လီဗာပူးတို့ ဗီလာပက်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ အကြောင်းရင်းတွေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနေ့ညက အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၇-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ လီဗာပူး အသင်းက လွဲပြီး ဘယ်သူမှ အပြစ်တင် သွားစရာ မရှိဘူးလို့ ဝန်ခံ သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟာ ဗီလာပက်မှာ အံ့အားသင့်ဖွယ် ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီး အက်စတွန်ဗီလာကို ပထမပိုင်းမှာ ကတည်းက ၄-၁ နဲ့ ရှုံးနိမ့် နေခဲ့တာ ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ လီဗာပူးတို့ ကစားကွက် တည်မရမီ ဂိုးသမား အက်ဒရီယန်ရဲ့ အမှားဟာ လီဗာပူးရဲ့ ဆိုးရွားတဲ့ ရှုံးပွဲဆီကို ဦးတည် စေခဲ့ပြီး အဲဒီနောက် ဂျိုးဂိုးမက်ဇ် ကလည်း အားကျမခံ ဆိုးဆိုးရွားရွား ကစားသွားခဲ့ပါတယ်။ ဗီလာရဲ့ သွင်းဂိုး ၃ ဂိုးဟာ လူထိထွက်ပြီး လမ်းကြောင်း ပြောင်းဝင်ခဲ့တာ ဖြစ်ပေမယ့်လည်း လီဗာပူးရဲ့ အသင်းလိုက် ခံစစ် ကစားပုံဟာ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ် ဆိုတာ ဗီလာတို့ ရရှိခဲ့ဲတဲ့ အခွင့်အရေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။

myan789

ကလော့က ဒီလို ဆိုးရွားတဲ့ ရလဒ် ထွက်ပေါ် ခဲ့တဲ့ နေရာမှာ သူ့ကစားသမားတွေမှာ မလုပ်သင့်တဲ့ အရာ အားလုံးကို လုပ်သွားခဲ့တယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။

ကလော့က “ပထမဦးဆုံး ပြောချင်တာက အက်စတွန်ဗီလာကို ဂုဏ်ပြုပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အနိုင် ၃ မှတ်နဲ့ လုံးဝကို ထိုက်တန်မှု ရှိသလို တကယ်ကောင်းအောင် ကစား သွားခဲ့ပါတယ်။ ရလဒ်ကတော့ ထူးဆန်းတာ အမှန်ပါပဲ။ ဗီလာဟာ အကောင်းဆုံး ကစားသွားခဲ့ပြီး အခြား တစ်ဖက်မှာတော့ ကျွန်တော်တို့ တစ်ချို့ နေရာတွေမှာ ဆိုးရွားခဲ့ပါတယ်။ ဒါဟာ လုံး၀ အကူအညီ မဖြစ်စေပါဘူး။ ဒီညမှာ သွင်းဂိုးတွေ အတွက် အားလုံးနီးပါး အမှားတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပထမဦးဆုံး ဂိုးကတော့ အက်ဒရီယန် ဆိုတာ ရှင်းပါတယ်။ ကြီးမားတဲ့ အမှားကို ကျူးလွနု်ခဲ့တာ ဖြစ်ပေမယ့် ဒီဂိုးအတွက် အသင်းရဲ့ တုန့်ပြန်ပုံဟာ ပိုမို ကြီးမားတဲ့ အမှား ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင် ကစားတဲ့ အခါမှာ စွန့်စားမှုတွေ လုပ်ရပါတယ်။ ဒါပေမယ့် ကိုယ့်အန္တရာယ်ကို ကိုယ်ကာကွယ် သွားရမှာပါ။ ဒါဟာ သာမန် အခြေအနေ ပါပဲ။

ဒီညမှာ ကျွန်တော်တို့ ဒါတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့သလို ကောင်းကောင်း တိုက်စစ်ဆင် နိုင်ခဲ့ပြီး သူတို့ရဲ့ ပင်နယ်တီ ဧရိယာထဲထိ ဝင်နိုင်ခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးတိုင်းကို ဆုံးရှုံးခဲ့ပြီး ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကြီးမားတဲ့ တန်ပြန်တိုက်စစ်နဲ့ ရင်ဆိုင်ခဲ့ရကာ တကယ်ကို ပြသနာတက် ခဲ့ပါတယ်။

ဒုတိယဂိုးနဲ့ စတုတ္ထဂိုး တို့ဟာ ဖရီးကစ် ကနေ တဆင့် ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ထက် ဆုံးဖြတ်ချက်တွေ မြန်ဆန် နေခဲ့ပါတယ်။ ဘောလုံး ယှဉ်လုမှုတိုင်း ကျွန်တော်တို့ အရေးနိမ့်ခဲ့ပြီး အကျိုးဆက် အဖြစ် ဒါတွေဟာ ပြသနာတွေ ဖြစ်စေခဲ့ပါတယ်။ ၄-၁ နဲ့ အရေးနိမ့် နေခဲ့ပေမယ့်လည်း တစ်ဂိုးပြန်သွင်းရင် ပြန်လာလို့ ရတဲ့ လုံလောက်တဲ့ ပွဲချိန် ရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆိုးရွားတဲ့ အရာတွေကို ရပ်တန့်ပြီး တိုးတက်မှု ရှိလာခဲ့မယ် ဆိုရင် တစ်ဂိုး နှစ်ဂိုး ပြန်သွင်းနိုင်ခဲ့မယ်ဆိုရင် game on ဖြစ်သွားမှာပါ။

ဒါပေမယ့် ဒီညမှာ ဒီလို မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တူညီတဲ့ အမှားတွေ ထပ်လုပ်ခဲ့ပြီး အဲဒီနောက် လူထိပြီး ဝင်ခဲ့တဲ့ ဂိုးတွေ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ လုံး၀ ကံမကောင်းလို့ ဖြစ်ပေမယ့် ကျွန်တော်တို့ ကလည်း ကောင်းကောင်း ပိတ်ဆို့ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဒီလို ဖြစ်ခဲ့တာပါ။ ထူးဆန်းတဲ့ ရလဒ် ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ လက်ခံ သွားရမှာပါ။ တစ်ခုတည်းသော သတင်းကောင်း ကတော့ ဘယ်သူမှ ဒဏ်ရာ ထပ်မရခဲ့တာပါပဲ။” လို့ ပြောသွားပါတယ်။

အလီဆွန်ဘက်ကာ မာဆေးဆိုက် ဒါဘီမှာ ပြန်လာ နိုင်မလား ဆိုတာနဲ့ ပက်သက်ပြီး ကလော့က “အဲဗာတန်နဲ့ ပွဲမှာ ကစားသွားဖို့ လုံး၀ အခွင့်အရေး မရှိပါဘူး။ ပခုံးဒဏ်ရာ ဒီထက် ဆိုးနိုင်ပါတယ်။ အတိအကျတော့ မသိပါဘူး။ ကျွန်တော်တို့ အနည်းငယ် ကံမကောင်းခဲ့ပါဘူး။

ဘယ်လောက် နားရမလဲ ဆိုတာ ကျွန်တော် သေချာမသိပေမယ့် ၄ ပတ် ဖြစ်နိုင်သလို ၆ ပတ်လောက် နားရဖို့ ပိုပြီး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အကဲဖြတ်ရအုံးမှာပါ။ လူတွေဟာ အခုချိန်မှာ အက်ဒရီယန်ကို ဝေဖန်နေကြပါတယ်။ ပထမဂိုးသာ သိပ်ပြီးတော့ မကောင်းတာ အမှန်ဖြစ်ပေမယ့် ဒီဂိုးကလွဲပြီး ကျန်တဲ့ဂိုးတွေ အားလုံး သူဘာမှ မတက် နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့ ဒီညမှာ သူ့ကို အကူအညီ မပေးခဲ့ပါဘူး။ ဒါနဲ့ ပြောင်းပြန် လုပ်ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အတွက် လိဂ်ပွဲစဉ် ၁၁ ပွဲ ကစားခဲ့တဲ့ ဂိုးသမားကောင်း တစ်ဦးပါ။ ကျွန်တော်တို့ သူပါတဲ့ ပွဲတိုင်း နိုင်ခဲ့ပါတယ်။ ဒီညမှာ ဂိုးသမားက ပြသနာ မဟုတ်ပါဘူး။ ပထမဂိုး တစ်ခုတည်း သူမှားခဲ့တာပါ။ ပထမဂိုး အတွက် တုန့်ပြန်တဲ့ နေရာမှာ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ခဲ့သင့်ပါတယ်။ ဒီညမှာ ကျွန်တော် တွေ့ခဲ့ရတဲ့ အရာတွေ အားလုံး ထူးဆန်းနေပါတယ်။

အဆုံးအဖြတ် ပေးနိုင်တဲ့ challenges တွေ အရေးနိမ့်ခဲ့မယ် ဆိုရင် ဘောလုံးပွဲတွေမှာ ရှုံးနိမ့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီည ဒီလို လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ဆင်တဲ့ နေရာမှာ ဘောလုံး ဆုံးရှုံးသွားတဲ့ အချိန် ကောင်းမွန်စွာ ပြန်လည် ကာကွယ်မှု မလုပ်ခဲ့ပါဘူး။ ဒါဆိုရင်တော့ ဒီညလိုမျိုး ဒုက္ခများသွားမှာ ဖြစ်ပါတယ်။

challenges တိုင်းမှာ ဗီလာဟာ ကျွန်တော်တို့ထက် ပိုမို လိုချင်စိတ် ပြင်းပြတယ် ဆိုတာ ကျွန်တော် မြင်ခဲ့ရပါတယ်။ ကျွန်တော် ဒါကို လုံး၀ မကြိုက်တာ အမှန်ပါပဲ။ ဒါပေမယ့် အခု ကောင်လေးတွေ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်း ရတော့ပါမယ်။ သူတို့ ကျန်းကျန်းမာမာနဲ့ ပြန်လာဖို့ မျှော်လင့်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ အဲဗာတန်နဲ့ ပွဲအတွက် ပြင်ဆင်ချိန် ၂ ရက် ရပါတယ်။ ကျွန်တော်တို့ ပိုမို ကောင်းမွန်အောင် လုပ်ပြရမယ့် အခွင့်အရေး ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular