ရာ ငွေကြေး အရင်းအနှီး လိုအပ်တာကြောင့်လည်း သူ့ကို ရောင်းလိုက်ရတာပါ ။ “

“လီနို အတွက် အရမ်း ပျော်ရွှင် မိပါတယ် ၊ သူ့ရဲ့ စွမ်းဆောင်ရည် အတွက်ပေါ့ဗျာ ၊ သူ ဒီနေ့ညမှာ ပြသခဲ့တဲ့ အရည်အသွေးကြောင့် ကျွန်တော်တို့ အသင်း နောက်တစ်ဆင့် ကို တက်လှမ်း နိုင်ခဲ့တာပါ ။ “

ဆက်လက်ပြီး အာတီတာ က လီနို ဖိအားတွေနဲ့ ပိုမို ရင်ဆိုင်ရဖို့ ရှိသလား ဆိုတဲ့ မေးခွန်းကို ” အကြီးမားဆုံး ဖိအား က ကိုယ်ကိုယ်တိုင်ဆီကပဲ လာတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ် ၊ သူတို့အနေနဲ့ အပြင်ကလူတွေ ပြောနေတဲ့ အကြောင်းအရာကို ဖတ်တယ်လို့ မထင်ပါဘူး ။ “

” လီနို က အရမ်း တည်ငြိမ်သူပါ ၊ ကြိုးစားမှုလည်း ရှိပါတယ် ၊ သူ့ရဲ့ အချိန်ဇယား အတိုင်း လှုပ်ရှား နေသူပါ ၊ အပြင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေက သူ့အပေါ် ထိခိုက်မှု ရှိမယ်လို့ မထင်မိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

နောက်ဆုံး အနေနဲ့ အာတီတာ က ကွာတားဖိုင်နယ် မှာ မန်စီးတီး နဲ့ ရင်ဆိုင်ရမယ့် အပေါ် ” ကျွန်တော် အဝတ်လဲခန်း အတွင်းမှာ နိုင်ပွဲ အတွက် အောင်ပွဲ ခံနေတဲ့ အချိန်မှာ ဒီသတင်းကို ကြားသိလိုက်ရတာပါ ။ “

” ကျွန်တော်တို့ အတွက် နောက်ထပ် ကြီးမားတဲ့ စိန်ခေါ်မှု ပေါ့ဗျာ ၊ ဒါပေမယ့် ကျွန်တော်တို့ အသင်း အနေနဲ့ မဲခွဲ ရလဒ်တွေ အရ အရမ်းကြီး ကံကောင်း မနေပါဘူး ၊ ဒါပေမယ့် ကျွန်တော်တို့ သေချာ ပြင်ဆင်ပြီး အနိုင်ရအောင် ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular