လင်ဒီလော့ဖ် နဲ့ သူ့အကြား စကားများခဲ့တဲ့ ခဲ့တဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ဆီဗီးလား အသင်း နဲ့ ယူရို ပါလိဂ် ဖလား ဆီမီး ဖိုင်နယ် အဆင့် ပွဲစဉ် ရင်ဆိုင် ကစား ခဲ့ပြီး 1 – 2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ ဒီ ရာသီ ဆီမီး ဖိုင်နယ် အဆင့်မှာ သုံးကြိမ် အထိ ရှံုးနိမ့်တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင် ခဲ့ရ ပါပြီ ။

ဒီပွဲ မှာတော့ ယူနိုက်တက် အသင်းဟာ ပွဲချိန် 9 မိနစ် ကတည်းက ဘရူနို ဖာနန်ဒက်စ် ရဲ့ ပင်နယ်တီ မှ တစ်ဆင့် ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပင်နယ်တီ ကိုတော့ ရပ်ရှ်ဖို့ ဧရိယာ ထဲမှာ အပြစ်ဒဏ် ကျူးလွန် ခံခဲ့ ရတဲ့ အတွက် ယူနိုက်တက် တို့ ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဒါပေမယ့် ယူနိုက်တက် ရဲ့ တိုက်စစ် ကစားသမား တွေဟာ အဆုံးသတ် မသေချာခဲ့ ကြတဲ့အတွက် နောက်ထပ် ဂိုးတွေ ရရှိဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။ ဒါ့အပြင် အဆိုပါ ပွဲစဉ် မှာ အသင်း ရဲ့ ခံစစ် ကစားသမား လေးဦးလုံးဟာ အမှားတွေ ကိုယ်စီ ကျူးလွန်ခဲ့ ကြတဲ့ အတွက် ယူနိုက်တက် တို့ ပေးဆပ် ခဲ့ရ ပါတယ် ။

ခြေပဂိုး ပေးဆောင်ခဲ့ရာမှာ ဘစ်ဆာကာဟာ ပြိုင်ဖက် နောက်ခံလူ ရီဂွီလွန် ကို ဘောလုံး ပေးပို့မှု လုပ်ဆောင်ခွင့် ပေးခဲ့ သလို ဘယ် နောက်ခံလူ ဘရန်ဒွန် ဝီလီယံ ဟာလည်း ဆူဆို ကို လူကပ် ကစားပုံ အားနည်းခဲ့ ပါတယ် ။ ဒါ့ကြောင့် နောက်ခံ အစွံ နှစ်ဦး ရဲ့ လိုအပ်ချက် တွေကြောင့် ယူနိုက်တက်ဟာ ခြေပဂိုး ပေးခဲ့ရ ပါတယ် ။

ါ့အပြင် ဒုတိယပိုင်းမှာ ဘရန်ဒွန် ဝီလီယံဟာ ပြိုင်ဖက် နောက်ခံလူ နာဗတ်စ်ရဲ့ ဘောလုံး ပေးပို့မှု ကို ပိတ်ဆို့ ဟန့်တား နိုင်စွမ်း မရှိခဲ့ ပါဘူး ။ ဒီလို အနေအထားမှာ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ နေရာယူ ကစားပုံ ညံ့ခဲ့ သလို ဒီဂျောင် အပေါ် ဘစ်ဆာကာ ရဲ့ လူကပ် ကစားပုံ ကလည်း စိတ်ပျက် စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ ပြိုင်ဖက် အသင်းကို ဦးဆောင်ခွင့် ပေးခဲ့ ရပြီး နောက်ထပ် ဂိုးတွေ မသွင်းယူ နိုင်ခဲ့တဲ့ အတွက် နောက်ထပ် ပြိုင်ပွဲ တစ်ခု ရဲ့ ဆီမီး ဖိုင်နယ် အဆင့်မှ လှည့်ပြန် ခဲ့ရ ပါတယ် ။ ယူနိုက်တက် ရဲ့ ဒုတိယမြောက် ပေးဂိုး အပြီး မှာတော့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် နဲ့ လင်ဒီလော့ဖ် တို့ဟာ စကားများ ခဲ့ကြပါ သေးတယ် ။

အဆိုပါ အဖြစ်အပျက်ဟာ ပွဲကြည့်သူ ပရိသတ်တွေ အတွက် အတော်လေး အရုပ်ဆိုးတဲ့ အရာ ဖြစ်ခဲ့ရ ပါတယ် ။ ဒါပေမယ့် အခုတော့ ဘရူနို ဖာနန်ဒက်စ် က ပြိုင်ဆိုင်မှု ပြင်းထန် လှတဲ့ ဒီလို ပွဲစဉ်တွေ အတွင်း သွေးပူ နေတဲ့ အချိန် တွေမှာ အခုလို အနေအထားမျိုး ဖြစ်ပေါ် လာနိုင်ခြေ ရှိတတ်ကြောင်း မှတ်ချက်ပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သာမန် ကိစ္စ တစ်ခု ပါပဲ ။ ခင်ဗျား တို့ အခုလို အရေးကြီး လွန်းတဲ့ ပွဲစဉ် တစ်ပွဲ ရဲ့ အဆုံးအဖြတ် ဖြစ်စေ နိုင်မယ့် အခိုက်အတန့် မျိုးမှာ ပေးဂိုး 1 ဂိုး ပေးလိုက် ရမယ် ဆိုရင် လူတိုင်းက ရူးသွပ် သလို ဖြစ်သွား ကြမှာ အသေအချာ ပါပဲ ”

” ကျွန်တော် နဲ့ ဗစ်တာ တို့ ဖြစ်ခဲ့ ကြတာ တွေက တစ်ကယ်တော့ ဘာမှ မဟုတ် ပါဘူး ။ ဒါဟာ သာမန် ကိစ္စလေး တစ်ခု ပါပဲ ။ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး အမြင် မတူခဲ့ ကြလို ဖြစ်တာ ပါပဲ ။ ဒါတွေက အခြား အသင်းတွေ အများကြီးမှာလည်း ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာ တစ်ခု ပါပဲ ” လို့ ဘရူနို က ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ်မှာ သတင်း သုံးသပ်သူ အဖြစ် လုပ်ဆောင်ခဲ့ ကြတဲ့ ယူနိုက်တက် ကစားသမားဟောင်း အားလုံး ကတော့ ပေးဂိုးတွေ ( အထူးသဖြင့် ဒုတိယဂိုး ) အတွက် ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား လေးဦးလုံးဟာ အမှား ကိုယ်စီ ကျူးလွန်ခဲ့ ကြကြောင်း မှတ်ချက် ပေးခဲ့ ကြပါ သေးတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular