လိုချင်တဲ့ ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကို ရီးယဲ ၊ ချဲလ်ဆီး ၊ မန်စီးတီး အသင်းတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အင်ဒီ ကိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းကတော့ အသင်းဆီ ကစားသမားသစ် 5 ဦး အထိ ခေါ်ယူ အင်အား ဖြည့်တင်း သွားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် အသင်းရဲ့ လှုပ်ရှားမှု တွေဟာ ဝေဖန်မှု များစွာ ခံခဲ့ရ ပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် တို့ဟာ တိုက်စစ်မှူး တစ်ဦး ၊ ညာ တောင်ပံ တိုက်စစ် တိုက်စစ် နေရာ အတွက် ကစားပေး နိုင်မယ့် ဂျေဒန် ဆန်ချို ၊ ကွင်းလယ်မှာ နေရာစုံ ကစားပေး နိုင်စွမ်း ရှိတဲ့ ဂျက် ဂရီလစ်ရှ် နဲ့ အားနည်း နေခဲ့တဲ့ ဗဟို ခံစစ် နေရာ အတွက် အူပါမီကာနို တို့ကို ပစ်မှတ် ထားပြီး မခေါ်ယူ နိုင်ခဲ့လို့ ပါပဲ ။

myan789

အဲ့ဒီ အစား ယူနိုက်တက် တို့ဟာ တိုက်စစ် အတွက် ကာဗာနီ ကို အလွတ် ပြောင်းရွှေ့ကြေး ၊ တောင်ပံ တိုက်စစ် နေရာ အတွက် လူငယ် ကစားသမား နှစ်ဦးဖြစ်ကြတဲ့ ဖာကွန်ဒို ပယ်လီစထရီ နဲ့ အာမတ် ဒီယာလို ၊ ဘယ် ခံစစ် အတွက် အဲလက်စ် တဲလက်စ် နဲ့ ကွင်းလယ် အတွက် ဗန်ဒီ ဘိခ် တို့ကိုသာ ခေါ်ယူ ထားနိုင်ခဲ့ကြ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ လိုအပ်တဲ့ နေရာတွေ အတွက် ကောင်းမွန်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှု မလုပ်နိုင်ခဲ့ဘူး ဆိုတဲ့ ခေါင်းစဉ်အောက် ဝေဖန်မှု တွေကို အထူး ခံခဲ့ ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် အင်ဒီ ကိုးလ် ကတော့ အသင်းရဲ့ လှုပ်ရှားမှု တွေကို ကာကွယ် သွားခဲ့လိုက် ပါတယ် ။

” အဖြစ်မှန် ကိုတော့ ကျွန်တော်လည်း မသိပါဘူး ။ အသင်းက ဘာဖြစ်လို့ ဒီလို ကစားသမား ခေါ်ယူမှု ၊ ရောင်းချမှု တွေကို လုပ်ဆောင် ခဲ့သလဲ ဆိုတဲ့ သတင်း အချက်အလက် ကျွန်တော် တို့လည်း မရရှိ ထားခဲ့ကြ ပါဘူး ။ ဆိုးလ်ရှား ကတော့ အခြားသူ ( လိုချင်တဲ့ ကစားသမား ) တွေကို ခေါ်ယူ ခဲ့ရင် ပိုပြီး နှစ်သက် နေလိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိ ပါဘူး ”

” ကံမကောင်းစွာပဲ အသင်း ဆီကို သူ လိုချင် နေခဲ့တဲ့ ကစားသမားတွေဟာ ရောက်ရှိ မလာခဲ့ကြ ပါဘူး ။ ဒါပေမယ့် ဘာဖြစ်လို့ အဲ့ဒီလို အပြောင်းအရွှေ့တွေ ဖြစ်သွားခဲ့ ရတာလဲ ဆိုတာကိုလည်း ကျွန်တော်တို့ မသိရှိ ခဲ့ကြရ ပါဘူး ”

” လက်ရှိ အချိန် နိုင်ငံတကာမှာ ကူးစက် ရောဂါ ဒဏ်ကို ခံစား နေခဲ့ကြရ ပါတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ရီးယဲ မက်ဒရစ် အသင်းတောင် ငွေမသုံးခဲ့တာ ကျွန်တော်တို့ တွေ့မြင်ခဲ့ကြရ ပါတယ် ။ ခင်ဗျားတို့ အနေနဲ့ ရီးယဲ မက်ဒရစ်လို အသင်းတောင် ငွေကြေး မသုံးစွဲ ခဲ့တာကို လိုက်ကြည့်သင့် ပါတယ် ”

” ချဲလ်ဆီး အသင်း ကတော့ ပေါင် သန်း 200 ကျော် သုံးစွဲ နိုင်ခဲ့ ပါတယ် ။ သူတို့ တွေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တွေတုန်းက ငွေကြေး မကုန်ခဲ့ ကြဘူးလေ ။ ပြီးတော့ အသင်း ပိုင်ရှင် ရော်မန် အေဗရာမိုဗစ် ကလည်း ဘီလျံနာ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ငွေ တွေကို သုံးစွဲ ခဲ့တာပါ ”

” မန်စီးတီး အသင်း ကလည်း ချဲလ်ဆီး နည်းတူ ငွေကြေး သုံးနိုင်စွမ်း ရှိပါတယ် ။ ငွေသုံးဖို့ အတွက် သူတို့ တွေဟာ အခြားသူ တွေကို မေးနေစရာ မလိုအပ် ပါဘူး ။ ရှိတ်မန်ဆော် ကလည်း ဘီလျံနာ တစ်ယောက်ပါ ။ ငွေတွေ သုံးစွဲမယ် ၊ မသုံးစွဲဘူး ဆိုတာက သူ့ တစ်ဦးထဲ ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည် နေပါတယ် ”

” အေဗရာမိုဗစ် ကလည်း ရှိတ်မန်ဆော် နည်းတူ ပါပဲ ။ သူတို့ တွေက ငွေသုံးချင်တယ် ဆိုရင် ကိုယ့်ပိုက်ဆံကို အသာအယာလေး ထုတ်သုံး လိုက်လို့ ရနိုင်တဲ့ ဘီလျံနာတွေ ပါပဲ ” လို့ အင်ဒီ ကိုးလ် က ပြိုင်ဖက် အသင်း တွေရဲ့ အနေအထား တွေနဲ့ ယူနိုက်တက် အသင်း ရဲ့ ခြားနားချက်ကို နှိုင်းယှဉ် သုံးသပ် သွားခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular