ရီးရဲ ၊ ဘာကာ ၊ အေစီ ၊ လီဗာပူး ၊ ဘိုင်ယန် တို့နဲ့ . . . ဥရောပရဲ့ အောင်မြင်မှုအရှိဆုံး ကလပ်အသင်းများ

၂၀၂၀ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဟာ သမိုင်း တွင် လောက်အောင် အလှည့်အပြောင်း တွေနဲ့ ရင်ခုန် စိတ်လှုပ်ရှားရတာမျိုးတွေမရှိခဲ့ပါဘူး။ဒါပေမယ့်လည်းဒါဟာဘိုင်ယန်မြုးနစ်ရဲ့၆ကြိမ်မြောက် ဥရောပ အရှင် သခင် ဖြစ်မှုကို မတားဆီး နိုင်ခဲ့ ပါဘူး ။ ဘိုင်ယန် ဟာ PSGကိုပေါ်တူဂီ မြေပေါ်မှာ ၁ – ၀ နဲ့ အနိုင် ကစားပြီး ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ အတွက် ဥရောပ ရဲ့ ချန်ပီယံ ဖြစ်ခဲ့ ရပါပြီ ။

ဆီမီးဖိုင်နယ်လူစာရင်းအရဗိုလ်လုပွဲမှာပါဝင်မယ်လို့ထင်မထားတဲ့ကင်းစလေကိုးမန်းဟာအသင်းဟောင်း PSG နဲ့ ပြန်ဆုံတဲ့ပွဲမှာဘိုင်ယန်အတွက်သူရဲကောင်းဖြစ်ခဲ့ပါတယ်။ဒုတိယပိုင်းတစ်လျောက် လုံး PSG ခံစစ်ကို ခြိမ်းခြောက် ခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကိုလည်းခေါင်းတိုက်သွင်းယူပေးခဲ့ ပါတယ် ။

myan789

ဒါပေမယ့် ပွဲရဲ့ အလှည့်အပြောင်း တွေ ဖြစ်စေခဲ့သူ ကတော့ ဘိုင်ယန် ဂိုးသမားကြီး နူအာ ပါပဲ ။ ၂၀၁၃တုန်းကဘိုင်ယန်နဲ့ချန်ပီယံလိဂ်ရယူခဲ့ဖူးတဲ့နူအာဟာဒီပွဲမှာလည်းပြောင်မြောက်တဲ့ကာကွယ်မှုတွေ ကို ပြုလုပ်ပြီး PSG တို့ ပွဲကို ဦးဆောင် မသွားရလေအောင် တားဆီး နိုင်ခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ဘိုင်ယန် ဟာ ချန်ပီယံလိဂ်ကို၆ကြိမ်မြောက်ရရှိစေခဲ့ပြီးသမိုင်းတစ်လျောက်တတိယ မြောက် အရေအတွက် အများဆုံး အဖြစ် လီဗာပူး နဲ့ ပူးတွဲ ရပ်တည်သွားနိုင်ခဲ့ပါတယ်။ဘိုင်ယန်ဟာ 1974, 1975, 1976 ခုနှစ်တွေ မှာ ၃ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး ၂၀၀၀ နဲ့ ၂၀၁၃ တို့မှာ ထပ်မံ ဗိုလ်စွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ဥရောပရဲ့ အခြားသော အောင်ပွဲတွေ ဖြစ်တဲ့ ယူရိုပါလိဂ် ( ယခင်UEFACup)၊ဥရောပCup Winners’Cup(လက်ရှိဖျက်သိမ်း)၊ဥရောပစူပါဖလားတွေကိုပါပေါင်းစည်းလိုက်ချိန်မှာတော့လီဗာပူး ရော ဘိုင်ယန် ပါ အဆင့်တွေ လျောကျ ခဲ့ရပါတယ်။ဒါကြောင့်ဥရောပရဲ့အောင်မြင်မှုအရှိဆုံးအသင်း ၁၀သင်းကဘယ်အသင်းတွေလဲ၊သူတို့ဘာတွေရခဲ့ကြသလဲဆိုတာကိုစုစည်းဖော်ပြပေးလိုက်ပါတယ် ။

၁၀ ။ ချဲလ်ဆီး
ချန်ပီယံလိဂ် – ၁ ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၂ ကြိမ် ၊ယူရိုပါလိဂ်၂ကြိမ်၊ဥရောပစူပါဖလား ၁ ကြိမ်

၁၀ ။ မန်ချက်စတာ ယူနိုက်တက်
ချန်ပီယံလိဂ် – ၃ ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၁ကြိမ်၊ယူရိုပါလိဂ်-၁ကြိမ်၊ဥရောပစူပါဖလား ၁ ကြိမ်

၁၀ ။ အင်တာ မီလန်
ချန်ပီယံလိဂ် – ၃ ကြိမ် ၊ ယူရိုပါလိဂ် ( UEFA Cup ) – ၃ ကြိမ်

၉ ။ ဆီဗီးလား
ယူရိုပါလိဂ် ( UEFA Cup ) – ၆ ကြိမ် ၊ ဥရောပ စူပါဖလား – ၁ ကြိမ်

7 ။ အက်သလက်တီကို မက်ဒရစ်
ယူရိုပါလိဂ် – ၃ ကြိမ် ၊ UEFA Super Cup – ၃ ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၁ ကြိမ်

7 ။ အိုင်ယက်စ်
ချန်ပီယံလိဂ် ၄ ကြိမ် ၊ ယူရိုပါလိဂ် – ၁ ကြိမ် ၊ ဥရောပ Cup Winners’Cup-၁ကြိမ်၊ဥရောပစူပါဖလား ၁ ကြိမ်

၅ ။ ဘိုင်ယန်မြုးနစ်
ချန်ပီယံလိဂ် – ၆ ကြိမ် ၊ ယူရိုပါလိဂ် ၁ ကြိမ် ၊ ဥရောပ Cup Winners’Cup-၁ကြိမ်၊ဥရောပစူပါဖလား ၁ ကြိမ်

၅ ။ ယူဗင်တပ်
ချန်ပီယံလိဂ် ၂ ကြိမ် ၊ ယူရိုပါလိဂ် ၃ ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၁ ကြိမ် ၊ အင်တာ တိုတို ဖလား – ၁ ကြိမ် ၊ ဥရောပ စူပါဖလား – ၂ ကြိမ်

၄ ။ လီဗာပူး
ချန်ပီယံလိဂ် ၆ ကြိမ် ၊ ယူရိုပါလိဂ် ၃ ကြိမ် ၊ ဥရောပ စူပါဖလား ၄ ကြိမ်

၂ ။ ဘာစီလိုနာ
ချန်ပီယံလိဂ် ၅ ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၄ ကြိမ် ၊ ဥရောပ စူပါဖလား ၅ ကြိမ်

၂ ။ အေစီ မီလန်
ချန်ပီယံလိဂ် – 7 ကြိမ် ၊ ဥရောပ Cup Winners’ Cup – ၂ ကြိမ် ၊ ဥရောပ စူပါဖလား – ၅ ကြိမ်

၁ ။ ရီးရဲ မက်ဒရစ်
ချန်ပီယံလိဂ် – ၁၃ ကြိမ် ၊ ယူရိုပါလိဂ် – ၂ ကြိမ် ၊ ဥရောပ စူပါဖလား ၄ ကြိမ်

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular