လီဗာပူးမှာ နေရာ ပိုမို ရရှိလာဖို့ အတွက် လူငယ်ကြယ်ပွင့် ကာတစ်ဂျုံး တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတစ်ခုကို ထောက်ပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က လီဗာပူး ပထမ အသင်းကြီးမှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာအောင် လုပ်ဖို့ ကာတစ်ဂျုံး အတွက် တံခါးဖွင့် ပေးထားတယ်လို့ ဆိုလိုက်ပေမယ့် အန်ဖီး ငယ်မွေးခြံပေါက် ကစားသမား အနေနဲ့ တိုးတက်ဖို့ အတွက် လိုအပ်နေသေးတဲ့ အပိုင်းတွေ အများကြီး ရှိနေသေးတယ်လို့ ပြောသွား ပါတယ်။ အသက် ၁၉ နှစ် အရွယ် ကစားသမားဟာ ကြားရက်က လင်ကွန်းကို ၇-၂ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားပုံကို ပြသ သွားခဲ့ပြီး လှပတဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူကာ ချီးကျူးမှုတွေ အများအပြား ခံနေရပါတယ်။

ဂျုံးဟာ ပြီးခဲ့တဲ့ ရာသီကတည်းက လီဗာပူးမှာ တစ်ဖြည်းဖြည်း နေရာ ရလာ ခဲ့ပြီး ပရီးမီးယားလိဂ် မှာ ပွဲဦးထွက် ကစားခွင့် ရခဲ့တဲ့ အပြင် ဒီပြိုင်ပွဲမှာ debut ဂိုးကိုလည်း ရရှိခဲ့ကာ ပရီးမီးယားလိဂ် ဆုတံဆိပ်ကိုလည်း လက်ခံ ရရှိခဲ့ ပါတယ်။ ဂျုံးဟာ ဒီရာသီ လိဒ်နဲ့ ပွဲစဉ်မှာ လူစားဝင် ကစားခွင့် ရခဲ့သလို လင်ကွန်းနဲ့ ပွဲစဉ်မှာတော့ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး သူ့ရဲ့ အရည်အသွေးနဲ့ မြင့်မားတဲ့ ယုံကြည်မှုကို ပြသ သွားခဲ့ပါတယ်။

myan789

တီယာဂို ရောက်ရှိလာခဲ့ခြင်းကြောင့် ဂျုံးဟာ လီဗာပူး ကွင်းလယ်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင် နေရပေမယ့် ကလော့က ဂျုံးအတွက် တံခါးဖွင့် ထားတယ်လို့ အသိပေးလိုက်တဲ့ အပြင် အင်္ဂလန် လူငယ် ကြယ်ပွင့်ကို တက်နိုင်သမျှ များများ အသုံးပြု သွားဖို့ စီစဉ်ထားတယ်လို့ ပြောလိုက်ပါတယ်။

ကလော့က “ဘောလုံးသမားတွေ အတွက် ယုံကြည်မှုဟာ တကယ်ကို အရေးပါပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ များသောအားဖြင့် ပရိတ်သတ် ၄ သောင်း ၊ ၅ သောင်း ၊ ၆ သောင်း ၊ ၇ သောင်း လောက် ရှေ့မှာ ကစား ရတာပါ။ ယုံကြည်မှု မရှိဘဲ ဘောလုံး ကစားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ယုံကြည်မှု ရှိနေခြင်းဟာ သူ့ကို အကူအညီ ဖြစ်စေပါတယ်။ မှန်ကန်တဲ့ အရာတွေကို အချိန်ကိုက် လုပ်ဆောင် နိုင်တာတွေ ကလည်း သူ့ကို အကူအညီ ဖြစ်စေတာပါပဲ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူဟာ ဒါတွေကို လေ့လာ ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တကယ့်ကို ထူးချွန်ပြီး သူ့အသက်အရွယ် အပိုင်းအခြားမှာ ထိပ်တန်း ကစားသမား တစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ ဆိုလိုတာက သူဟာ အခြား ကစားသမားတွေနဲ့ အတူ တွဲဖက် ကစားဖို့ လေ့လာ ခဲ့ရပါတယ်။ သူဟာ ဒီအပိုင်းမှာ ကြီးကြီးမားမား တိုးတက်လာ ခဲ့ပြီး အသင်းမှာ အရမ်းကို ကောင်းတဲ့ စံပြ ကစားသမားတွေ ရှိပါတယ်။ အခု သူ့အတွက် တံခါးဖွင့် ထားပါတယ်။

ဒါဟာ သူ့အပေါ်ပဲ မူတည်ပါတယ်။ လင်ကွန်းနဲ့ ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် နှိမ့်ချ မပြောလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီပွဲမှာ သူဟာ ထူးချွန်စွာ ကစားခဲ့ကာ သူ့ရဲ့ ဂိုးသွင်းပုံတွေ ၊ ပွဲအပေါ် အကျိူးပြု ခဲ့ပုံတွေဟာ တကယ်ကို အားရစရာပါပဲ။

ဒါပေမယ့် တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ကာတစ် သူ့ကိုယ်သူ သိပါတယ်။ တစ်ခု ပြောရမယ် ဆိုရင် မိနစ် ၉၀ အတွင်း ပွဲအတွင်းမှာ လုံးဝကို ပါဝင် ပက်သက်ရမယ့် အပိုင်းပါပဲ။ ကွင်းထဲမှာ ရှိနေရုံသာမကပါဘူး။ ပွဲရဲ့ အခြေအနေတွေ အပေါ် တကယ် ပါဝင် နေဖို့ပါ။

တိုးတက်ဖို့ လိုအပ်တဲ့ အပိုင်းတွေ ရှိပေမယ့် အားလုံး အိုကေပါတယ်။ သူဟာ အလုပ်ကြိုးစားတဲ့ ကောင်လေးပါ။ သူဟာ ကျွန်တော်တို့ ပေးတဲ့ feedback တွေ ၊ သတင်း အချက်အလက်တွေနဲ့ analysis တွေကို အားလုံးကို နှစ်သက်ပြီး သူဟာ ဗစ်တာမာတို့စ်ရဲ့ အကောင်းဆုံး သွန်သင်မှုအောက်မှာ ရှိနေပါတယ်။ ကျွန်တော်ဟာ ဒီအသင်းရဲ့ မန်နေဂျာပါ။ လူငယ်လေးတွေ အားလုံး အတွက် ဗစ်တာမာတို့စ်က သူတို့ရဲ့ နည်းပြပါ။

သူတို့ဟာ ကျွန်တော်တို့ရဲ့ training မှာ အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကစားသမားတိုင်းကို နေ့တိုင်း analyse လုပ်လို့ မရသလို သူတို့ကို နေ့တိုင်း feedback တွေလည်း ပေးလို့ မရပါဘူး။

ဒါပေမယ့် လူငယ် ကစားသမား အနည်းငယ် ကိုသာ ကျွန်တော်တို့ ဒီလို လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအချိန်မှာ တကယ် ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ အစီအစဉ်က ကာတစ်ကို တက်နိုင်သမျှ များများ အသုံးပြု သွားဖို့ပါ။ ဘာလို့လဲဆိုတော့ သူ စွမ်းဆောင်ပြ နေတဲ့ ပုံစံကြောင့် ပါပဲ။” လို့ ဆိုသွား ပါတယ်။

ကာတစ်ဂျုံးဟာ လာမည့် တစ်ပတ် အာဆင်နယ် နဲ့ ကစားရမယ့် ကာရာဘောင်းဖလား ပွဲစဉ်မှာ အသင်း အတွက် ပွဲထွက် ကစားခွင့် ရဖို့ ရှိနေတဲ့ အပြင် ဒီရာသီ အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာလည်း လူစားဝင် ကစားသမား အဖြစ် ပိုမို ပါဝင်ခွင့် ရလာဖို့ များနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular