လီဗာပူးမှာ အောင်မြင်မှုရဖို့ တီယာဂို လုပ်သွားရမယ့် အရာ ၃ ခုကို ပြောပြလိုက်တဲ့ ဂျီးနက်

နယူးကာဆယ် နဲ့ တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျမိန်းဂျီးနက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ လီဗာပူး ကွင်းလယ်လူ တီယာဂို အယ်ကာတာရာကို ချီးကျူး သွားခဲ့ပါတယ်။ လီဗာပူးဟာ ပထမပိုင်းမှာတင် ဂျိုတာ တီယာဂို တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး စပိန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ တစ်ပတ် ကြားရက်က ပေါ်တိုကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် လီဗာပူးဟာ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ချဲလ်ဆီး နဲ့ ၂ မှတ် ဒုတိယနေရာက မန်စီးတီးနဲ့ တစ်မှတ် အကွာမှာ ရှိနေခဲ့ပါတယ်။ တီယာဂိုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘိုင်ယန်မြူးနစ်မှ လီဗာပူးကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ကိုဗစ် နဲ့ ဒဏ်ရာ ပြသနာတွေကြောင့် အန်ဖီးမှာ အထိုင်ကျရန် ရုန်းကန်ခဲ့ရပြီး ရာသီနှောင်းပိုင်းမှသာ လီဗာပူးမှာ အထိုင်ကျ ခဲ့တာ ဖြစ်ပါတယ်။

myan789

တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျီးနက်က စပိန်ကွင်းလယ်လူဟာ လက်ရှိ အချိန်မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို စတင် ပြသနေပြီလို့ ယုံကြည်နေကာ တီယာဂို အနေနဲ့ အန်ဖီးမှာ အောင်မြင်မှု ရဖို့ အတွက် ဘယ်အရာတွေ လုပ်သွားရမလဲ ဆိုတာကို ပြောပြသွားခဲ့ ပါတယ်။

ဂျီးနက်က “သူ ဒီကွင်းလယ်မှာ ဝင်ကစားတဲ့ အခါ သူပိုင်ဆိုင်ထားတဲ့ အရည်အသွေးကြောင့် လီဗာပူး အတွက် ဘယ်လို အရည်အသွေးတွေ သယ်ဆောင်လာနိုင်သလဲ ဆိုတာ ရှင်းလင်းပါတယ်။ တစ်ချို့ ကစားသမားတွေဟာ အသင်းသစ်ကို ရောက်လာတဲ့ အခါ အထိုင်ကျရန် အချိန်တစ်ခု ယူခဲ့ရပြီး လီဗာပူး ပရိတ်သတ်တွေ အနေနဲ့ လက်ရှိမှာ တီယာဂို ကြံံ့ခိုင်မှု ပြည့်ဝနေဖို့ပဲ မျှော်လင့်နေကြမှာပါ။

ဆောက်သမ်တန်ဟာ လီဗာပူးကို press လုပ်ကစား သွားခဲ့ပေမယ့်လည်း တီယာဂိုဟာ pass တစ်ခုတည်းနဲ့တင် ပြိုင်ဘက် ကစားသမား အများအပြားကို out of game လုပ်နိုင်တဲ့ စွမ်းရည် ရှိနေပါတယ်။ သူ့အတွက် အခုချိန်မှာ အရေးကြီးဆုံး အရာကတော့ သူ့ရဲ့ ကြံ့ခိုင်မှုကို ဆက်လက် ထိန်းသိမ်းထားဖို့ ၊ ဒီအသင်းမှာ ပွဲထွက်ခွင့် ရနေအောင် လုပ်ဖို့နဲ့ ပွဲရဲ့ tempo ကို ကွင်းလယ်ကနေ အတင်အချ လုပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သူဟာ လီဗာပူး အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာမှာပါ။ သူဟာ မှန်ကန်တဲ့ pass နဲ့ တိကျတဲ့ အချိန်အဆ နဲ့ ဘောလုံး ပေးနိုင်စွမ်း ရှိတဲ့သူပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လာမည့် ဗုဒ္ဓဟူးနေ့မှာ မာဆေးဆိုက် ပြိုင်ဘက် အဲဗာတန်ကို ဂွတ်ဒီဆင်ပက်မှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၄ ပွဲဆက် အနိုင် ရရှိဖို့ ပစ်မှတ်ထားနေမှာ ဖြစ်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular