ရှက်တာဒိုးနက် ကို ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ စံချိန်သစ် တွေ ရရှိ ခဲ့ကြတဲ့ အင်တာမီလန် နဲ့ လူကာကူ

စီရီးအေ ကလပ် အင်တာမီလန် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲမှာ ယူကရိန်း ကလပ် ရှက်တာ ဒိုးနက် အသင်းကို ငါးဂိုးပြတ် အနိုင် ရသွားခဲ့တာကြောင့် ဗိုလ်လုပွဲမှာ ဆီဗီလာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

အင်တာမီလန် အသင်းဟာ ရှက်တာဒိုးနက် အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲတွင် ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် အဆင့် စံချိန်မှတ်တိုင် တစ်ခုကို စိုက်ထူ နိုင်ခဲ့ပါတယ် ။ အင်တာမီလန် အတွက် ဂိုးတွေကိုတော့ လူကာကူ၊မာတီနက်ဇ် တို့က နှစ်ဂိုးစီ နဲ့ အန်ဘရိုစီယို က သွင်းယူ ပေးခဲ့တာပါ ။

myan789

အင်တာမီလန် အသင်းအတွက် အဖွင့်ဂိုးကို အာဂျင်တီးနား အသင်း တိုက်စစ်မှူး မာတီနက်ဇ် က သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိ နဲ့ပဲ ဦးဆောင် နေခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ လူကာကူ ၊ အမ်ဘရိုစီယို ၊ မာတီနက်ဇ် တို့က ဂိုးတွေ ထပ်မံ သွင်းယူ နိုင်ခဲ့တာကြောင့် ငါးဂိုး အထိ ဂိုးပြတ် သွားခဲ့တာပါ ။

အင်တာမီလန် အသင်းရဲ့ ဂိုးပြတ် နိုင်ပွဲဟာ ယူရိုပါလိဂ်/ယူအီးအက်ဖ်အေ ဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့် ပွဲမှာ ဂိုးအပြတ်ဆုံး နိုင်ပွဲ ဖြစ်လာခဲ့ပါတယ် ။ ရှက်တာဒိုးနက် အသင်း အတွက်တော့ ၂၀၁၈ ခုနှစ်တုန်းက မန်စီးတီးကို ၆ ဂိုးပြတ် ရှုံးနိမ့်ပြီး နောက်ပိုင်း ဥရောပမှာ ဂိုးအပြတ်ဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ သွားခဲ့ရတာပါ ။

ရှက်တာဒိုးနက် အသင်း နဲ့ ပွဲမှာ သွင်းဂိုး နှစ်ဂိုးစီ သွင်းယူ နိုင်ခဲ့ကြတဲ့ လူကာကူ နဲ့ မာတီနက်ဇ် တို့ဟာလည်း ၂၀၀၄-၀၅ ခုနှစ်တုန်းက အက်ဒရီယာနို နဲ့ အိုဘာဖီမီ တို့ နောက်ပိုင်း တစ်ရာသီ အတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ နဲ့ အထက် သွင်းယူ နိုင်ခဲ့တဲ့ အင်တာမီလန် တိုက်စစ် အတွဲ ဖြစ်လာ ခဲ့ပါတယ် ။

ဘယ်ဂျီယံ တိုက်စစ်မှူး ရိုမီယို လူကာကူ ဟာ ယူရိုပါလိဂ် ၁၀ ပွဲဆက် ဂိုးသွင်း နိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့သလို အဆိုပါ ၁၀ ပွဲမှာ သွင်းဂိုး ၁၈ အထိ ပါဝင် ပတ်သက်မှု ရှိခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ၄ ဂိုး ဖန်တီး ဖန်တီး ပေးထား နိုင်ခဲ့ပါတယ် ။

လူကာကူ ဟာ ရှက်တာဒိုးနက် အသင်း နဲ့ ပွဲမှာ အင်တာမီလန် အတွက် ဒီရာသီ ပွဲ ၅၀ မြောက်ကို ကစားခဲ့ပြီး ဒါဟာ ၂၀၁၀-၁၁ ခုနှစ်တုန်းက အီတူး(၅၃) ၊ ဇနက်တီ(၅၂) တို့ နောက်ပိုင်း တစ်ရာသီတည်း ပွဲ ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး အင်တာမီလန် ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လူကာကူ ဟာ သူ့ရဲ့အင်တာမီလန် ပွဲဦးထွက်မှာ သွင်းဂိုး ၃၃ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ရိုနယ်ဒို ရဲ့ အင်တာမီလန် ပွဲဦးထွက် ရာသီတုန်းက သွင်းဂိုး ၃၄ ဂိုးကို လိုက်မှီဖို့ တစ်ဂိုးသာ လိုအပ်ပါတယ် ။

လူကာကူ ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရဖို့ ရှိနေသေးတာကြောင့် ရိုနယ်ဒို ရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ အခွင့်အရေး ရှိနေသေးပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular