လာလီဂါ မှာ လစာလျှော့မှု အများဆုံး လုပ်ပစ်ခဲ့ရတဲ့ ဘာစီလိုနာ

ဗိုင်းရပ် ဒဏ်ကြောင့် ဘဏ္ဍာရေး အကျပ်အတည်း ခံစားနေရတဲ့ ကလပ်တွေ ထဲမှာ ဘာစီလိုနာ က အခြား ကလပ်တွေထက် ပိုပါတယ်။ သူတို့ ရဲ့ နှစ်စဉ် ပုံမှန်ဝင်ငွေဟာ ကတ်တလန် ဒေသကို လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေကနေပဲ မြောက်များစွာ ရရှိထားတာ ဖြစ်လို့ ၊ လက်ရှိ အနေအထားမှာ အဲဒီ လမ်းကြောင်း တစ်ခုလုံးပါ ဆုံးရှုံးထားတာပါ။

အခြား ကလပ်တွေက ကွင်းဝင်ကြေးလောက်ပဲ ထိခိုက်ပေမယ့် ၊ ဘာစီလိုနာ ကတော့ သူတို့ရဲ့ ပြတိုက်တွေဆီ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေ မရှိတော့တာ ၊ ခရီးသွားရင်း ဘာစီလိုနာ ပွဲ ကြည့်ရှုကြမယ့် နိုင်ငံတကာ ပရိသတ်တွေ မရှိတော့တာ တော်တော်လေး နစ်နာလျှက် ရှိပါတယ်။

myan789

ဒါကြောင့်လဲ ဘာစီလိုနာဟာ ဒီနှစ် ဘောလုံးရာသီမှာ လက်စာပေးချေမှု နှုန်းထားကို အများဆုံး လျှော့ချထားတဲ့ ကလပ်အဖြစ် ရပ်တည်လျှက်ရှိနေပါတယ်။

လာလီဂါ ဟာ ဒီရာသီ မှာ ကလပ်အသင်းတွေ ပေးချေနေတဲ့ စုစုပေါင်း လစာ ပမာဏတွေကို ဒီကနေ့မှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

ဘာစီလိုနာ ကတော့ ပြီးခဲ့တဲ့ ရာသီက ဘောလုံးအသင်း အတွက် စုစုပေါင်း လစာပေးချေမှု ပမာဏ ဟာ ယူရို 671 သန်း အထိ ရှိခဲ့ပေမယ့် ၊ ဒီရာသီမှာ ယူရို 382.7 သန်း သာ ရှိတော့ပြီး ၊ စုပေါင်း သန်း 300 နီးပါး အထိ လျှော့ပစ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကလပ်အသင်းတွေ အားလုံးထဲမှာ အများဆုံး လျှော့ချပစ်လိုက်ခြင်းပါ။

ရီးရဲ မက်ဒရစ် အသင်းဆိုရင် မနှစ်က ယူရို 641 သန်း ရှိခဲ့ပေမယ့် ၊ ဒီနှစ်မှာတော့ ယူရို 468.5 သန်းသာ ရှိတော့ပါတယ်။ ထိုနည်းတူစွာပဲ ယူရို 384.5 သန်း ပေးချေထားခဲ့တဲ့ အေတီကို အသင်းကလဲ ယူရို 252.7 သန်း အထိ လျှော့ချခဲ့ပါတယ်။

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဗက် ကတော့ မကြာခင် က ပြုလုပ်ခဲ့တဲ့ မာကာ နဲ့ အင်တာဗျူးမှာ ကတည်းက ကလပ်တွေ အားလုံးဟာ စီးပွားရေး အကျပ်အတည်းကို မျက်ဖြူဆိုက်နေအောင် ခံစားနေရတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ၊ ကုန်ကျစာရိတ်တွေ အားလုံးကိုလဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ နဲ့ လျှော့ချနိုင်ဖို့ အတွက် လုပ်ဆောင်နေရတယ်လို ဖွင့်ချသွားခဲ့ပါတယ်။

“ ပြိုင်ပွဲ တစ်ခုလုံးကို ခြုံပြောရမယ် ဆိုရင် ကျနော်တို့ အနေနဲ့ နောက်ထပ် ယူရို သန်း 500 လောက်ကို လျှော့ချပစ်ဖို့ လိုနေပါသေးတယ်။ အဲဒီ ပမာဏဟာ စာချုပ်သက်တမ်းတွေ ကျန်ရှိနေသေးတဲ့ ကစားသမားတွေ ရဲ့ အခြေအနေတွေပါ။ ကလပ်အသင်းတွေကလဲ ရောင်းထုတ်နိုင်ခြင်း မရှိကြပါဘူး။

ရလာဒ် အနေနဲ့ ရှိရင်းစွဲ ကစားသမားတွေ ထဲကနေ လစာပမာဏတွေ လျှော့ချပစ်ဖို့ လုပ်ဆောင်လာရပါတယ်။ အထိခိုက်ဆုံး ကလပ်တွေ ကတော့ ဗလင်စီယာ ၊ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် အသင်းတွေပါ။

ကလပ် ရဲ့ တည်ဆောက်မှု က ပိုပြီး ကြီးမားလေလေ ၊ ထိခိုက်မှုကလဲ ပိုများလာလေလေ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာတောင် ကစားသမား အပြောင်းအရွှေ့တွေ ဖြစ်လာဖို့က ထင်သလောက်ကြီး လွယ်ကူနေမှာ မဟုတ်ပါဘူး” လို့ ပြောဆိုထားခဲ့ပါတယ်။

လာလီဂါ တစ်ခုလုံး အနေနဲ့ ခြုံကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ ဘောလုံးရာသီက စုစုပေါင်း လစာ ပေးချေထားမှုဟာ ယူရို 2.33 ဘီလီယံ အထိ ရှိခဲ့ပေမယ့် ၊ ဒီရာသီမှာတော့ ယူရို 610 သန်း အထိ လျှော့ချ ပစ်ထားရတယ်လို့ သိရပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular