ရှက်ကန်ဒီယာနှင့်ပွဲတွင် ဂိုးတိုင် (၅)စင်တီမီတာနိမ့်နေသဖြင့် စပါးအသင်း ကန့်ကွက်ခဲ့ရ

စပါးအသင်းသည် ယူရိုပါလိဂ်ခြေစစ်ပွဲ တတိယအဆင့်အဖြစ် မက်ဆီဒိုးနီးယားကလပ် ရှက်ကန်ဒီယာအသင်းနှင့်ပွဲမတိုင်မီ ဂိုးတိုင်မှာ ပုံမှန်ထက် (၅)စင်တီမီတာနိမ့်နေသဖြင့် ကန့်ကွက်ခဲ့ရကြောင်း သိရသည်။

ရှက်ကန်ဒီယာနှင့် စပါးအသင်းတို့၏ ပွဲကို ကြာသပတေးနေ့က Skopje မြို့ရှိ Tose Proeski Arena ကွင်း၌ ကျင်းပခဲ့ပြီး ဧည့်သည်စပါးအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခွင့်ရခဲ့သည်။

myan789

ယင်းပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ဂိုးတိုင်မှာ ပုံမှန်မဟုတ်ကြောင်း ဂိုးသမား ဂျိုးဟတ်နှင့် လိုရစ်တို့က အသိပေးပြောကြားလာသဖြင့် မော်ရင်ဟိုက ကိုယ်တိုင်သွားရောက်စမ်းသပ်ပြီးနောက် ပြိုင်ပွဲတာဝန်ရှိသူများအား ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ပွဲမစခင်မှာ ရယ်စရာအခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ ဂိုးက သေးနေတယ်ဆိုပြီး ကျွန်တော့်ဂိုးသမားတွေက ပြောလာလို့ပါ။ ကျွန်တော်ကိုယ်တိုင်သွားကြည့်တော့လည်း ဂိုးက တကယ်သေးနေတာ တွေ့ခဲ့ရတယ်။ ဂိုးသမားတွေက ဂိုးပေါက်ရှေ့မှာ နာရီပေါင်းများစွာနေလာတဲ့သူတွေဆိုတော့ ဂိုးရဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သူတို့သိကြတယ်။ ကျွန်တော်လည်း ဂိုးသမားတစ်ယောက်မဟုတ်ပေမယ့် ငယ်ငယ်ကတည်းက ဘောလုံးအကြောင်း သိခဲ့တဲ့သူပါ။ ဒီနေရာမှာ မတ်တတ်ရပ်ပြီး လက်ကိုဆန့်လိုက်ရင် အကွာအဝေးကို ကျွန်တော်သိပါတယ်။ ဒါကြောင့် တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းသိလိုက်တာပါ။ UEFA ကိုယ်စားလှယ်ကို အတည်ပြုခိုင်းတော့ (၅)စင်တီမီတာနိမ့်နေတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒါကြောင့် ဂိုးတိုင်တွေလဲပေးဖို့ တောင်းဆိုခဲ့တာပါ”ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

သို့သော် ယင်းကွင်းမှာ ရှက်ကန်ဒီယာအသင်း၏ အိမ်ကွင်းမဟုတ်သောကြောင့် အရေးယူခံရဖွယ်မရှိကြောင်း သိရသည်။

ရှက်ကန်ဒီယာအသင်း၏ကွင်းမှာ သတ်မှတ်ချက်များ ပြည့်မီခြင်းမရှိသောကြောင့် လက်ရွေးစင်အသင်းပွဲစဉ်များ လက်ခံကျင်းပလေ့ရှိသည့်ကွင်း၌ ကစားခဲ့ရခြင်းဖြစ်သည်။

စပါးအသင်းသည် ယူရိုပါလိဂ်ခြေစစ်ပွဲဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး Play-offs အဆင့်အဖြစ် အောက်တိုဘာ (၁) ရက်တွင် အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular