ရော်နယ်ဒိုရဲ့ ပွဲဦးထွက်ခြေစွမ်းမှ ကျဆင်းမသွားသေးတဲ့ အရည်အသွေး အချို့ကို ထုတ်ဖော် ချီးကျူးရင်း ဟာသလုပ်ခဲ့လိုက်တဲ့ ဆိုးလ်ရှာ

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အိမ်ပြန်လာလာချင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ရော်နယ်ဒို ဂိုးသွင်းယူနိုင်မလား ဆိုတဲ့ သတင်း အပေါ် လုံးဝ သံသယ မဖြစ်မိခဲ့ကြောင်း နယူးကာဆယ် နဲ့ ပွဲစဥ် အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ နယူးကာဆယ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ ခဲ့ရာမှာ တိုက််စစ်မှူးသစ် ရော်နယ်ဒိုဟာ အဖွင့်ဂိုး နဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ် ။

myan789

အခုတော့ ယူနိုက်တက်တို့ဟာ ပွဲစဥ် 4 ပွဲ ကစားပြီးချိန် 3 ပွဲနိုင် 1 ပွဲသရေ နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်ခဲ့ပါပြီ ။ ဒီပွဲ အပြီးမှာတော့ ဆိုးလ်ရှားက အသက် 36 နှစ် အရွယ် ရော်နယ်ဒိုရဲ့ ခြေစွမ်းအပေါ်မှာ သံသယ မဖြစ်ခဲ့မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ကတော့ အဲ့လိုမျိုး မထင်မိပါဘူး ။ သူဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ ။ ခရစ္စတီယာနိုဟာ လူတိုင်းကို မြှင့်တင်ပေးနိုင်တဲ့ ကစားသမားမျိုးပါ ။ သူ ရှိနေတဲ့ နေရာရဲ့ အနီးတဝိုက်က ကစားသမားတွေကို ပိုပြီး အာရုံ စူးစိုက် ကစားနိုင်အောင် လွှမ်းမိုးပေးနိုင်သူ တစ်ဦးပါပဲ ”

” သူဟာ မိမိကိုယ်တိုင် အပေါ် တောင်းဆိုမှုတွေ ထားရှိတတ်သလို အသင်းဖော်တွေနဲ့ ကျွန်တော်တို့တွေ အပေါ်လည်း တောင်းဆိုမှုတွေ ထားရှိနေတတ်သူ တစ်ဦးပါပဲ ။ ဒါ့ကြောင့်လည်း သူဟာ ဘဝမှာ ဒီလောက်အထိ လုပ်ပြနိုင်ခဲ့တာပါ ။ သူဟာ စည်းကမ်းကြီးလွန်းသူ တစ်ဦးပါပဲ ”

” သူဟာ ကစားသမား တစ်ဦးအဖြစ်နဲ့ တိုးတက်ပြီးရင်း တိုးတက်လာခဲ့သူပါ ။ သူ အသင်းကနေ ထွက်ခွာခဲ့စဥ်က ခြားနားတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သူဟာ အခုထိ ညှာတာမှု ကင်းမဲ့ဆဲ ၊ ဂိုးသွင်း သေသပ် ကောင်းမွန််ဆဲ ကစားသမား တစ်ဦးအဖြစ် အစွမ်းပြနေဆဲပါပဲ ”

” သူဟာ ပွဲစဥ်အတွင်း ကြီးမားတဲ့၊ အရေးကြီးတဲ့ အခိုက်အတန့်တွေကို အာရုံခံနိုင်စွမ်း ရှိပါတယ် ။ ဘယ်လို အချိန်မှာ ဂိုးသွင်းလို့ ရနိုင်မလဲဆိုတာကို သူကောင်းကောင်း သိနိုင်သူ တစ်ဦးအဖြစ် ရှိနေသေးဆဲပါပဲ ” လို့ ဆိုးလ်ရှားက ကျဆင်း မသွားသေးတဲ့ ရော်နယ်ဒို ရဲ့ အရည်အသွေးတွေကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့ပြီး ပွဲစဥ်မတိုင်မီ အသင်းရဲ့ ဟော်တယ်မှာ အသင်းဖော်တွေနဲ့ အတူ ရှိနေခဲ့စဥ် ရော်နယ်ဒိုဟာ Team Talk အဖြစ် ဘာတွေ ပြောခဲ့သလဲ ဆိုတဲ့ အကြောင်း အမေးခံလိုက်ရတဲ့ အခါမှာတော့ ဆိုးလ်ရှားက ​မဖြေပဲ ဟာသလုပ်ခဲ့လိုက်ပါတယ် ။

” သေချာတာပေါ့ ၊ အသင်းဆီ ရောက်လာကြတဲ့ ကစား သမားတိုင်းက သူတို့ရဲ့ အကြောင်းကို မိတ်ဆက် ပေးကြရတယ်လေ ။ သူရဲ့ နာမည်ကိုတော့ လူတိုင်း သိချင်မှ သိကြမယ် မဟုတ်လား ? လောလောဆယ်တို့ သူတို့ အဲ့တာတွေ လုပ်ခဲ့ပြီးကြပါပြီ ” လို့ ဆိုးလ်ရှား က ဟာသလုပ်ခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular